အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းတံတားမှာ မိုင်း ၁ လုံးပေါက်ကွဲပြီး KIA တပ်ဖွဲ့ဝင် တဦးဖမ်းဆီးရမိတယ်လို့ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ပန်ခမ်းတံတားအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းတုန်း လက်လုပ်မိုင်း ၁လုံးတွေ့ရှိပြီး တံတားပေါ်မှာ သင်္ကာဖွယ်ရာ အမျိုးသားတဦးတွေ့ရှိလို့ စိစစ်ခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့က တပ်သားအဆင့်ရှိသူ ဂန်မွန်း(ဘ) ဦးနေဂဒေါင်၊ ပန်ဂျတ်ရွာ၊ မန်ဝိန်းကြီးအုပ်စု၊ ဗန်းမော်မြို့နယ် နေထိုင်သူ ဖြစ်ကြောင်း သိရှိခဲ့ရ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မနေ့ညကလည်း ပန်ခမ်းတံတားနားမှာ ဆိုင်ကယ်စီး အမျိုးသား ၃ ဦးက မိုင်းတလုံးပစ်ချ ဖောက်ခွဲခဲ့ပြီး ဆိုင်ကယ်မောင်းပြေးခဲ့ပါတယ်။
===================
251 / End
၂၇ နိုဝင်ဘာ ၂၀၁၆ - ၁၆:၂၀
News ID: 794674
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းတံတားမှာ မိုင်း ၁ လုံးပေါက်ကွဲပြီး KIA တပ်ဖွဲ့ဝင် တဦးဖမ်းဆီးရမိတယ်လို့ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပါတယ်။