၂၈ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၀၅
တရုတ် အ၀ယ်နည်းနေ၍ ဆန်တင်ပို့မှု လျော့ကျဖွယ်ရှိ

နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်ဈေးကွက်သို့ ဆန်တင်ပို့မှု လျော့ကျနေခြင်းကြောင့် ၂၀၁၆ - ၁၇ဘဏ္ဍာနှစ် ပြည်ပ ဆန်တင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်ဈေးကွက်သို့ ဆန်တင်ပို့မှု လျော့ကျနေခြင်းကြောင့် ၂၀၁၆ - ၁၇ဘဏ္ဍာနှစ် ပြည်ပ ဆန်တင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့က ပြောသည်။

မူဆယ်နယ်စပ်မှ တင်သွင်း နေသည့် ဆန်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရက ယခုနှစ်အတွင်း ဆက်တိုက်ဖမ်းဆီးမှုများပြု လုပ်ခဲ့ခြင်း၊ နိုဝင်ဘာအတွင်းက မူဆယ်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကုန်သွယ်မှု ရပ်တန့်ခဲ့ရခြင်းစသော အခြေအနေများကြောင့် ယခုဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် တန်ချိန်တစ်သန်းကျော်သာ ရှိမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာစိုးထွန်းကပြောသည်။ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည်ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၁ ဒသမ၅သန်းခန့် ရှိခဲ့သည်။

‘‘ဆန်က ဒီနှစ်မှာ ပင်လယ် ရေကြောင်းကလည်း ပိုပြီးပို့နိုင်ဖို့ စီစဉ်ထားတယ်။ အရင်ဈေးကွက် ဟောင်းအာဖရိကကို ပြန်တင်နိုင်ဖို့ကြိုးစားနေတယ်’’ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနလက်ထောက်အတွင်း ၀န်ဦးခင်မောင်လွင်က  ပြောကြားသည်။

ယခင်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့သာ အများဆုံး တင်ပို့ခဲ့သည်။ ပြည်ပဆန်နှင့် ဆန်ကွဲတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းမှာ နယ်စပ်မှဖြစ်ပြီး ပင်လယ်ရေကြောင်းမှ ၂၀ရာခိုင်နှုန်းသာတင်ပို့နိုင်ခဲ့၍ ယခုဘဏ္ဍာနှစ်တွင် အခြေအနေကို ပြောင်းပြန်ဖြစ်ရန်ကြိုးစားနေသည်ဟု ဦးခင်မောင်လွင်က ပြောသည်။

ပင်လယ်ရေကြောင်းမှ အာဖရိကနိုင်ငံများသို့ ယခုဘဏ္ဍာနှစ် လက်ကျန်သုံးလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းခန့်တင်ပို့ ရောင်းချနိုင်မည်ဟုသိရသည်။

သို့သော် ကမ္ဘာ့ရေနံဈေးမြင့်တက်လာမှုကြောင့် ယခုရက်ပိုင်းတွင် သင်္ဘောခများဈေးမြင့်တက်လာပြီး ကွန်တိန်နာတစ်လုံးလျှင် ပျမ်းမျှ ခုနစ်ဒေါ်လာမှ ရှစ်ဒေါ်လာကြား ဈေးနှုန်း မြင့်တက်လာကြောင်း ပြည်ပဆန်တင်ပို့သည့် ကုန်သည်အချို့က ပြောသည်။

===================    
251 / End