အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ ဦး ထင်ကျော်သည် ဇန်နဝါရီ ၂၂ ရက်က ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏နေအိမ်ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သ တင်းရရှိသည်။
သမ္မတဦးထင်ကျော်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်း ဝင်းခိုင်သန်း၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ နှင့်အတူ ကမာရွတ်မြို့နယ် ပန်းဝါလမ်းရှိ ဦးသန့်နေအိမ်သို့ ယမန် နေ့ နေ့လယ် ၁၁ နာရီခွဲခန့်က သွားရောက်ခဲ့ရာ ဦးသန့်၏မြေး ဒေါက်တာသန့်မြင့်ဦးက လိုက်လံ ပြသသည်။ နိုင်ငံတော်သမ္မတက ဦးသန့်နေအိမ်ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မှတ် တမ်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ နှင့်စာအုပ်များကို လေ့လာကြည့် ရှုခဲ့ပြီး ဒေါက်တာသန့်မြင့်ဦးနှင့် လည်း အမှတ်တရလက်ဆောင် များကို အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ဦးသန့်နေအိမ်ပြတိုက်သည် ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် ပန်းဝါလမ်းတွင် တည်ရှိပြီး နိုင်ငံ တော်သမ္မတ ဦးထင်ကျော်၏ဖခင်ဆရာမင်းသုဝဏ်၏ နေအိမ်အ ဟောင်းက ကမာရွတ်မြို့နယ်(၁) ရပ်ကွက်၌ တည်ရှိသည်။
===================
251 / End
၂၃ ဇန်နဝါရီ ၂၀၁၇ - ၁၂:၀၆
News ID: 806730
နိုင်ငံတော်သမ္မတ ဦး ထင်ကျော်သည် ဇန်နဝါရီ ၂၂ ရက်က ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏နေအိမ်ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သ တင်းရရှိသည်။