အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြင်သစ်မြန်မာယဉ် ကျေးမှုဆက်ဆံရေး (၅၅)နှစ် မြောက်အထိမ်းအမှတ် ‘မင်္ဂလာ ပါ’ ပွဲတော် ဒုတိယနေ့ဖျော်ဖြေပွဲ ကို မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပခဲ့ရာ ပထမဦးဆုံးနေ့ထက် လူစိတ်ဝင်စားမှု ပိုမိုများပြားပြီး ကြည့်ရှုသူများဖြင့် စည်ကားခဲ့ သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင် ဝါးရုပ်သေးရုပ်ကြီးနှစ်ရုပ် ပြုလုပ်ကာ လှည့်လည်ဖျော်ဖြေခဲ့ပြီး ဒုတိယနေ့အစီအစဉ်အဖြစ် ရန်ကုန်မြို့ဝါးတန်းလမ်းမှ မဟာဗန္ဓုလပန်းခြံအထိ ရုပ်သေးရုပ်ကြီးများ စီတန်းလှည့်လည်ခဲ့ပြီး ညနေပိုင်း၌ မြို့တော်ခန်းမရှေ့၌ ဆပ်ကပ်များ၊ ဖျော်ဖြေပွဲများ၊ စတိတ်ရှိုးများကို ည ၁၀ နာရီခွဲအထိ ပြုလုပ်ခဲ့ရာ လာရောက်ကြည့်ရှုသူ များဖြင့် စည်ကားခဲ့သည်။
‘‘အခု အရုပ်ကြီးနှစ်ရုပ်ကို မြင်ဖူးချင်လို့ရယ်၊ ဖျော်ဖြေပွဲတွေ ရှိတယ်ဆိုလို့ သွားဖြစ်တာပါ။ ရန် ကုန်မှာက အခမဲ့ ဖျော်ဖြေပွဲတွေ ကြီးကြီးမားမားလုပ်တာ သိပ်မရှိ ဘူးလေ။ ပရိုဂျက်တာတွေနဲ့ ထိုးပြတာတွေ၊ ဆိုင်းဝိုင်းနဲ့ အနောက် တိုင်းဂစ်တာတီးတာတွေ၊ ပြီးတော့ဆပ်ကပ်တွေပြသွားတာ တအား မိုက်ပါတယ်’’ဟု ဧရာဝတီဘဏ်ဝန်ထမ်း မရွှေစင်မိုးဆွေက ပြောသည်။
အဆိုပါဝါးရုပ်သေးရုပ်နှစ်ခု ကို စောဖြိုးနှင့် ရွှေမိဟု အမည် ပေးထားပြီး ရန်ကုန်မြို့တွင် ဒီဇင် ဘာ ၂ ရက်က စတင်ကာ သုံးရက်တာ ဖျော်ဖြေနေခြင်းဖြစ်သည်။ပြင်သစ်ပညာရှင်များနှင့် မြန်မာလုပ် အားပေးလူငယ်များက ထိန်းချုပ်ပြီး လှည့်လည်ကပြခြင်းဖြစ်ကာ ဒီဇင်ဘာ ၄ ရက်တွင် မြေနီကုန်း ခုံးကျော်တံတားပေါ်၌ အဆိုပါရုပ် သေးရုပ်ကြီးနှစ်ရုပ်ဖြင့် ကပြတင်ဆက်မည်ဖြစ်သည်။ အဆိုပါပွဲကျင်းပနေစဉ်အတွင်း မြေနီ ကုန်းလမ်းဆုံရှိ ယာဉ်ကြောများကိုပိတ်ဆို့ထားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ထို့အပြင် ညပိုင်းအစီအစဉ်အနေဖြင့် စတိတ်ရှိုးပွဲများနှင့် ပြည်သူ့ရင်ပြင်တွင် ‘မင်္ဂလာပါ’ အခမ်းအနားပိတ်ပွဲကို ကျင်းပမည်ဖြစ်ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်သည်။

===================
251 / End