အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဇန်န၀ါရီ ၃ ။ ။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆိုသည့် ဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီ၃ရက်က ရန်ကုန်စီးပွားရေးတက္ကသိုလ် နီလာရတုခန်းမတွင် ကျင်းပခဲ့သည်။
ယခုဆွေးနွေးပွဲကို အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီလမ်းကြောင်းများနှင့် တရုတ်နိုင်ငံ ဖြတ်သန်းလာခဲ့သည့် ဒီမိုကရေစီလမ်းကြောင်းကို လေ့လာခွင့်ရရှိရန်ု ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ ကွန်ရက်အတွင်းရေးမှူးဒ်ါအေးသန္တာခိုင်က မဇ္ဈိမကိုပြောသည်။
“လွှတ်တော်ဥက္ကဌကြီးကိုယ်တိုင်လည်း လာပြီး အားပေးတယ်။ အမတ်တွေလည်းလာပြီး အားပေးတဲ့ အနေအထားမှာ သူတို့အနေနဲ့ ဒီပွဲကရသွားမယ့် Knowledge အပေါ်မှာ သူတို့အနေနဲ့ ကိုယ်တိုင်စာဖတ်ပြီး လေ့လာစရာမလိုဘဲ သူတို့တချိန်ချိန်ပြန်ပြီး ကိုးကားစရာရှိရင် ကိုးကားလို့ရတာပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် တောင်ကိုရီးယားနိုင်ငံက ပါမောက္ခ Mr.JeonGunYong (ဂျောင်ဂွန်ယောင်)က ခေါင်းစဉ်နှစ်ခုဖြင့် စာတမ်းဖတ်ခဲ့သည်။ ယင်းအခမ်းအနားကို ရန်ကုန်ုစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
===================
251 / End
၃ ဇန်နဝါရီ ၂၀၁၇ - ၁၈:၀၅
News ID: 802538
ရန်ကုန်၊ ဇန်န၀ါရီ ၃ ။ ။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆိုသည့် ဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီ၃ရက်က ရန်ကုန်စီးပွားရေးတက္ကသိုလ် နီလာရတုခန်းမတွင် ကျင်းပခဲ့သည်။