အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၆၉)နှစ်မြောက်တပ်မတော်ရေ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်ဖွဲ့တင် စစ်ရေယာဉ်တစ်စီး၊ ဒုံးပျံတင် ကော်ဗက်စစ်ရေယာဉ်တစ်စီးနှင့် တင့်ကားတင်ကမ်းထိုးရေယာဉ် ခြောက်စီးတို့ တပ်တော်ဝင်ခဲ့ပြီး အဆိုပါအခမ်းအနား၌ မောင်းသူ မဲ့ရေယာဉ်တစ်စီးကိုပါ စမ်းသပ် မောင်းနှင်ခဲ့ကြောင်း တပ်မတော် က ဒီဇင်ဘာ ၂၄ရက်တွင်သတင်း ထုတ်ပြန်သည်။
ရန်ကုန်မြို့ရှိ အမှတ်(၃)ရေ တပ်ဆိပ်ခံတံတား၌ ဒီဇင်ဘာ ၂၄ ရက်နံနက်က ပြုလုပ်သည့် (၆၉) နှစ်မြောက်တပ်မတော်(ရေ)နှစ် ပတ်လည်နေ့အထိမ်းအမှတ်စစ် ရေယာဉ်များတပ်တော်ဝင်ခြင်းအ ခမ်းအနားသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တက်ရောက် ခဲ့သည်။
မြန်မာ့ရေပိုင်နက်ကို ကာ ကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်(ရေ)အား မြန်မာ့ကမ်း ရိုးတန်းကို လုံခြုံစွာကာကွယ် စောင့်ရှောက်နိုင်သည့်အဆင့်မှ ပင်လယ်ပြာအထိ စိုးမိုးနိုင်သည့် Blue Water Navy အဖြစ်ရည်မှန်း တည်ဆောက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။တပ်တော်ဝင်စစ်ရေယာဉ် များဖြစ်သော သံချပ်ကာယာဉ် များတင်ဆောင်ထားသည့် ကမ်း ထိုးရေယာဉ်များ၊ တပ်ဖွဲ့တင်ရေ ယာဉ်ချင်းတွင်း၊ ဒုံးပျံတင်ကော် ဗက်စစ်ရေယာဉ်တပင်ရွှေထီးတို့ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် မောင်းသူမဲ့ရေ ယာဉ် Unmanned Surface Vehicle(USV)ဆိုင်ရာအချက်အ လက်များကို တာဝန်ရှိသူတစ်ဦး က ရှင်းလင်းတင်ပြပြီး မောင်းသူ မဲ့ရေယာဉ် Unmanned Surface Vehicle(USV) စမ်းသပ်မောင်း နှင်မှုကိုလည်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
“ဒီနေ့မှပဲတွေ့ဖူးတာ။ မောင်းသူမဲ့ရေယာဉ်က တစ်ခါမှမတွေ့ ဖူးဘူး။ ရေတပ်ကိုဆက်သွယ်ပြီး မေးတာကောင်းမယ်”ဟု ယခုစမ်း သပ်မောင်းနှင်သည့် မောင်းသူမဲ့ ရေယာဉ်နှင့်ပတ်သက်၍ တပ်မ တော်အရာရှိတစ်ဦးက ပြောသည်။
တပ်မတော်(ရေ)အတွက် စစ်ရေယာဉ်များကို ယခင်ကပြည် ပမှ ၀ယ်ယူရခြင်း၊ ပြည်ပသင်္ဘော ကျင်းများတွင်သွားရောက်တည် ဆောက်ခြင်းများလုပ်ကိုင်ခဲ့ရ သော်လည်း ကိုယ်ပိုင်သင်္ဘော ကျင်းတွင် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်တွင် ဖရီးဂိတ်စစ်ရေယာဉ် များကို အဆင့်မီစွာတည်ဆောက် နိုင်ပြီဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကပြောကြားသည်။
ယခင်က မြန်မာ့ကမ်းရိုး တန်းကာကွယ်ရေးတွင် ယိုပေါက် များစွာရှိခဲ့ရာမှ စစ်ရေယာဉ်အရေ အတွက်များလာခြင်း၊ စစ်ရေ ယာဉ်များ၏ စွမ်းဆောင်ရည်မြင့် မားလာခြင်းတို့ကြောင့် ယင်းယို ပေါက်များနည်းနိုင်သမျှနည်းလာ ပြီး မိမိတို့ ပိုက်နက်ရေပြင်ကို ၀င် မလာဝံ့သည်အထိ လုပ်ဆောင် နိုင်ကြောင်း ၎င်းကပြောသည်။
(၆၉)နှစ်မြောက်တပ်မ တော်(ရေ)နှစ်ပတ်လည်နေ့အ ထိမ်းအမှတ်အဖြစ် သံဃာတော် များအား အရုဏ်ဆွမ်းကပ်ခြင်းအ ခမ်းအနားနှင့် စစ်ရေးပြအခမ်းအ နားကျင်းပခြင်းများပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးတင်အောင်ဆန်းနှင့် အ ငြိမ်းစားတပ်မတော်(ရေ)ကာကွယ်ရေးဦးစီးချုပ်များ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ခဲ့သည်။
===================
251 / End
၂၅ ဒီဇင်ဘာ ၂၀၁၆ - ၁၄:၄၅
News ID: 800659
(၆၉)နှစ်မြောက်တပ်မတော်ရေ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်ဖွဲ့တင် စစ်ရေယာဉ်တစ်စီး၊ ဒုံးပျံတင် ကော်ဗက်စစ်ရေယာဉ်တစ်စီးနှင့် တင့်ကားတင်ကမ်းထိုးရေယာဉ် ခြောက်စီးတို့ တပ်တော်ဝင်ခဲ့ပြီး အဆိုပါအခမ်းအနား၌ မောင်းသူ မဲ့ရေယာဉ်တစ်စီးကိုပါ စမ်းသပ် မောင်းနှင်ခဲ့ကြောင်း တပ်မတော် က ဒီဇင်ဘာ ၂၄ရက်တွင်သတင်း ထုတ်ပြန်သည်။