၁၄ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၁၄
မြောက်ပိုင်း မဟာမိတ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်မှုကို " ၀ " အဖွဲ့ ကန့်ကွက်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။ ။ ရှမ်းပြည်နယ်လွှတ်တော်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း "၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ကြေ ညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။     ။ ရှမ်းပြည်နယ်လွှတ်တော်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း "၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ကြေ ညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခများဖြင့် ပတ်သက်ပြီး ရှမ်းပြည်နယ်လွှတ်တော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် KIA၊ MNDAA ၊ AA၊ TNLA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန်အဆိုကို အတည်ပြုထားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်မှ ယင်းအဆို ပြန်လည်ပြင်ဆင်ခြင်းမရှိပါက ပြည်တွင်းစစ်ရပ်တန့်နိုင်မည်မဟုတ်ဘဲ၊ "ပြည်တွင်း စစ်မှာ ယခု ခင်ဗျားတို့၏ မဲပေးဆုံးဖြတ်ချက်အပေါ်မှုတည်၍ ဆက်လက်တည်တန့်သွားမည်ဖြစ်သည်" ဟု UWSA ယင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

" ၀ " ပြည်အရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က " အဲ့တော့ အခြေအနေက ပိုပြီးတင်းမာလာဖို့နဲ့ တိုက်ပွဲ တွေ ဆက်ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ် " ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ လားရှိုးမဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက KIA ၊ MNDAA ၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ကာ ဒီဇင်ဘာ ၇ ရက်နေ့တွင် ယင်းအဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအဆို ဆွေးနွေးစဉ် ရှမ်းပြည်နယ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပျက်ကွက်ခဲ့သော်လည်း ထောက်ခံ မဲ (၆၃)မဲ၊ ကန့်ကွက်မဲ(၄၅)မဲ၊ ကြားနေမဲ(၇)မဲဖြင့် အတည်ပြုခဲ့ခြင်းကြောင့် UWSA က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် တပ်မတော်က ပြည်သူ့လွှတ်တော်တွင် အဆိုတင် သွင်းခဲ့ သော်လည်း ယင်းအဆိုရှုံးနိမ့်ခဲ့ကာ မှတ်တမ်းအဖြစ်သာထားရှိခဲ့သည်။

===================    
251 / End