၁၀ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၀၆
မော်လမြိုင်တွင် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဒေသခံ ငါးဆယ်ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မော် လမြိုင်မြို့တွင် သက်ငယ်မုဒိမ်းပ ပျောက်ရေးအတွက် မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်က ဦးစီးပြီး လူအင်အား ငါးဆယ်ခန့်ဖြင့် ဒီဇင်ဘာ ၉ ရက်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မွန်ပြည်နယ် မော် လမြိုင်မြို့တွင် သက်ငယ်မုဒိမ်းပ ပျောက်ရေးအတွက် မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်က ဦးစီးပြီး လူအင်အား ငါးဆယ်ခန့်ဖြင့် ဒီဇင်ဘာ ၉ ရက်၌  ဆန္ဒထုတ်ဖော်ခဲ့သည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ဇန် န၀ါရီမှ နိုဝင်ဘာအတွင်း သက်ငယ်မုဒိမ်းမှု ၂၆ မှု ဖြစ်ပွားခဲ့၍ ပြည်နယ်လွှတ်တော်ရုံးနှင့် အစိုးရအဖွဲ့ရုံး လမ်းတစ်လျှောက် လူထုလှုပ်ရှားဆန္ဒခံယူသည့် အဖွဲ့က ‘‘သက်ငယ်မုဒိမ်းမှုပပျောက်ရေးကြီးလေး ပြစ်ဒဏ်ချမှတ်ပေး’’ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

‘‘မွန်ပြည်နယ်မှာ သက်ငယ် ကလေးတွေ ဘ၀လုံခြုံရေးအတွက်အရေးကြီးချိန်ရောက်နေပြီ။ ဘာ လို့လဲဆိုတော့ ၂၀၁၆ ခုနှစ် ဆယ့် တစ်လအတွင်းမှာ  သက်ငယ်မုဒိမ်းမှု ၂၆ မှုတောင်ရှိနေတာ။ နောက်လာမယ့် နှစ်တွေဆို ပိုဆိုး လာတော့မယ်။ အခုထိ သက်ငယ် မုဒိမ်းမှုတွေကို ကြီးတဲ့ ပြစ်ဒဏ်ချ မှတ်တာ မတွေ့ရသေးဘူး။ သက် ငယ်မုဒိမ်းမှုကို အားပေးနေသလို ဖြစ်နေတယ်’’ဟု မွန်ပြည်နယ်အ ရပ်ဘက်ဆိုင်ရာ လူမှု အဖွဲ့အ စည်းမှ ဦးဆောင်ကော်မတီဝင် အထက်တန်းရှေ့နေ ဦးမင်းစိုးနိုင်က ပြောသည်။

အသက် (၁၄) နှစ်အောက် အမျိုးသမီးများ သဘောတူသည် ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ အဓမ္မပြုကျင့်ပါက သက်ငယ် မုဒိမ်းမှုမြောက်ကြောင်း၊ သက် ငယ် မုဒိမ်းမှုတွင် အမြင့်ဆုံးပြစ် ဒဏ်မှာ တစ်သက်တစ်ကျွန်းမှ အနည်းဆုံးပြစ်ဒဏ် ဆယ်နှစ်ရှိသော် လည်း မွန်ပြည်နယ်တွင် ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ခြင်းမရှိ သေးကြောင်း ဦးမင်းစိုးနိုင်က ပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှုများကို ခရိုင် တရားရုံးများတွင်သာ စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း သထုံ ခရိုင်ဥပဒေအရာရှိ ဦးတင်မောင် က ဆိုသည်။

‘‘မြို့နယ်တရားသူကြီးတွေ က အမြင့်ဆုံးထောင်ဒဏ် ခုနစ် နှစ်လောက်ပဲ အများဆုံးချလို့ရတယ်။ သက်ငယ်မုဒိမ်းမှုရဲ့ ပြစ်ဒဏ်က အများဆုံးတစ်သက်တစ်ကျွန်းရှိတယ်ဆိုတော့ ခရိုင်တရားရုံးမှာပဲ စွဲချက်တင်ဖို့ အကြံပြုချက်ပေးပါတယ်’’ဟု ဦးတင်မောင်က ပြောသည်။

===================    
251 / End