၇ ဇန်နဝါရီ ၂၀၁၇ - ၁၇:၀၃
အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် အသုံးပြုနိုင်မည့် အဝေးထိန်းစက်ရုပ်လက်ကို နည်းပညာတက္ကသိုလ်ကျောင်းသားများတီထွင်

ဓာတုဗေဒဓာတ်ခွဲခန်း များအပါအ၀င် လူကိုယ်တိုင်သွား ရောက်လုပ်ကိုင်ရန် အန္တရာယ်ရှိ သည့် လုပ်ငန်းဆောင်ရွက်မှုများ ၌ အာရုံခံစနစ်ဖြင့် အဝေးမှ ထိန်းချုပ်နိုင်သော စက်ရုပ်လက် တစ်မျိုးကို မန္တလေးနည်းပညာ တက္ကသိုလ် (MIT)မှ ကျောင်း သား၊ ကျောင်းသူလေးဦးက ပူးပေါင်းကာ တီထွင်ခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဓာတုဗေဒဓာတ်ခွဲခန်း များအပါအ၀င် လူကိုယ်တိုင်သွား ရောက်လုပ်ကိုင်ရန် အန္တရာယ်ရှိ သည့် လုပ်ငန်းဆောင်ရွက်မှုများ ၌ အာရုံခံစနစ်ဖြင့် အဝေးမှ ထိန်းချုပ်နိုင်သော စက်ရုပ်လက် တစ်မျိုးကို မန္တလေးနည်းပညာ တက္ကသိုလ် (MIT)မှ ကျောင်း သား၊ ကျောင်းသူလေးဦးက ပူးပေါင်းကာ  တီထွင်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီ Project ကို လူကိုယ် တိုင်သွားရောက်ကိုင်တွယ်ဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိ ပစ္စည်းမျိုးကို အဝေးကနေ ထိန်းချုပ် ကိုင်တွယ်ဖယ်ရှားနိုင်ဖို့ ရည်ရွယ် ဒီဇိုင်းထုတ်တည်ဆောက်ထား တာပါ။ လောလောဆယ်မှာတော့ လူ့လက်နဲ့ ဆင်တူတဲ့ စက်ရုပ် လက်ကို ဒီဇိုင်းထုတ်တပ်ဆင်ကာ ကြိုးမဲ့ထိန်းချုပ်ထားပါတယ်။ နောင်မှာတော့ ရွေ့လျားမယ့် ယာဉ်နဲ့ ထောက်လှမ်းမယ့် ကင်မ ရာများပါ တပ်ဆင်ပြီး ပြည့်စုံ အောင် ဆက်လက်တည် ဆောက်သွားဖို့ရှိပါတယ်’’ဟု မန္တလေးနည်းပညာတက္ကသိုလ် Electronic Engineering ဌာန ကျောင်း သား ကိုဇော်မင်းမင်းထွန်းက ရှင်းပြသည်။

အဆိုပါစက်ရုပ်လက်ကို ထိန်းချုပ်မည့်သူ၏ လက်မောင်း၊ လက်ဖျံနှင့် လက်ကောက်ဝတ် များတွင် ကမ္ဘာ့ဆွဲအားနှင့် သံ လိုက်စက်ကွင်းများကို အခြေခံ သည့် အာရုံခံစနစ်များ  တပ် ဆင်ကာ လူလက်၏ လှုပ်ရှားမှု များမှတစ်ဆင့် အာရုံခံစနစ်ထံသို့ ကြိုးမဲ့စနစ်ဖြင့် ပေးပို့ကာ စက်ရုပ် လက်ကို အဝေးမှ လိုအပ်သလို လှုပ်ရှားမှုများ ပြုလုပ်စေခြင်းဖြစ် ကြောင်း သိရသည်။

လူလက်နှင့် စက်ရုပ်လက် တို့တွင် တပ်ဆင်ထားသည့် အာ ရုံခံစနစ်များကို အဝေးက ထိန်း ချုပ်နိုင်ရန် Bluetooth Moduleများ  အသုံးပြုထားပြီး အလိုအလျောက်ချိတ်ဆက်နိုင်စေရန် Bind and Link ပြုလုပ်ပေးထား ပြီး စက်ရုပ်လက်ကို ပေသုံးဆယ်အကွာမှ လှမ်း၍ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

‘‘ဒီ Project နဲ့ ပတ်သက်လို့ ဆက်လက်သုတေသနပြုစရာ အ ပိုင်းများအနေနဲ့ တခြားမေဂျာများ ရဲ့ အခန်းကဏ္ဍကလည်း အရေး ပါနေပါတယ်။ စက်ရုပ်ဘက်ပိုင်း မှာ Mechanical နဲ့ Mechatronic မေဂျာများကပါ ပါဝင်မွမ်းမံတည် ဆောက်မယ်ဆိုရင်တော့ လွတ် လပ်စွာ လှုပ်ရှားပေးမယ့် တခြား DOF များအပြင် အမြန်နှုန်း၊ ရုန်း အားနဲ့ ထောင့်အကျယ်များအ တွက်ပါ ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်း မျိုး ရလာမှာဖြစ်ပါတယ်’’ဟု ကို ဇော်မင်းမင်းထွန်းက ပြောသည်။

အဆိုပါစက်ရုပ်လက်ကို မန္တလေးနည်းပညာတက္ကသိုလ် Electronic Engineering ဌာနMicroelectronics and Emb-edded Technology Division မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မောင်ဇော်မင်းမင်း ထွန်း (Ph.D candidate)၊ မောင် ထက်အောင် (5th Year BE)၊ မောင်ကျော်ဇင်ဖြိုး (4th Year BE)နှင့် မထက်ထက်ဝင်း (4th Year BE)တို့က  ပူးပေါင်းတီထွင်ခဲ့ ကြောင်း သိရသည်။ အဆိုပါအဝေးထိန်းစက်ရုပ်လက်ပရောဂျက်ကို မန္တလေး နည်းပညာတက္ကသိုလ် (၂၅)နှစ် ပြည့် အထိမ်းအမှတ်နည်းပညာ ပြပွဲတွင် ပြသရန် တီထွင်ခဲ့ခြင်းဖြစ် ပြီး ပစ္စည်းတန်ဖိုး ကျပ် နှစ်သိန်းခွဲ ကျသင့်ကာ ပရောဂျက်နှင့် ပတ်သက်၍ ဆက်စပ်ပြီး လုပ်ဆောင် နိုင်မည့် သုတေသနပိုင်းများအ တွက် ဌာနတွင်း  အပတ်စဉ် ဆွေးနွေးပွဲများမှတစ်ဆင့် ဆရာ၊ ဆရာမများထံ တင်ပြကာ အကြံ ဉာဏ်တောင်းခံလျက်ရှိကြောင်း သတင်းရရှိသည်။

===================    
251 / End