၆ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၂၄
ပြည်တွင်းလေကြောင်းလိုင်းအားလုံး လေဆိပ်သစ်တွင် ပြောင်းရွှေ့ပြေးဆွဲရမည်

မြန်မာနိုင်ငံ ပြည်တွင်းမြို့တွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအားလုံး လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်ပြည်တွင်းလေဆိပ်သစ် Terminal-3 ကို အပြီးရွှေ့ပြောင်းပြေးဆွဲရမှာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ ပြည်တွင်းမြို့တွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအားလုံး လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်ပြည်တွင်းလေဆိပ်သစ် Terminal-3 ကို အပြီးရွှေ့ပြောင်းပြေးဆွဲရမှာ ဖြစ်ပါတယ်။

ရန်ကုန်ပြည်တွင်းလေဆိပ် အဆောင်သစ် Terminal-3 ကို ဒီဇင်ဘာ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး လေဆိပ်သစ်မှာတော့ ပြည်တွင်းလေကြောင်းလိုင်း ၉ လိုင်း ပြေးဆွဲသွားမှာပါ။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က “အခုလက်ရှိ Domestic Terminal တွေက Terminal အနေနဲ့ ဆောက်ထားတာ မဟုတ်ဘူး။ အရေးပေါ်အနေနဲ့သာ အရင်တုန်းက Domestic Terminal အဟောင်းကို ဖျက်ပြီးတော့ အရေးပေါ် သုံးနေရတာပေါ့နော်။ အခု အဲဒီအတွက် သုံးနေရတဲ့အခါမှာ ခရီးသွားပြည်သူလူထုရော၊ အဲဒီမှာရှိနေတဲ့ ဝန်ထမ်းတွေရော အဆင်မပြေမှုတွေ ရှိတယ်” လို့ ပြောပါတယ်။

အကျယ်အဝန်း အလျား ၁၈၀ မီတာ၊ အနံ ၅၆ မီတာနဲ့ ဧရိယာကတော့ စတုရန်းမီတာ ၄ သောင်း ၃ ရာကျော်လောက်ရှိတဲ့ Terminal-3 လေဆိပ်သစ်ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ Yangon Aerodrome ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပြီး လေဆိပ်ဒီဇိုင်းကတော့ စင်ကာပူနိုင်ငံ စီပီဂျီရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

“အရင်ရှိပြီးသား အဆောက်အအုံဟောင်းကို ဒီဇင်ဘာထဲမှာ စတင်ပြီး ဖျက်ပါမယ်။ Terminal 1 နဲ့ Terminal 2 ကို ဆက်စပ်တဲ့ အဆောက်အဦကို ကျနော်တို့ ဆောက်လုပ်ပါမယ်” လို့ Yangon Aerodrome Co., Ltd ရဲ့ စီမံကိန်းမန်နေဂျာ ဦးဇော်ဝိတ်က ပြောပါတယ်။

ပြည်တွင်းလေဆိပ်သစ် Terminal-3 ကို ၂၀၁၅ ခုနှစ် မေလက တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနှစ် နိုဝင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။

လက်ရှိ ရန်ကုန်ပြည်တွင်းလေဆိပ်မှာ တရက်ကို ခရီးသည် ၆၀၀၀ နီးပါး သွားလာဝင်ထွက်နေတယ်လို့ သိရပါတယ်။

===================    
251 / End