၆ ဇန်နဝါရီ ၂၀၁၇ - ၁၆:၄၉
မုံရွာ ကျောက္ကာလမ်းမကြီးတွင် အုပ်စုဖွဲ့ရမ်းကားသော လူငယ် ၁၈ ဦးကို ဖမ်းဆီး

မုံရွာမြို့ ကျောက္ကာလမ်းမ ကြီးတွင် ဇန်နဝါရီ ၂ ရက်ညက တုတ်၊ ကျောက်ခဲတို့ဖြင့် ရိုက်နှက် ပစ်ပေါက်ရမ်းကားခဲ့သော အဖွဲ့ နှစ်ဖွဲ့မှ လူငယ် ၁၈ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း မုံရွာမြို့နယ် မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မုံရွာမြို့ ကျောက္ကာလမ်းမ ကြီးတွင် ဇန်နဝါရီ ၂ ရက်ညက တုတ်၊ ကျောက်ခဲတို့ဖြင့် ရိုက်နှက် ပစ်ပေါက်ရမ်းကားခဲ့သော အဖွဲ့ နှစ်ဖွဲ့မှ လူငယ် ၁၈ ဦးကို ဖမ်းဆီး
အရေးယူခဲ့ကြောင်း မုံရွာမြို့နယ် မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိ သည်။

ယင်းနေ့ညက မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ဇောတိကဘုန်းတော် ကြီးကျောင်းအနီး ကျောက္ကာလမ်း ပေါ်ရှိ လက်ဖက်ရည်ဆိုင်ရှေ့သို့ လူငယ်တစ်စု ဆိုင်ကယ်လေးစီး ဖြင့် ရောက်လာပြီး လက်ဖက်ရည် ဆိုင်ရှေ့ရပ်နေသည့် လူငယ်များ ကို အသင့်ယူဆောင်လာသော တုတ်၊ ကျောက်ခဲတို့ဖြင့် ရိုက်နှက် ပစ်ပေါက်ခဲ့သည်။

ယင်းသို့ ရိုက်နှက်ပစ်ပေါက်မှုကြောင့် မုံရွာမြို့ မြဝတီရပ်ကွက် နေ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့သော လူငယ် ၁၂ ဦးကို သက်သေခံ တုတ်နှစ်ချောင်း၊ ကျောက်ခဲသုံးခဲတို့နှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

‘‘ဇန်နဝါရီ ၂ ရက်ညပိုင်းမှာ ဇောတိကဘုန်းကြီးကျောင်းအနီး က လက်ဖက်ရည်ဆိုင်မှာ အုပ်စု ဖွဲ့ရိုက်နှက်တဲ့ အဖွဲ့က လူငယ် ၁၂ ဦးနဲ့ မိုးကောင်းဘုရားအနီး အုပ်စုဖွဲ့ရိုက်နှက်တဲ့အဖွဲ့က လူ ငယ်ခြောက်ဦးကို ဖမ်းမိထားပါ တယ်။ အခင်းဖြစ်ပွားပြီး တစ်ရက် အတွင်းမှာ အုပ်စုဖွဲ့ရမ်းကားတဲ့ လူငယ်တွေကို ဖမ်းဆီးရမိခဲ့တာ ပါ။ ကျွန်တော်ကိုယ်တိုင် တရား လို၊ အမှုစစ်လုပ်ပြီး အမှုကိုစစ်ဆေးနေပါတယ်’’ဟု ရဲအုပ်ရဲအောင်က ပြောသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ အုပ်စုဖွဲ့ရမ်းကားသူ လူ ငယ် ၁၂ ဦးကို မုံရွာမြို့နယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၈၊ ၃၂၃၊ ၄၂၇၊ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် မုံရွာမြို့ မြဝတီရပ် ကွက် မိုးကောင်းဘုရားအနီး ကျောက္ကာလမ်းမကြီးတွင် ဆိုင် ကယ် သုံးစီးနှင့် လူငယ်တစ်စုစီး နင်းသွားသော ဆိုင်ကယ်နောက် သို့ အရှိန်ပြင်းစွာ စီးနင်းလာသော ဆိုင်ကယ်ဖြင့် လူငယ်ခြောက်ဦး က အသင့်ယူဆောင်လာသော တုတ်၊ ကျောက်ခဲတို့ဖြင့် ရိုက်နှက် ပစ်ပေါက်နေချိန် နယ်မြေရဲတပ်ဖွဲ့ လှည့်ကင်းအဖွဲ့က တွေ့ရှိ၍ အချိန်မီ ထိန်းသိမ်းခဲ့သည်။

အုပ်စုဖွဲ့ရိုက်နှက်သော လူ ငယ်ခြောက်ဦးမှာ ထွက်ပြေးတိမ်း ရှောင်ခဲ့သဖြင့် ရဲတပ်ဖွဲ့က လိုက် လံရှာဖွေဖမ်းဆီးပြီး မုံရွာမြို့နယ် မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၁၄၈၊ ၁၁၄ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

===================    
251 / End