၂၆ ဇန်နဝါရီ ၂၀၁၇ - ၁၈:၄၂
နိုင်ငံဖွံ့ဖြိုးမှု နောက်ကျသောကြောင့် လက်ရှိအခြေအနေကို နားလည်ခွင့်လွှတ်ပေးရန် ဦးဖြိုးမင်းသိန်း ပြောကြား

ပြည်သူလူထုဖြစ်စေလို သော ကိစ္စရပ်များ အကောင်အ ထည်ဖော်ရာတွင် တိုင်းပြည်ဖွံ့ဖြိုး မှုနောက်ကျခဲ့သောကြောင့် အ ဆင်သင့်မရှိ၍ လက်ရှိအခြေအ နေကို နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၂၅ ရက်တွင်ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်သူလူထုဖြစ်စေလို သော ကိစ္စရပ်များ အကောင်အ ထည်ဖော်ရာတွင် တိုင်းပြည်ဖွံ့ဖြိုး မှုနောက်ကျခဲ့သောကြောင့် အ ဆင်သင့်မရှိ၍ လက်ရှိအခြေအ နေကို နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၂၅ ရက်တွင်ပြောကြားသည်။

ရန်ကုန်ဘတ်စ်ကား ၀န် ဆောင်မှု (YBS) စနစ်စတင်ပြီး ၁၀ ရက်မြောက်အထိ ခရီးသွား ပြည်သူများအတွက် အဆင်မပြေသေးချိန်တွင် ပြည်သူလူထုအား နားလည်ခွင့်လွှတ်ရန် ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ကို နားလည် ခွင့်လွှတ်ပေးနိုင်ဖို့ အခြေအနေက တော့ ကျွန်တော်တို့တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ပါ တယ်။  နောက်ကျတဲ့အတွက် ကျွန်တော်တို့ရဲ့ အခြေအနေဟာ တခြားနိုင်ငံတွေလောက် ငွေရေး ကြေးအရသော် လည်းကောင်း၊ ကျွန်တော်တို့မှာ အဆင်သင့်မရှိ တဲ့အခြေအနေတွေ ရှိပါတယ်’’ ဟု ၀န်ကြီးချုပ်ကပြောသည်။

ဆက်လက်၍ ဦးဖြိုးမင်း သိန်းက ၎င်းတို့တွင်ရှိထားသည့် ခွန်အားနှင့် စွမ်းဆောင်နိုင်သည့် အခြေအနေအထိ ပြည်သူလူထု ကို ပွင့်လင်းစွာ အသိပေး၍ ဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ ပြည်သူများက ၀ိုင်းဝန်းအကြံပြု ချက်များရှိလာပါက အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေး မည်ဟု ပြောကြားသည်။

ခေတ်အဆက်ဆက် အစိုးရ လုပ်ဆောင်မှု အားနည်းခဲ့ခြင်း ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက် ကျခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု ညံ့ ဖျင်းခဲ့ခြင်းမှာ အခြေခံအချက်တစ် ချက်အဖြစ် လက်ခံသော်လည်း ကြိုတင်စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်သူလူထုနှင့် သက်ဆိုင်ရာ အ ဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာ စေရန် လုပ်ဆောင်မှုမရှိခြင်း၊ကြီး မားသည့် စီမံကိန်းမစတင်မီ ရှေ့ ပြေးစီမံကိန်းငယ်များ မပြုလုပ်ခဲ့ ခြင်း စသည့်စနစ်ပိုင်းအားနည်းခဲ့ ကြောင်းစီးပွားရေးဆိုင်ရာ အကြံ ပေးပညာရှင် ဦးချစ်ထွန်းဖေက သုံးသပ်သည်။

‘‘စေတနာပိုင်းအရ အား ကောင်းပြီး စနစ်ပိုင်းအရ အား နည်းတယ်လို့ ပညာရှင် တစ် ယောက်အနေနဲ့ပွင့်ပွင့်လင်းလင်း မြင်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်တဲ့အ ပေါ်မှာ သင်ခန်းစာယူပြီး ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ဆိုရင်တော့ ၀န်ကြီးချုပ် ကြိုးစားမှုကို သဘောကျပါတယ်’’ဟု ဦးချစ်ထွန်းဖေက မှတ်ချက်ပြုသည်။

တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက် မှု နောက်ကျခဲ့၍ အရင်းအမြစ် များစွာ အားနည်းချက်ဖြစ်ပေါ်နေ ခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်သော်လည်း အဆိုပါဖွံ့ဖြိုးမှု အားနည်းခဲ့ခြင်း တစ်ခုတည်း ကြောင့်မဟုတ်ဘဲ အချိန်ယူလုပ် ဆောင်ပါက လက်ရှိအခြေအနေ ထက် ပိုမိုအဆင်ပြေချောမွေ့နိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဘုန်းလတ်က သုံးသပ်သည်။

လက်ရှိတွင် ခရီးသွားပြည် သူလူထုသည် ရုံးဆင်းချိန်နှင့်ည ဘက်၌ ဘတ်စ်ကားရှားပါးမှုနှင့် ကြုံတွေ့နေသည်။

ယင်းကဲ့သို့ ညဘက်ကားရှား ပါးမှုကို ဖြေရှင်းရန်ဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းက ဇန်န၀ါရီ ၂၄ ရက် က ယာဉ်ပိုင်ရှင်များကို အစည်း အဝေးခေါ်ယူပြီး ညပိုင်းအထိ ဘတ်စ်ကားများ ပြေးဆွဲပေးရန် ဆွေးနွေးစီစဉ်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် ညဘက် ခရီးသွား လာမှုအဆင်ပြေစေရန် ညဘက် သီးသန့်ဘတ်စ်ကားများ ပြေးဆွဲ ပေးရန် စီစဉ်ထားကြောင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

‘‘ညဘက် ကားအခက်အခဲ တွေအတွက် ညကြီးကားပြေးဆွဲ ပေးဖို့ မနေ့က ဆွေးနွေးထားပါ တယ်။ ညဘက်မှာ ထွက်ပေးမယ့် ကားပေါ့ဗျာ။ သီးခြားညဘက် ထွက်ပေးဖို့ ကား။ ညကြီးကား စီ စဉ်ဖို့ဆိုပြီးတော့ အစီအစဉ်ရှိပါ တယ်’’ ဟု ၀န်ကြီးချုပ်က ဆိုသည်။

ညဘက် ကားသီးသန့်ပြေး ဆွဲရာတွင် ယာဉ်လိုင်းများ၌ ယာဉ်လုပ်သားအရေအတွက် လို အပ်ချက်ပြည့်ဝရန် အရေးကြီးပြီး ယာဉ်မောင်းများ၏ ကျန်းမာရေး အတွက် အလှည့်ကျစနစ်ဖြင့် စီစဉ်မှသာ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း ယာဉ်ပိုင်ရှင် ကိုသန့်ဇင် ကြည်ကပြောသည်။

စနစ်သစ်တွင် အများပိုင် ကုမ္ပဏီအဖြစ် အကောင်အထည် ဖော်ရန် ရည်ရွယ်ထားပြီး လက်ရှိ ၌ ယာဉ်ပိုင်ရှင်များက အမြတ်များ များရမည့် နေရာများတွင်သာ ပြေးဆွဲလိုပြီး အမြတ်မရရှိသည့် နေရာများတွင် ပြေးဆွဲလိုခြင်းမရှိ ကြောင်း၊ အချို့လမ်းကြောင်းတွင် မြတ်ပြီး အချို့လမ်းကြောင်းတွင် မမြတ်သော်လည်း မျှခြေတစ်ခု ဖြစ်စေလိုကြောင်း၊ သို့သော် ယခု အခါ တစ်ဦးချင်းပိုင်ကားများရှိနေ သေးကြောင်း ၀န်ကြီးချုပ်ကဆက် လက်ပြောကြားသည်။ လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စနစ်ပြောင်းလဲခြင်းကိုသာ လုပ်ဆောင်နိုင်သေးပြီး အဆင့်မြှင့်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ရဦးမည်ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့သည် ဘတ်စ်ကားဝန် ဆောင်မှုစနစ်အတွက် ကျပ်ဘီလီ ယံ ၇၀ သုံးစွဲမည်ဖြစ်ပြီး ကားများ လမ်းမဘေးတွင် ရပ်ထားရသည့် အခြေအနေကို ပြင်ဆင်ရန် ဂိတ် ရင်း၊ ဂိတ်ဖျားများ၌ ကျပ်ဘီလီယံ ၁၀ ကိုလည်းကောင်း၊ ကားသစ် များ ၀ယ်ယူရေးအတွက် ကျပ်ဘီ လီယံ ၆၀ ကိုလည်းကောင်း သုံးစွဲ မည်ဖြစ်သည်။

သို့ရာတွင် ကားပိုင်ရှင်များ ၏ ဘ၀ ပျက်ပြားမသွားစေရန် ကားသစ်ဝယ်ယူမည့် ကျပ်ဘီလီ ယံ ၆၀ ကို ဖြည်းဖြည်းချင်းသုံးစွဲ မည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များကိုယ် တိုင် အများပြည်သူပိုင် ဘတ်စ် ကားစနစ်တွင် ပူးပေါင်းပါဝင်လာ ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သည့် အ ခြေအနေမျိုးဖြစ်ရန်ကြိုးစားမည် ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

===================  
251 / End