၂၉ ဒီဇင်ဘာ ၂၀၁၆ - ၂၀:၀၅
အောင်လံနှင့် တောင်တွင်းကြီးတွင် ကြံခုတ်လုပ်သား ရှားပါးနေခြင်းကြောင့် ဈေးတိုးမြှင့်ပေးပြီး ခေါ်ယူနေရ

ယခုနှစ်ကြံပေါ်ရာသီ တွင် အောင်လံမြို့နယ်နှင့်တောင် တွင်းကြီးမြို့နယ်များရှိ ကြံစိုက် တောင်သူများ ကြံခုတ်လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဈေးကြီးပေးကာခေါ်ယူလုပ်ကိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



 ယခုနှစ်ကြံပေါ်ရာသီ တွင် အောင်လံမြို့နယ်နှင့်တောင် တွင်းကြီးမြို့နယ်များရှိ ကြံစိုက် တောင်သူများ ကြံခုတ်လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဈေးကြီးပေးကာခေါ်ယူလုပ်ကိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယခင်က ကြံတစ်တန်လျှင် ကြံခုတ်လုပ်သားခ ကျပ်ငါးထောင်ခန့်သာပေးရသော်လည်း ယခုအခါ ကျပ်ခုနစ်ထောင်မှတစ် သောင်းအထိပေးကာ  ခေါ်ယူနေကြရကြောင်း ယင်းဒေသများမှ ကြံစိုက်တောင်သူများက ပြောသည်။

‘‘ကြံက သကြားစက်က၀ယ် ယူတဲ့အချိန်မှာ အချိန်မီခုတ်ပို့ရ တာ။ လုပ်သားကတဖြည်းဖြည်း ရှားလာတယ်။ ဒါကြောင့် ဈေးမြင့် ပေးရတဲ့အပြင် ကြိုတင်ငွေထုတ် ပေးပြီးခေါ်ရတာ။ အချိန်မီမသွင်း နိုင်ရင် ကိုယ့်ကြံက အလေးချိန် လျော့တာ၊ အရည်အသွေး ကျ တာတွေဖြစ်မှာစိုးလို့’’ဟု အောင် လံမြို့နယ် ပြလို့မြင့်ကျေးရွာမှ ကြံ စိုက်တောင်သူကိုသန်းမြင့်နိုင်က ပြောသည်။

 သကြားစက်များသို့  ကြံ ရောင်းချရသည့်ဈေးမှာ ယခင်နှစ် ထက် ကြံတစ်တန်လျှင် ပျမ်းမျှ ကျပ်ငါးထောင်ခန့် တိုးမြင့်ရရှိ သော်လည်း လုပ်သားခဈေးကြီး မြင့်မှုများကြောင့် တွက်ခြေ မ ကိုက်ဖြစ်နေရကြောင်း တောင် တွင်းကြီးမြို့နယ် ကသာကျေးရွာ မှ တောင်သူ ကိုသံလုံးက ဆိုသည်။

အောင်လံမြို့နယ်အတွင်းရှိ ဒုရင်္ဂဗိုလ်သကြားစက်က ကြံဝယ် ယူဈေးသည် စိုက်ခင်းသို့ လာရောက်ဝယ်ယူသည့်စနစ်ဖြင့် ကြံတစ်တန်လျှင်  သုံးသောင်းငါးထောင် ကျပ်ဈေးရှိနေပြီး ပြည်မြို့န၀ဒေးသကြားစက်ကမူ စက်ရုံသို့အရောက်ပို့ ၀ယ်ယူသည့်စနစ်ဖြင့် မိုင်အကွာအဝေးအလိုက် လေးသောင်းနှစ်ထောင်ကျပ်မှ လေးသောင်းငါးထောင်ကျပ်အထိ ဈေးရှိသည်။

ယခုနှစ် ကြံစိုက်ရာသီ အောင်လံမြို့နယ်အတွင်း ကြံတစ်ဧကလျှင် ပျမ်းမျှကြံတန်ချိန် သုံးဆယ်ခန့်ထွက်ရှိကြောင်း ဒေသခံကြံစိုက်  တောင်သူများထံမှ သိရသည်။

===================  
251 / End