၆ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၀၆
ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်၌ ဒေါက်တာအေးမောင် ဝင်ပြိုင်မည်

ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာအေး မောင်သည် ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၄ ရက်၌အမည်စာရင်းတင်သွင်း ခဲ့ကြောင်းသတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာအေး မောင်သည် ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၄ ရက်၌အမည်စာရင်းတင်သွင်း ခဲ့ကြောင်းသတင်းရရှိသည်။

လူထုတောင်းဆိုမှုများရှိ၍ ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ထောက်ခံချက်ဖြင့် အမ်းမြို့ နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခြင်း ဖြစ်ကြောင်း ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

‘‘ဒေသိယစကားလေးတွေ ကွဲတာရှိတယ်။ ချင်းတိုင်းရင်း သားတွေလည်း တော်တော်များ များရှိတယ်။ တပ်မတော်ဘက်က လည်း မိသားစုတွေများတယ်။ ANP အနေဖြင့် တော်တော်လေး risk(စွန့်စားပြီး) ယူပြီးပြိုင်ရတာ ဖြစ်တယ်။ နိုင်ဖို့လည်းလိုတယ်’’ ဟု ဒေါက်တာအေးမောင်က ဆို သည်။ ဆက်လက်၍ ‘‘နိုင်ဖို့အ တွက် အရေးကြီးတဲ့ နေရာမှာ ဇာတ်ကောင်တွေရွေးတဲ့အခါ ကျွန်တော်တို့ CEC ဘက်က ဆုံး ဖြတ်တာရှိတယ်။ ကော်မရှင်တစ် ခုဖွဲ့ပြီးတော့ ကျေးရွာအုပ်စုကြီး တွေသွားပြီးတော့ လူထုသဘော ထားတောင်းခံတာပေါ့။ ခုနအခြေ အနေ အကြောင်းကြောင်းတွေ ကြောင့် နိုင်ဖို့လည်း လိုအပ်တယ် ဆိုတဲ့ အခြေအနေမှာ လူထု တောင်းဆိုမှုတွေလည်း ရှိလာပါ တယ်။ ဝင်ပြိုင်စေချင်တဲ့သဘော တွေပြောတယ်။ ဝင်ပြိုင်မှပဲ အနိုင် ရနိုင်တဲ့ အခြေအနေက ပိုအား ကောင်းတယ်ဆိုတဲ့အပေါ်မှာ သူ တို့ဘက်က တောင်းဆိုတဲ့အခါမှာ လေ့လာသုံးသပ်တဲ့ကော်မရှင်က ပါတီဌာနချုပ်ကို သဘောထား လေးတွေနဲ့တင်တယ်။ ကျွန်တော် တို့ကလည်း လူထုသဘောထား ကို ငြင်းပယ်တဲ့ပါတီလည်းမဟုတ် ဘူးလေ။ နိုင်ရမယ်ဆိုတဲ့အနေအ ထားကလည်း လိုအပ်တယ်လေ’’ ဟု ဒေါက်တာအေးမောင်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရခြင်းနှင့်ပတ်သက်၍ ရှင်းပြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရုံးစိုက်ရာ အမ်းမြို့နယ်တွင် မဲပေးခွင့်ရှိသူနှစ်သောင်းကျော်ရှိ ပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက် ပွဲ၌ ပြည်ခိုင်ဖြိုးပါတီနှင့် ရခိုင် အမျိုးသားပါတီ(ANP)တို့က နှစ် နေရာစီ အနိုင်ရရှိခဲ့သည်။

တပ်မတော်သားနှင့်တပ်မိ သားစုဝင် အများအပြားရှိသည့် အမ်းမြို့နယ်တွင် ANP အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၊ အာဏာရအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NL D)တို့နှင့် အဓိကယှဉ်ပြိုင်ရဖွယ် ရှိကြောင်း လေ့လာသူများက သုံး သပ်ထားသည်။

လစ်လပ်မဲဆန္ဒနယ်များအ တွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး မဲဆန္ဒနယ် ၁၉ နေရာ ရှိကြောင်း သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ရလဒ်ကောင်းရရှိမည်ဟု မျှော် မှန်းထားကြောင်း ANP ဥက္ကဋ္ဌက ပြောသည်။

===================    
251 / End