အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းဒေသကြီးဝန်ကြီး ချုပ်များသည် ပြည်သူများက မဲပေး၍ ဖြစ်လာသောကြောင့် ပြည်သူများက ခိုင်းပိုင်ခွင့်ရှိပြီး သည်းမခံသင့်သည့်နေရာ သည်းခံပါ က ၀န်ကြီးချုပ်များ ပျင်းလာလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
ဇန်န၀ါရီ ၂၅ ရက်က ပခုက္ကူ မြို့နယ် စံပြကြီးရွာသို့ရောက်ရှိ လာသော ဒေါ်အောင်ဆန်းစုကြည် က ရွာသားများနှင့် ၁၀ မိနစ်ကြာ တွေ့ဆုံမှုတွင် ၎င်း၏ခရီးစဉ် အတွင်း အတူလိုက်ပါလာသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုနှင့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်တို့ကို ဥပမာထားပြသ၍ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။‘‘တိုင်းဝန်ကြီးချုပ်က အဓိ ကပဲလေ။ ကောင်းကောင်းထောင်း ထား။ တိုင်းဝန်ကြီးချုပ်က ပြည် သူလူထုတွေက မဲပေးလို့ရောက် လာတဲ့ ၀န်ကြီးချုပ်။ အဲဒါကြောင့် ကိုယ့်မှာ ခိုင်းပိုင်ခွင့်ရှိတယ် ဆိုတာ သေသေချာချာ မှတ်ထား’’ ဟု ဒေါ်အောင်ဆန်းစုကြည်က စံပြကြီးရွာသားများအား ပြောသည်။
‘‘ပြည်သူကလည်း ပြောသင့် တာကို ပြောပါ။ လုပ်သင့်တာ လည်း လုပ်ပါ။ ဒါပေမဲ့လည်း သည်းခံသင့်တဲ့ နေရာမှာလည်း သည်းခံပါ။ သည်းမခံသင့်တဲ့နေ ရာမှာတော့ သည်းမခံပါနဲ့။ သည်း မခံသင့်တဲ့နေရာမှာ သည်းခံရင် တော်ကြာဝန်ကြီးချုပ်ကြီး ပျင်းနေ လိမ့်မယ်။ ဒါကြောင့် အားလုံးက နေ တွန်းအားပေးကြပါလို့ ကျွန်မ ကနေ မေတ္တာရပ်ခံချင်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့်အတူ လိုက်ပါလာသည့် ကျန်းမာရေးဝန်ကြီး၊ပညာရေးဝန် ကြီး၊ စိုက်ပျိုးရေးဝန်ကြီးနှင့် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး များကို ရွာသားများအား ပြသ၍ ‘‘ဒါကတော့ ပြဿနာရှာချင်ရင် ဘယ်သူ့ကို ရှာမလဲဆိုတာ သိ အောင်လို့’’ ဟု ပြောကာဝန်ကြီး များကို ရှေ့ထွက်ခိုင်း၍ ဒေသခံ လူထုနှင့် မိတ်ဆက်ပေးခဲ့သည်။
‘‘ကျွန်မတို့ရဲ့ အစိုးရကဆယ်လတောင် မပြည့်သေးဘူးပေါ့ နော်။ ပြောရမယ်ဆိုရင် ကျွန်မတို့ ရဲ့ အစိုးရက မွေးကင်းစတောင် မဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်တဲ့နေရာမှာတော့ ကျွန်မတို့က မနှောင့်နှေးပါဘူးလို့ ပြောပါရစေ။အားလုံးရဲ့ကျေနပ်မှုရအောင် ကျွန်မတို့ကကြိုးစားရမယ်’’ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၂၅ ရက်က ပခုက္ကူမြို့နယ် စံပြကြီးရွာအတွင်းရှိ ကိုယ် ၀န်ဆောင်မိခင်များနှင့်လည်း သီး သန့်တွေ့ဆုံပြီး မိခင်နှင့် ကလေး ငယ်များအာဟာရ ပြည့်ဝစေရန် လိုအပ်သည်များ တောင်းဆိုကြ ရန်လည်း ပြောကြားခဲ့သည်။
===================
251 / End
ပည်သူများ သည်းမခံသင့်သည့်နေရာတွင် သည်းခံပါက ၀န်ကြီးချုပ်များ ပျင်းလာလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ၀န်ကြီးချုပ်များကို ပြည်သူ
၂၇ ဇန်နဝါရီ ၂၀၁၇ - ၁၆:၅၂
News ID: 807662
တိုင်းဒေသကြီးဝန်ကြီး ချုပ်များသည် ပြည်သူများက မဲပေး၍ ဖြစ်လာသောကြောင့် ပြည်သူများက ခိုင်းပိုင်ခွင့်ရှိပြီး သည်းမခံသင့်သည့်နေရာ သည်းခံပါ က ၀န်ကြီးချုပ်များ ပျင်းလာလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။