အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဆီယံဒေသတွင်းရှိ ဆန်ဝယ်ယူနေသည့် နိုင်ငံများကို မြန်မာနိုင်ငံက တင်ဒါစနစ်ဖြင့် ဆန်ရောင်းချနိုင်ရန် အစိုးရချင်း သဘောတူညီမှုစာချုပ်များ မကြာ မီ အသစ်ပြန်လည်ချုပ်ဆိုမည်ဟု သတင်းရရှိသည်။
အာဆီယံဒေသတွင်း နိုင်ငံ များဖြစ်သော ပြည်ပမှ နှစ်စဉ် ဆန်တန်ချိန် တစ်သန်းခွဲခန့် တင် သွင်းနေရသည့် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားနိုင်ငံ အစိုးရက ခေါ်ယူ သည့် ဆန်တင်ဒါများတွင် မြန်မာနိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင် မြင့်က ပြောသည်။
အစိုးရချင်း သဘောတူညီမှု စာချုပ်များသည် ဆန်တင်သွင်း သည့် နိုင်ငံများတွင် အရေးကြီး ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေ သည့် ဆန်ကုန်သည်အချို့ကဆို သည်။ ဆန်တင်သွင်းနေသည့် နိုင်ငံများမှ အစိုးရတင်ဒါများ ခေါ် ယူရာတွင် အစိုးရချင်း သဘောတူ ညီချက်ဖြင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိပါက ဆန်ရောင်းချသည့် အ ခွင့်အရေးရရှိမည်မဟုတ်ကြောင်း ၎င်းတို့က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရောင်းချသည့် ဆန်ဈေးနှုန်းသည် ပြည်တွင်းငွေ လဲနှုန်းကြောင့် နိုင်ငံတကာဆန် ဈေးကွက်တွင် ဈေးနှုန်းအနည်း ဆုံးဖြစ်နေကြောင်း ဆန်ကုန် သည်များက ဆိုသည်။
ထို့ကြောင့် ပြည်ပသို့ ဆန် ရောင်းချရန် သင်္ဘော ၁၀ စီးစာ ခန့်ကို ယခုကာလတွင် စာချုပ် ချုပ်ဆိုထားပြီး ၂၀၁၆ ဘဏ္ဍာနှစ် ကုန်ချိန်၌ တန်ချိန် သုံးသိန်းခန် တင်ပို့နိုင်မည်ဟု ခန့်မှန်းကြ သည်။
===================
251 / End
အာဆီယံဒေသတွင်း တင်ဒါစနစ်ဖြင့် ဆန်ရောင်းချရန် အစိုးရချင်းသဘောတူစာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရန် စီစဉ်
၅ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၁၈
News ID: 796232
အာဆီယံဒေသတွင်းရှိ ဆန်ဝယ်ယူနေသည့် နိုင်ငံများကို မြန်မာနိုင်ငံက တင်ဒါစနစ်ဖြင့် ဆန်ရောင်းချနိုင်ရန် အစိုးရချင်း သဘောတူညီမှုစာချုပ်များ မကြာ မီ အသစ်ပြန်လည်ချုပ်ဆိုမည်ဟု သတင်းရရှိသည်။