၂၇ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၄၉
ကာကွယ်ရေးဦးစီးချုပ် သီပေါဘုရင်နှင့် အိန္ဒိယအင်ပါယာနောက်ဆုံးဘုရင့်ဂူဗိမာန်များကို ရက်ပိုင်းအတွင်း ဆက်တိုက်သွား

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် အိန္ဒိယအင်ပါ ယာ၏နောက်ဆုံးဘုရင်ဖြစ်သည့် ဗဟာဒူးရှားဇဖာရ်(Bahadur Shah Zafar)၏ဂူဗိမာန်သို့ ဒီဇင် ဘာ ၂၆ ရက် နံနက်က သွား ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် အိန္ဒိယအင်ပါ ယာ၏နောက်ဆုံးဘုရင်ဖြစ်သည့် ဗဟာဒူးရှားဇဖာရ်(Bahadur Shah Zafar)၏ဂူဗိမာန်သို့ ဒီဇင် ဘာ ၂၆ ရက် နံနက်က သွား ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ရှိ ဗဟာဒူးရှားဇဖာရ်၏ဂူဗိမာန်သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ ပြီး ဂူဗိမာန်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။ ဂူဗိမာန်အတွက် လိုအပ် သည်များကို ဖြည့်ဆည်းပေးနိုင် ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာ ၁၆ ရက်ကလည်း အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင် သီပေါမင်း၏ဂူဗိမာန်တွင်  ပြုလုပ်သည့် သီပေါမင်းနတ်ရွာစံ သက်နှစ်(၁၀၀) ပြည့် အလှူအခမ်းအနားကို ဒုသမ္မတဦးမြင့်ဆွေနှင့် အတူ တက်ရောက်ခဲ့သည်။  

ထို့ကြောင့် အိန္ဒိယနိုင်ငံရှိ မြန်မာနောက်ဆုံးဘုရင် သီပေါမင်း၏ဂူဗိမာန်သို့ သွားရောက်အပြီး ဆယ်ရက်အတွင်း မြန်မာနိုင်ငံရှိ အိန္ဒိယအင်ပါယာနောက်ဆုံးဘုရင်၏ ဂူဗိမာန်သို့ထပ်မံသွားရောက်ခြင်းဖြစ်သည်။

===================    
251 / End