အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း ပြောခဲ့ပြီး မြန်မာနိုင်ငံရဲ့အတွင်းရေးကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်သွားရန် မရှိပါဘူးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ကြီးဝမ်ယီက မြန်မာငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဦးတင်မျိုးဝင်းနှင့် တွေ့ဆုံစဉ် ပြောသည်။
တွေ့ဆုံမှုမှာ ၀မ်ယီ(Wang Yi)က မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေသော အခြေအနေများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့စိုးရိမ်မှုကိုဖော်ပြခဲ့ကာ “ ပဋိပက္ခအတွင်းမှာ ပါဝင်ပတ်သက်ကြသူတွေအနေနဲ့ လက်ရှိစစ်ရေး နှင့်ဖြေရှင်းနေမှုများကိုရပ်တန့် သွားရန်လိုအပ်ပြီး သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာစေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာရန်လိုအပ်သည်” ဟု ပြောခဲ့သည်။
ဦးတင်မျိုးဝင်းက မြန်မာဘက်မှ ပြည်တွင်းငြိမ်းချမ်းရေးကို မြှင့်တင်လုပ်ဆောင်သွားရန် ရှိကြောင်း၊ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုနှင့်ပက်သက်၍ မြန်မာနိုင်ငံမှ အလေးအနက်ထားပြီး မြောက်ပိုင်းက တင်းမာမှုတွေကို လျော့ပါးစေဖို့အားထုတ်ကြိုးပမ်းနေကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးမှ ဦးတင်မျိုးဝင်းနှင့်ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ်များအား ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်မှာ တွေ့ဆုံခြင်း ဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၀န်ကြီး ၀မ်ယီနှင့်တွေ့ဆုံခြင်းမတိုင်မီ တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လုကျန်မင်း(Liu Zhenmin) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှအရေးအထူးသံတမန် ဆန်ဂေါ်ရှင်း(Sun Guoxiang) နှင့်လည်း တွေ့ဆုံခဲ့သည်။
===================
251 / End
၂ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၄၅
News ID: 795610