အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိုးကုတ်မြို့ အရန်မီး သတ်တပ်ဖွဲ့တွင် ဒုတိယတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည့် အသက် (၈၂)နှစ်အရွယ် ဦးသာ ဌေးနှင့် တပ်ဖွဲ့ဝင်ခြောက်ဦး တို့ကို တပ်ဖွဲ့အမည်ဖြင့် အငှား ဂရန်ပေါက်မြေပေါ်တွင် ဆိုင်ခန်း ငှားရမ်းလုပ်ကိုင်နေသူသုံးဦးက လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က တရားစွဲထားသည့်အမှုကို ပိတ်သိမ်းစေ လိုကြောင်း မိုးကုတ်မြို့ဒေသခံ များက ပြောသည်။
နိုဝင်ဘာ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် မြို့လူထု၏ ဆန္ဒ သဘောထားထုတ်ပြန်ကြေညာပွဲ သို့ တက်ရောက်လာသည့် မိုး ကုတ်ဒေသခံ ၅၀၀ ခန့်ရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းက စွဲဆိုထားသည့်အမှုများကို ပြန်လည်ရုပ်သိမ်းပေး ရန် တောင်းဆိုခဲ့ကြသည်။
‘‘လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် ကတည်းက အရန်မီးသတ်ပိုင်မြေ ပေါ်မှာ ဆိုင်ခန်းငှားထားသူသုံးဦး ကို မီးသတ်အဆောက်အအုံ ဆောက်လုပ်မှာမို့လို့ ဖယ်ပေးဖို့ ပြောခဲ့တယ်။ ကားတွေရော၊ ပစ္စည်းတွေရော ဒီအတိုင်းထား တော့ ပျောက်တာတွေဖြစ်တယ်။ ဒါကြောင့် ဝင်းခတ်လိုက်တယ်။ ငှားထားတဲ့ သက်တမ်းကလည်း ကုန်နေတာကြာနေပြီ။ သူတို့ကို ဖယ်ခိုင်းပြီး နှစ်ချီကြာမှ ဝင်းထရံ ကာတာတွေ၊ ဖယ်ခိုင်းတာတွေက သူတို့ကို အများကြီးနစ်နာစေပါ တယ်ဆိုပြီး နစ်နာကြေးရလိုမှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တိုင်တန်း ထားခြင်းဖြစ်ပါတယ်’’ဟု မိုးကုတ် မြို့နယ် အရန်မီးသတ်အဖွဲ့ တပ် ခွဲ (၃)မှ ဒုတပ်ခွဲမှူး ဦးစိန်သူက ပြောသည်။
တပ်ဖွဲ့အမည်ဖြင့် အငှား ဂရန်ပေါက် ၀ ဒသမ ၁,၃၃၄ ဧက ရှိသည့် မြေနေရာတွင် အရန် မီးသတ်တပ်ဖွဲ့အတွက် လိုအပ် သည့် မီးသတ်ယာဉ်များ၊ မီးသတ် ကိရိယာများ ဖြည့်ဆည်းနိုင်ရေး ရန်ပုံငွေရှာဖွေသည့်အနေဖြင့် လူသုံးဦးတို့ကို လစာဖြင့် ဆိုင်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မီးသတ်ဦးစီးဌာနပိုင်မြေ များကို အငှားချပေးခြင်းဖြင့် ဝင် ငွေရှာခွင့်မပြုဟူသည့် မီးသတ် ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဈေးဆိုင်သုံးဆိုင်ကို ဖယ်ရှားပေးရန်ညွှန်ကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ပိုင် ပစ္စည်းများ လုံခြုံရေးအတွက် ဝင်း ခြံခတ်ခြင်း ဆောင်ရွက်ခဲ့ရာ တပ် ဖွဲ့ဝင်ခုနစ်ဦး တရားစွဲခံရခြင်းဖြစ် ကြောင်း ဦးစိန်သူက ရှင်းပြသည်။
အရန်မီးသတ်တာဝန်ခံ (တပ်ရင်းမှူး)အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးသာဌေးနှင့် အခြားတပ်ဖွဲ့ဝင်ခုနစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ပိုင်မြေပေါ်တွင် မြေငှားနေထိုင်သူများက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၄၁၊ ၄၂၇တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထား ကြောင်း ဒေသခံများထံမှ သိရ သည်။
အရန်မီးသတ်တပ်ဖွဲ့ဝင် များအား တရားစွဲဆိုထားသည့် အမှုများကို မိုးကုတ်ဒေသခံများက ပိတ်သိမ်းပေးစေလိုကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးကြည်ဝင်းက ပြော သည်။
မီးသတ်တပ်ဖွဲ့ဝင်ခုနစ်ဦးအား တရားစွဲဆိုထားသူများကိုလည်း မီးသတ်ဦးစီးဌာနက အစိုး ရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက် ဥပဒေဖြင့် ပြန်လည်တရားစွဲဆို ရန် စီစဉ်လျက်ရှိပြီး ဗဟိုမီးသတ် ဦးစီးဌာနမှ ညွှန်ကြားချက်ရရှိ ထားကြောင်း မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိန်မြင့် က ပြောသည်။
===================
251 / End
၂၇ နိုဝင်ဘာ ၂၀၁၆ - ၁၈:၁၂
News ID: 794713
မိုးကုတ်မြို့ အရန်မီး သတ်တပ်ဖွဲ့တွင် ဒုတိယတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည့် အသက် (၈၂)နှစ်အရွယ် ဦးသာ ဌေးနှင့် တပ်ဖွဲ့ဝင်ခြောက်ဦး တို့ကို တပ်ဖွဲ့အမည်ဖြင့် အငှား ဂရန်ပေါက်မြေပေါ်တွင် ဆိုင်ခန်း ငှားရမ်းလုပ်ကိုင်နေသူသုံးဦးက လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က တရားစွဲထားသည့်အမှုကို ပိတ်သိမ်းစေ လိုကြောင်း မိုးကုတ်မြို့ဒေသခံ များက ပြောသည်။