၁၆ ဇန်နဝါရီ ၂၀၁၇ - ၂၀:၀၆
လဟယ်မြို့၌ ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ သမ္မတဦးထင်ကျော်တက်ရောက်

၂၀၁၇ နာဂရိုးရာနှစ် သစ်ကူးပွဲတော်အခမ်းအနားကို ဇန်န၀ါရီ ၁၅ရက်က လဟယ်မြို့ တွင် ကျင်းပရာနိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီးဒေါ်စုစုလွင် တို့တက်ရောက်ချီးမြှင့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သ တင်းဖော်ပြခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



၂၀၁၇ နာဂရိုးရာနှစ် သစ်ကူးပွဲတော်အခမ်းအနားကို ဇန်န၀ါရီ ၁၅ရက်က လဟယ်မြို့ တွင် ကျင်းပရာနိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီးဒေါ်စုစုလွင် တို့တက်ရောက်ချီးမြှင့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သ တင်းဖော်ပြခဲ့သည်။

တောတောင်သဘာဝအလှ အပများနှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးသေးသည့်နာဂဒေသအ ခြေအနေနှင့်ပတ်သက်၍ နိုင်ငံ တော်သမ္မတက ဂုဏ်ပြုစကားဆို ခဲ့ပြီး နာဂဒေသပညာရေး၊ကျန်း မာရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစစအရာ ရာမမေ့မလျော့  စဉ်းစားဆောင် ရွက်မည်ဟုပြောကြားခဲ့သည်။

  တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးပြည်နယ်ပြည်မ မခွဲခြားဘဲ  မျှော်မှန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးရည်မှန်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပူပေါင်းကြိုးပမ်းဆောင် ရွက်ကြရန်လည်း သမ္မတက တိုက်တွန်းစကားဆိုသည်။


အစိုးရအဖွဲ့သက်တမ်းကိုး လအတွင်း နာဂဒေသဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီးဌာနများ၏ ရန်ပုံငွေများအလိုက် ကျပ်သန်းပေါင်း ၉,၆၀၀ကျော် အသုံးပြုထားကြောင်း သတင်းရရှိသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မ တနှင့်အဖွဲ့သည် နာဂရိုးရာနှစ် သစ်ကူးပွဲတော်အထိမ်းအမှတ်မီး ပုံပွဲသို့ တက်ရောက်ခဲ့သည်။

 နာဂရိုးရာနှစ်သစ်ကူးပွဲ တော်ကို မိရိုးဖလာတောင်ယာ လုပ်ငန်းခွင်နှင့်လယ်ယာလုပ်ငန်း ခွင်များမှ ကောက်ပဲသီးနှံများရိတ်  သိမ်းပြီးနောက် နှစ်သစ်တောင် ယာ၊ လယ်ယာလုပ်ငန်းခွင်မ၀င်မီ ကျင်းပခြင်းဖြစ်သည်။

 နာဂရိုးရာနှစ်သစ်ကူးပွဲ တော်ကို ယခင်က နှစ်စဉ်ကျေးရွာ အလိုက် ကျင်းပကြောင်း၊ ၁၉၅၆-၅၇တွင် နာဂတိုင်းရင်းသားအ ကြီးအကဲများဦးဆောင်မှုဖြင့် မြို့ နယ်အဆင့်  နှစ်သစ်ကူးပွဲတော် များကို ကျင်းပခဲ့ပြီး ၁၉၉၀ပြည့် နှစ်တွင် နာဂမျိုးနွယ်စုအကြီးအကဲ များညှိနှိုင်းတိုင်ပင်မှုဖြင့် နှစ်စဉ် ဇန်န၀ါရီ ၁၅ရက်ကို နာဂရိုးရာနှစ် သစ်ကူးပွဲတော်အဖြစ်သတ်မှတ်ခဲ့ သည်။

၂၀၀၁ကစ၍ နာဂရိုးရာနှစ် သစ်ကူးပွဲတော်ကို နိုင်ငံတော်အ ဆင့်အဖြစ် နာဂဒေသလေရှီး၊ လ ဟယ်နှင့် နန်းယွင်းမြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။


===================  
251 / End