၁၉ နိုဝင်ဘာ ၂၀၁၆ - ၁၉:၄၀
(လက်ရှ်ကရ်ရေ ဂျန်ကဝီး ) ဝဟာဘီ အစွန်းရောက် အဖွဲ့  ၏ အရေးကြီး တပ်မှူး သေဆုံး

သက္က်ဖီးရီ အုပ်စု Lashkar-e-Jhangvi (လက်ရှ်ကရ်ရေ ဂျန်ကဝီး ) ဝဟာဘီ အစွန်းရောက် အဖွဲ့ ၏ အရေးကြီး တပ်မှူး ပါကစ္စတန် နိုင်ငံ အတွင်း သိရိလင်္ကာ အသင်းကို တိုက်ခိုက်သည့် အကြမ်း ဖက်အဖွဲ့ ခေါင်းဆောင် ကြိုးကိုင်ထားသူ ကာရီ အဲဂ်ျမဲလ် ခေါ် ကာရီဆပ် အသတ်ခံရသည့်သတင်း အတည်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သက်စ်နီးမ် သတင်းဌာန၏ သတင်းအထောက်အထားအရ ပြီးခဲ့သည့် လ အာဖဂန်နိစ္စတန် နိုင်ငံ တွင် အာဖဂန် စစ်တပ်၏ တိုးစစ်တစ်ခုကြောင့် ကာရီ အဲဂ်ျမဲလ် ဒဏ်ရာ ရခဲ့ကြောင်း သိခဲ့ရပါတယ်။ ၎င်းသေဆုံးကြောင်း ယနေ့ အတိပြု ပြောကြားခဲ့ပါတယ်။


အာဖဂန် နိစ္စတန် တွင် ကာရီ အဲဂ်ျမဲလ် ခေါ် ကာရီဆပ် အသတ်ခံရသည့် အဖြစ်အပျက် မှာ ပထမဆုံး အကြိမ် မဟုတ်ပါ။ ဤအဖြစ်အပျက်အရင် ပါကစ္စတန် အခြေစိုက် မြောက်များ စွာသော် သက္က်ဖီးရီး စွန်နီ အစွန်းရောက် ဝဟာဘီ အကြမ်းဖက် ၊စစ်သွေးကြွများအနေဖြင့် ပါကစ္စတန် နိုင်ငံ အတွင် လူမဆန်သည့် လုပ်ရပ်များ ၊အပြစ်မဲ့ပြည်သူများ ကို သတ်ဖြတ်ပြီးတိုင်း အာဖဂန်နိစ္စတန် နိုင်ငံ ဖက်သို့ ကူး၍ ပုန်းအောင်းလေ့ရှိပေသည်။ ပြီးနောက် အာဖဂန် စစ်တပ်၏ လက်ချက်ဖြင့် ဂျဟန္နမ် ရောက်ရောက် သွားကြရရှာပါတယ်။


ဒေသခံ သတင်း အထောက်အထားများအရ ကာရီ အဲဂ်ျမဲလ် ခေါ် ကာရီဆပ် သည် ပါစ္စတန် နိုင်ငံ အခြေစိုက် တရားမဝင် အကြမ်းဖက် အဖွဲ့ (လက်ရှ်ကရ်ရေ ဂျန်ကဝီး ) ဝဟာဘီ အစွန်းရောက် အဖွဲ့  ဝင်ဖြစ်ပြီး အရေးကြီး တပ်မှူးဖြစ်ပါတယ်။သိရိလင်္ကာ အသင်းကို တိုက်ခိုက်ပြီး ဝဇီရေစ်စတန် သို့ ထွက်ပြေး သွားပြီး တရားမဝင် ပါကစ္စတန် တာလီဘန် ခေါင်းဆောင် ဟကီးမ်မွလ္လာဟ် မဲဟ်စူဒ် နှင့်တွေ့ဆုံပြီး ၎င်းအဖွဲ့ တွင်ခိုလုံခဲ့ပါတယ်။


ကာရီ အဲဂ်ျမဲလ်ပန်ဂျာဗ် ပြည်နယ်သား ဖြစ်ပါတယ်။ တိုးစစ်အတွင်း အကြမ်းဖက်အဖွဲ့၏ အရေးကြီး တပ်မှူး ၃ ဦးကိုလည်း ဖမ်းချုပ် နိုင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

===============
251 / End