၂၁ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၀
စစ်ကိုင်းတိုင်း ခရိုင်လေးခုတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ခရိုင်ကိုးခုအနက် ခရိုင်လေး ခုတွင် သဘာဝဘေးအန္တရာယ်ဆိုင် ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ပစ္စည်းငါးမျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ခရိုင်ကိုးခုအနက် ခရိုင်လေး ခုတွင် သဘာဝဘေးအန္တရာယ်ဆိုင် ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ပစ္စည်းငါးမျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။

ကာလတန်ဖိုး ကျပ် ၁၉၇ သိန်းခန့်ရှိ နယ်သာလန်နိုင်ငံထုတ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းငါးမျိုးအား မုံရွာ၊ စစ်ကိုင်း၊ ရွှေ ဘို၊ ကသာစသည့်ခရိုင်မြို့ကြီး ငါးခုတွင် အသုံးပြုရန် ထောက်ပံ့ ပေးအပ်ပွဲကို နိုဝင်ဘာ ၁၉ ရက် က မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံး၌ ကျင်းပခဲ့သည်။

‘‘ဘေးအန္တရာယ်ဖြစ်ပေါ်တဲ့ အချိန်တွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ပေး အပ်တာပါ’’ဟု စစ်ကိုင်းတိုင်းဒေ သကြီး မီးသတ်ဦစီးဌာန တိုင်းမီး သတ်ဦးစီးမှူး ဦးမင်းစမ်းအေးက ပြောသည်။

ရှာဖွေကယ်ဆယ်ရေး လုပ် ငန်းသုံး ပစ္စည်းများ လက်တွေ့အ သုံးချလေ့ကျင့်ခြင်း လုပ်ငန်းများ ကို စစ်ကိုင်းတိုင်းဒေသကြီး မီး သတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ ရာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကသာ စသည့် ခရိုင်လေးခုမှ သန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၅၀ ဦးတက်ရောက်လေ့ကျင့်ခဲ့သည်။

သဘာဝဘေးကျရောက်ချိန် တွင် ပိတ်မိနေသော အရာဝတ္ထု များ မရန်အသုံးပြုသည့် လေအိတ် ကိရိယာ၊ ဘေးအန္တရာယ် ကျ ရောက်ချိန်တွင် ပိတ်မိနေသော သံ လုံး၊ သံချပ်များကို ဖြတ် တောက်နိုင်သည့် ကိရိယာ၊ ယာဉ်မတော်တ ဆမှုများ၊ သဘာဝဘေးကြုံတွေ့ ရချိန်တွင် ပိတ်မိနေသော  အရာ ၀တ္ထုများကို အကွာအဝေးတစ်ခုအထိ ဆွဲဆန့်တွန်းထုတ်နိုင်သည့် ကိရိယာ၊ ပိတ်မိနေသော အကျဉ်းအကျပ်ဖြစ်စေသည့် အရာဝတ္ထု များကို ဆန့်ထုတ်နိုင်သည့် ကိရိ ယာ၊ ဟိုက်ဒရောလစ် အသုံးပြု စက်ပစ္စည်း၊ ဟိုက်ဒရောလစ်စက်ပစ္စည်းများတွင် တပ်ဆင်အသုံး ပြုရသော ကိရိယာတို့ ထောက်ပံ့ ခဲ့ခြင်း ဖြစ်သည်။

‘‘သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွေသာမက ယာဉ်မ တော်တဆမှုတွေပါ ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ ရှိတော့ ထိထိရောက်ရောက် ကူ ညီဆောင်ရွက်နိုင်တာပေါ့။ အရေး ပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့ လိုအပ်လာရင် နီး စပ်ရာ မီးသတ်ဦးစီးဌာနကို အ ကြောင်းကြားပေးပါ’’ဟု မုံရွာခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။

ကလေး၊ တမူး၊ ယင်းမာပင်၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာမြို့ကြီး များတွင် ရှာဖွေကယ်ဆယ်ရေး စက်ပစ္စည်းများ၌ အသုံးပြုသည့် ကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ ဂျာမနီနိုင်ငံထုတ် လေဖြည့်တင်းစက်တစ်လုံးစီ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

===================    
251 / End