အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကျဉ်းထောင်များရှိ အကျဉ်းသားများ၏ အခက်အခဲနှင့် အခြေအနေကို သိရှိရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးသာဌေးသည် ပုသိမ်အကျဉ်းထောင်သို့ လာရောက်စစ်ဆေးကြောင်းသိရသည်။
ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးဦးသာဌေး သည် ဒီဇင်ဘာ ၃၀ ရက်တွင် ပု သိမ်အကျဉ်းထောင်ရှိ အကျဉ်းကျ နေသော အမျိုးသား၊ အမျိုးသမီး များနှင့်တွေ့ဆုံပြီး အကျဉ်း ထောင်အတွင်း နေထိုင်မှု၊ အစား အသောက် ၊ ကျန်းမာရေးစောင့် ရှောက်မှုအခြေအနေများကို မေး မြန်းပြီး အားပေးစကားပြောကြား ခဲ့သည်။ ‘‘တရားသူကြီးက နှစ်ကြီး အကျဉ်းသားတွေ၊ အသက်ကြီးတဲ့ အကျဉ်းသားတွေ၊ အသက်အငယ် ဆုံး အကျဉ်းသားတွေနဲ့တွေ့ခဲ့ တယ်။ အကျဉ်းသားတွေကတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးတာမျိုး၊ သူတို့လိုအပ်တာတွေကို ကူညီ ပေးဖို့ ပြောခဲ့တာတွေရှိတယ်’’ ဟု ပုသိမ်အကျဉ်းထောင် ညွှန်ကြား ရေးမှူး ဦးမင်းမင်းစိုးကပြောကြားသည်။
တရားသူကြီးလာရောက်စစ် ဆေးစဉ် အကျဉ်းသားများ၏ တင် ပြချက်များ၊ အကျဉ်းထောင်၏လို အပ်ချက်များ မှတ်သားသွားသော် လည်း တစ်စုံတစ်ရာ ပြောကြားခဲ့ ခြင်းမရှိပေ။ ၎င်းနှင့်အတူဧရာဝတီ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း၊ ပုသိမ်အကျဉ်းထာင် ညွှန်ကြား ရေးမှူး ဦးမင်းမင်းစိုး၊ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင် တင့်နှင့် တရားရေးဌာန တာဝန် ရှိသူများ လိုက်ပါခဲ့သည်။
‘‘ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးက တစ် နှစ်တစ်ကြိမ် အကျဉ်းထောင်တွေ ကို စစ်ရမှာပါ။ ပုံမှန်လုပ်ငန်းကို လုပ်တာပါပဲ။ ထူးခြားချက်ရှိလို့ အခုလို လာစစ်ဆေးတာမဟုတ် ပါဘူး’’ဟု ပုသိမ်မြို့နယ်တရားသူ ကြီး ဦးဝင်းအောင်ကပြောသည်။
ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းသား ၁၂၀၀ ကျော်ရှိပြီး အဆိုပါအကျဉ်းသားများအနက် လူဦးရေ ၈၀ ကျော်သည် ထောင် ၀င်စာ လာရောက်တွေ့ဆုံမည့် သူမရှိဟုသိရသည်။ ဧရာဝတီ တိုင်းဒေသကြီးတွင် အကျဉ်း ထောင်ငါးခုရှိပြီး ရဲဘက်စခန်း နှစ်ခုရှိသည်။ အဆိုပါ အကျဉ်း ထောင်များနှင့် စခန်းအသီးသီး တွင် အကျဉ်းကျနေသူ ၄,၄၇၄ ဦးရှိကြောင်း ပုသိမ်အကျဉ်းထောင် ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
===================
251 / End
၃၁ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၀၅
News ID: 801939
အကျဉ်းထောင်များရှိ အကျဉ်းသားများ၏ အခက်အခဲနှင့် အခြေအနေကို သိရှိရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးသာဌေးသည် ပုသိမ်အကျဉ်းထောင်သို့ လာရောက်စစ်ဆေးကြောင်းသိရသည်။