အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လိုင်ဇာအနီးဝန်းကျင် တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ ပြင်းထန်စွာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ သည်စခန်းအချို့နှင့် ဒေသခံများ တရုတ်နိုင်ငံအတွင်းသို့ တိမ်း ရှောင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်တွင် ကေအိုင်အို၏ ဂီဒွန် စခန်းကို တပ်မတော်က သိမ်းပိုက် လိုက်ပြီး ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာအနီးဝန်းကျင် ၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် စစ်ဘေးဒုက္ခ သည်များနှင့် လိုင်ဇာဒေသခံများ က တိုက်ပွဲများကြောင့် စိုးရိမ်နေပြီး တရုတ်နိုင်ငံအတွင်း ထွက် ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေ ကြောင်း ကချင်နှစ်ခြင်းအသင်း တော် (KBC) အပါအ၀င် အရပ် ဘက်အဖွဲ့အစည်းကိုးဖွဲ့ဖြင့် ဖွဲ့ စည်းထားသည့် Joint Strategy Team (ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့) က ထုတ်ပြန်သည်။
လိုင်ဇာအနီးရှိ ၀ယ်ဂျိုင် စခန်းရှိ စစ်ဆေးဒုက္ခသည်များ သည် စိုးရိမ်မှုများကြောင့် အထုပ်အပိုးများပြင်ဆင်၍ တိမ်းရှောင်ရန် ပြင်ဆင်နေကြောင်း လူမှုစောင့်ရှောက်ရေးအဖွဲ့များက ဆိုသည်။
တိုက်ပွဲများနှင့် လက်နက် ကြီး ပစ်ခတ်မှုများကြောင့် လိုင်ဇာမြို့နှင့် စစ်ဘေးဒုက္ခသည်စခန်း များရှိ စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထား ကြောင်း ကေအိုင်အိုမှ သတင်းရရှိသည်။
‘‘ဒုက္ခသည် ကျောင်းသား၊ အရပ်သား အားလုံးပေါင်း ငါး သောင်းဝန်းကျင်ရှိမယ်။ အခုလက်ရှိ အခြေအနေကတော့ နယ်စပ်တစ်ကြောမှာ အသံတွေနားထောင်ရင်းနဲ့ သတိထားပြီးတော့ ကြောက်လန့်တကြားနဲ့ နေနေတဲ့ သဘောရှိပါတယ်’’ဟု ကေအိုင်အိုအလုပ်အဖွဲ့ (TAT) ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက ပြေသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ဂီဒွန်နှင့် လိုင်ဇာဝန်းကျင်ဒေသ တွင် အနီးဆုံးစစ်ဘေးဒုက္ခသည် စခန်း ငါးခုရှိပြီး စစ်ပြေးဒုက္ခသည် နှစ်သောင်းခွဲခန့် ခိုလှုံနေကြောင်း သတင်းရရှိသည်။
တိုက်ပွဲများပြင်းထန်စွာဖြစ် ပွားခဲ့သော ဂီဒွန်စခန်းနှင့် အနီး ဆုံးစစ်ဘေးဒုက္ခသည်စခန်းများ မှာ မဂါယန်နှင့် ဇိုင်းအောင်စခန်း များဖြစ်ပြီး လူဦးရေ လေးထောင် ခန့်ရှိသည်။ ထို့အပြင် လိုင်ဇာမြို့ ရှိ ၀ယ်ဂျိုင်အပါအ၀င် တရုတ်နယ်စပ် ဂျေယန်းစခန်းနှင့် မုံလိုင်ခတ် စခန်းများတွင် လူဦးရေနှစ်သောင်းခန့်ခိုလှုံနေကြောင်း ကူညီစောင့် ရှောက်ရေးအသင်းအဖွဲ့များက ပြောသည်။ ‘‘အခုက ဆောင်းတွင်း ရောက်နေပြီဆိုတော့ ဒီလိုအနေ အထားမှာ အိုင်ဒီပီတွေထပ်ပြီး ပြေးရလွှားရဆို ပိုဒုက္ခရောက်မှာ ကို ပူပန်ပါတယ်’’ ဟု ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဦးဂွမ်ရှာအောင်က ဆို သည်။
စစ်ဘေး ဒုက္ခသည်များ၏ လက်ရှိအခြေအနေနှင့် ပတ်သက် ၍ ဒေသတွင်းကူညီစောင့်ရှောက် ရေးလုပ်ငန်းများဆောင်ရွက်နေ သူတစ်ဦးက ‘‘အကယ်၍ တိုက်ပွဲ တွေပြင်းထန်ပြီး ဒီထက်ဆိုးရွား လာရင် အိုင်ဒီပီတွေအနေနဲ့ ပြေး စရာမရှိတော့ဘူး။ အခုရှိနေတဲ့ အိုင်ဒီပီစခန်းတွေက နယ်စပ်ပေါ် မှာပဲရှိနေတာ ဟိုဘက်ကမ်းကူး လိုက်တာနဲ့ တရုတ်ပြည်ရောက် နေပြီး အဲဒီအနေအထားတော့ရှိ တယ်’’ဟု မှတ်ချက်ပြုသည်။
ကေအိုင်အိုဗဟိုကော်မတီ ဒုတိယအတွင်းရေးမှူး ဦးဒွဲပီဆား က ‘‘ကျွန်တော်သိရသလောက်ဆို ရင်တော့ ရွာသားတွေထိတ်လန့် တာပေါ့။ ဟိုအရင်တုန်းက ၂၀၁၃ ဇန်န၀ါရီ ၁၄ ရက်မှာလည်း ဒေါ့ ဖုန်းယန်တပ်ဘက်ကနေ လက်နက်ကြီးလှမ်းပစ်လို့ ကျွန်တော်တို့ ခါဂျန်ရပ်ကွက်ဆိုတဲ့ နေရာမှာ ချက်ချင်း သုံးယောက်သေသွားတယ်။ ကလေးတစ်ယောက်ဒဏ်ရာရတယ်။ အခုဒုက္ခိတဖြစ်နေတယ်။ ဒီအတွေ့အကြုံရှိတယ်ဆိုတော့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးကျ တယ်ဆိုတော့ ရွာသားတွေ ကြောက်တာပေါ့။ စာသင်ကျောင်းတွေပိတ်လိုက်တာ ဒီလောက် တော့ ရှိပါတယ်။ ပြောင်းရွှေ့တာ တို့ ဘာတို့တော့မရှိပါဘူး’’ဟု ဆို သည်။
မြန်မာ့တပ်မတော်နှင့် ကေ အိုင်အေတို့ကြား ၂၀၁၁ က စတင်၍ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည် သူတစ်သိန်းခန့်မှာ ကချင်နှင့် ရှမ်း မြောက်ရှိ ယာယီစစ်ဘေးဒုက္ခ သည်စခန်းများတွင် ခိုလှုံနေရ သည်။ ကေအိုင်အိုထိန်းချုပ်နယ် မြေအတွင်း ကျောင်းသားများ အပါအ၀င် စစ်ဘေးဒုက္ခသည် စုစုပေါင်း သုံးသောင်းနှင့် အထက်ရှိ ကြောင်း KBC အပါအ၀င်ကူညီ စောင့်ရှောက်ရေးအသင်းအဖွဲ့ များထံမှ သတင်းရရှိသည်။
===================
251 / End
၁၈ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၃၇
News ID: 799108
လိုင်ဇာအနီးဝန်းကျင် တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ ပြင်းထန်စွာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ သည်စခန်းအချို့နှင့် ဒေသခံများ တရုတ်နိုင်ငံအတွင်းသို့ တိမ်း ရှောင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။