အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)တွင် နိုင်ငံ ခြားသားများ ထည့်သွင်းမည်မ ဟုတ်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)တပ်မတော်ကိုယ်စား လှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။
ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် JMC ကိုယ်စား လှယ်များ၏မျက်နှာစုံညီအစည်း အဝေးကို ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအ ဝေးအပြီး သတင်းစာရှင်းလင်းပွဲ တွင် JMC-U အတွင်းရေးမှူး(၂) လည်းဖြစ်သူ ဗိုလ်မှူးကြီးဝဏ္ဏ အောင်က ယခုကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ပူးတွဲစောင့် ကြည့်တာတော့ ကျွန်တော်တို့ တိုင်းပြည်အနေအထား၊ ကျွန် တော်တို့တိုင်းရင်းသားတွေ အနေ အထားကတော့ ကျွန်တော်တို့က ကိုယ့်အိမ်တွင်းပြဿနာ ကိုယ့် ဘာသာကိုယ် ရှင်းရမယ်ဆိုတဲ့ အ ခြေခံစဉ်းစားချက်နဲ့ ဒီ JMC စတည်ထောင်ကတည်းက လုပ်ခဲ့တာဖြစ် တဲ့အတွက် ကိုယ့်အိမ်တွင်းရေး ပြဿနာ ကိုယ့်တိုင်းရင်းသားညီ အစ်ကိုအချင်းချင်းပဲ ဖြေရှင်းမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ရေး မှာတော့ ပြင်ပက နိုင်ငံခြားသား ခေါ်ခြင်းမရှိဘဲ တစ်မူထူးပြီးတော့ အရပ်သားကိုယ်စားလှယ်ဆိုပြီး တော့ ထည့်သွင်းထားခြင်းဖြစ်ပါ တယ်’’ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင် က ပြောသည်။
ဆက်လက်၍ ၎င်းက ‘‘အရပ်သားကိုယ်စားလှယ်အနေနဲ့ တပ် ဖွဲ့နှစ်ဖွဲ့အကြားမှာ အလယ်ကနေထိန်းညှိပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ပဲ သွားဖို့ရှိပါတယ်။ နိုင်ငံ ခြားက စောင့်ကြည့်သူတွေကို JMC မှာ ထည့်သွင်းဖို့ အစက တည်းက အခြေခံမှာ မစဉ်းစားခဲ့ တဲ့အတွက် ထည့်သွင်းမှာလည်း မဟုတ်ဘူးဆိုတာကို ပြောလိုပါ တယ်’’ဟု ပြောသည်။
မြန်မာနိုင်ငံ၏ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး စောင့်ကြည့်မှု လုပ်ငန်းစဉ်များတွင် ငွေကြေး ထောက်ပံ့မှုသာမက နည်းပညာ ပိုင်းနှင့် ပညာရှင်ပိုင်းတွင် ပါဝင် ကူညီနိုင်သည်ဟု ကမ္ဘာ့ကုလ သမဂ္ဂ(UN)က ကမ်းလှမ်းထား ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုအဆင့် JMC- U ဒုတိယဥက္ကဋ္ဌ(၂) ဦးမောင်မောင် ငြိမ်းဦးဆောင်သော အဖွဲ့ဝင်များ နှင့် UN မှ Mr.Miroslav Jencaဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ကမ်းလှမ်း ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်သည့် JMC-U အဖွဲ့ဝင် ဖဒိုစောတာဒိုမူးက ပြောသည်။
ကရင်အမျိုးသားအစည်းအ ရုံး(KNU)ကိုယ်စားလှယ်လည်း ဖြစ်သူ ဖဒိုစောတာဒိုမူးက ‘‘ကျွန် တော်တို့ကတော့ သဘောက ဒီ ပဋိပက္ခဖြစ်တဲ့အဖွဲ့အစည်းနှစ်ဖွဲ့ အပြင် တတိယကြား အမှန်တ ကယ်နေနိုင်တဲ့ တတိယအစုအဖွဲ့ က ဘက်မလိုက်ဘဲနဲ့ ရပ်တည်ခြင်းက နှစ်ဖက်ကြားမှာရှိတဲ့ ယုံကြည် မှုတည်ဆောက်ရေးကို အများကြီးအထောက်အကူ ပြုတယ်ပေါ့ နော်။ ကမ္ဘာကိုလည်း ရှင်းရှင်း လင်းလင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ်မှာ ဘယ်လောက်ထိ ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ကြသလဲဆိုတာ ဖော်ပြ ရာကျတယ်’’ဟု ၎င်း၏သဘော ထားကို ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထား သော UNFC ကလည်း အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်း များတွင် နိုင်ငံတကာပါဝင်ရေး ကိစ္စအပေါ် အဆိုပြုချက်ကိုအစိုးရ ထံ ပေးပို့ထားသည်။
အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များပါဝင်သည့် အပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီတစ်ရပ်ကို နှစ်ဖက်သဘောတူ လက်ခံနိုင် သည့် နိုင်ငံတကာမှ အစိုးရကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထား သော ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့စည်းရန် UNFC က အဆိုပြုထားခြင်းဖြစ်သည်။
===================
251 / End
၂၄ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၁၆
News ID: 800476
ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)တွင် နိုင်ငံ ခြားသားများ ထည့်သွင်းမည်မ ဟုတ်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)တပ်မတော်ကိုယ်စား လှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။