၂ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၂၇
ဒုသမ္မတနှင့်လုပ်ငန်းရှင်များတွေ့ဆုံပွဲ ပထမဆုံးအကြိမ်ကျင်းပ

ဒုတိယသမ္မတဦးမြင့် ဆွေဦးဆောင်သည့် အစိုးရအဖွဲ့ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လစဉ်တွေ့ဆုံပွဲကို ပထမဆုံးအ ကြိမ်ကျင်းပရာလုပ်ငန်းရှင်များ က လက်ရှိကြုံတွေ့နေရသည့်ငွေ လဲနှုန်းမြင့်တက်နေမှု၊ တရားမ၀င် ကုန်သွယ်မှု၊ ပို့ကုန်မြှင့်တင်ရေး အပါအ၀င် ကဏ္ဍလေးခုကို စီးပွား ရေးလုပ်ငန်းရှင်များက အဓိကတင်ပြဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒုတိယသမ္မတဦးမြင့် ဆွေဦးဆောင်သည့် အစိုးရအဖွဲ့ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လစဉ်တွေ့ဆုံပွဲကို ပထမဆုံးအ ကြိမ်ကျင်းပရာလုပ်ငန်းရှင်များ က လက်ရှိကြုံတွေ့နေရသည့်ငွေ လဲနှုန်းမြင့်တက်နေမှု၊ တရားမ၀င် ကုန်သွယ်မှု၊ ပို့ကုန်မြှင့်တင်ရေး အပါအ၀င် ကဏ္ဍလေးခုကို စီးပွား ရေးလုပ်ငန်းရှင်များက အဓိကတင်ပြဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲကို ယမန်နေ့ကမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ကျင်းပပြီး ဒုတိယသမ္မတဦးမြင့်ဆွေ၊ စီးပွားရေးနှင့်စီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦီးကျော်ဝင်း၊ ရန်ကုန်တိုင်း ဒေသ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊  မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါက်တာဆက်အောင်စသော အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

စီးပွားရေးမူဝါဒ ၁၂ချက်ကို အခြေခံပြီး မကြာမီကပြဋ္ဌာန်းထား သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလိုအပ်သည့်မူဝါဒများ၊ နည်းဥပဒေများကို ဇန်န၀ါရီလ ဆန်းတွင် ပြဋ္ဌာန်းနိုင်မည်ဟု ဒုတိ ယသမ္မတက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်  ရန် ဇုန်များခွဲခြားပြီး အခွန်ကင်းလွတ်ခွင့်ပြုပေးမည့်အစီအစဉ်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ရေးဆွဲထားသည့်မူဝါဒမူဘောင်(၅)ချက်တို့ကိုလည်း ဒုတိယသမ္မတက ရှင်းပြသည်။

 စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ အကြံပြုချက်များ ဖိတ်ခေါ်သည်။

လုပ်ငန်းရှင်များက တရားမ ၀င်ကုန်သွယ်မှုကဏ္ဍ၊ လက်ရှိဖြစ် ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်း ကိစ္စ၊ ပို့ကုန်မြှင့်တင်ရေးကဏ္ဍ၊ လျှပ်စစ်ဖြန့်ဖြူးရေးကဏ္ဍ၊ ရန် ကုန်မြို့သစ်စီမံကိန်းအခြေအနေ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရန်စီ စဉ်ထားသည်။

ဆွေးနွေးပွဲကို အချိန်နှစ်နာရီ ခန့်သတ်မှတ်ထားပြီး ကဏ္ဍတစ်ခု လျှင် ဆွေးနွေးရန်အချိန် ၁၀မိနစ် ခန့်ပေးထားသည်။ သို့သော် ဆွေး နွေးပွဲတွင် သတ်မှတ်ချိန်ကျော် လွန်ခဲ့သောကြောင့်လျှပ်စစ် ဖြန့်ဖြူးရေးကဏ္ဍကို ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

ပုဂ္ဂလိကကဏ္ဍအတွက် ဆွေးနွေးမှုတွင်  ကုန်သည်စက်မှု အသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးဝေ ဖြိုးက တရားမ၀င်ကုန်သွယ်မှုနှင့် ပတ်သက်၍ စစ်တမ်းပြုစုထားမှု အခြေအနေကို တင်ပြသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းကိစ္စနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက တင်ပြဆွေးနွေးသည်။

‘‘ငွေလဲနှုန်းမြင့်တက်နေမှုကို ထိန်းဖို့အတွက် ဗဟိုဘဏ်က၀င် ဟန့်ပေးဖို့လိုပါတယ်’’ဟု ဦးခင် မောင်အေးကပြောသည်။

ပို့ကုန်မြှင့်တင်ရေးကဏ္ဍ တွင် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာစိုး ထွန်းက လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးအပါအ၀င် အချက်ရှစ်ချက်ကိုတင်ပြခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းဥက္ကဋ္ဌဦးထွန်းလွင်က လက်ရှိဈေးကွက်အခြေအနေနှင့် ပဲမျိုးစုံဈေးကွက်အလားအ လာကို တင်ပြခဲ့သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌဦးမြင့်စိုးကလက်ခစား လုပ်ငန်းများ(CMP)သီးသန့်ဇုန် သတ်မှတ်ပြီးတည်ထောင်နိုင်ရေး ကိုတင်ပြသည်။ ရန်ကုန်မြို့သစ်စီ မံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင် ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌဦးသာအေးက လည်း စီမံကိန်းမြေစီမံခန့်ခွဲမှုကို အစိုးရအနေဖြင့်သာ ကိုင်တွယ် ရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းကလည်း စီမံကိန်း တွင် ပါဝင်ခွင့်ရရန်တင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်က ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြေကိုအစိုးရကသာ စီမံခန့်ခွဲမည်ဖြစ်ပြီး အဆောက်အအုံများ တည်ဆောက်အကောင်အ ထည်ဖော်မှုအပိုင်း၌ လုပ်ငန်းရှင်များအားလုံးပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်ဟု ပြောကြားသည်။

===================    
251 / End