အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ၏ အဓိက အပြောင်းအလဲကို ပြရမည်ဆိုပါ က လူထုအာဏာကို လူထုလက် ထဲ ပြန်လွှဲအပ်နိုင်ခြင်းက အရေး ကြီးဆုံး အပြောင်းအလဲဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အ မျိုးသားအောင်ပွဲနေ့ အခမ်းအနား တွင် ပြောကြားသည်။
ပြည်သူလူထုအနေဖြင့် ၎င်း တို့ အာဏာကို ပြန်လည်ရရှိလာ ၍ မိမိတို့လိုချင်သည့် စနစ်ပုံစံကို မိမိတို့ ပုံဖော်လာနိုင်ခဲ့ကြပြီဟု ၎င်းက ဆိုသည်။
‘‘မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှုနဲ့ လူထု အာဏာကို လူထုလက်ထဲ ပြန်လွှဲအပ်နိုင်ခဲ့တဲ့ အပြောင်းအလဲဟာ အရေးကြီး ဆုံးအပြောင်းအလဲတစ်ရပ်ဖြစ်ပါ တယ်။ လူထုတစ်ရပ်လုံးဟာ ကိုယ်လိုချင်တဲ့အချက်ကို ပြော နိုင်ဆိုနိုင်ဆွေးနွေးနိုင်ပြီး ကိုယ်ပုံ ဖော်ချင်တဲ့စနစ်တစ်ခုကို ပုံဖော် ခွင့်ရလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုး ပမ်းကြရဦးမှာဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
အမျိုးသားအောင်ပွဲနေ့ အ ခမ်းအနားကို အစိုးရသစ်လက် ထက် ပထမဆုံးအကြိမ်အဖြစ် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က အဖွင့်အ မှာစကားများ ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ နာယက ဦးတင်ဦးက မြန်မာနိုင်ငံတွင် လက်ရှိအချိန် ကာလ၌ ငြိမ်းချမ်းရေးအပါအ၀င် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရ သော်လည်း အားလုံးပူးပေါင်းမှု ဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို နို ၀င်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲ ခန့်ကစတင်ခဲ့ပြီး ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်များကလည်း စစ် ကြောင်းများဖြင့် လမ်းလျှောက် ချီ တက်ကာ တက်ရောက်ခဲ့ကြ သည်။
အဆိုပါစစ်ကြောင်းများအ ပါအ၀င် တက်ရောက်လာသည့်ပရိသတ်အရေအတွက် နှစ်ထောင်ကျော်ရှိခဲ့ကြောင်း ပွဲကျင်းပရေးအဖွဲ့ဝင်များက ဆိုသည်။
ယင်းအခမ်းအနားမစတင် ခင် (နိုဝင်ဘာ ၂၄ ရက်) နေ့လယ် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈/ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တကသ/ဗကသကျောင်းသား၁၀၀ ကျော်တို့သည် ကြေးသွန်းဘုရားမှ စတင်၍ ဗဟန်း ဦးအရိယကျောင်းတိုက်ရှိ သပိတ်မှောက်ကျောင်းသားများ ကျောက်တိုင်သို့ အလေးပြုပြီး ရွှေတိဂုံစေတီအား တစ်ပတ်ပတ်လှည့်လည်ကာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောက်စာတိုင်ကို အလေးပြုပြီးနောက် ပြည်သူ့ရင်ပြင်သို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။
===================
251 / End
၂၅ နိုဝင်ဘာ ၂၀၁၆ - ၂၀:၃၀
News ID: 794270
မြန်မာနိုင်ငံ၏ အဓိက အပြောင်းအလဲကို ပြရမည်ဆိုပါ က လူထုအာဏာကို လူထုလက် ထဲ ပြန်လွှဲအပ်နိုင်ခြင်းက အရေး ကြီးဆုံး အပြောင်းအလဲဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အ မျိုးသားအောင်ပွဲနေ့ အခမ်းအနား တွင် ပြောကြားသည်။