၃၁ ဇန်နဝါရီ ၂၀၁၇ - ၁၇:၀၃
ဦးကိုနီလုပ်ကြံခံရမှု ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်နေဟု ရန်ကုန်တိုင်းမှူးပြော

ဒီချုပ်ပါတီ ဥပဒေအကြံ ပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု ပေါ်ပေါက်ရေးအတွက် အပြည့် အဝ ပူးပေါင်းဆောင်ရွက်ထား သည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီချုပ်ပါတီ ဥပဒေအကြံ ပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု ပေါ်ပေါက်ရေးအတွက် အပြည့် အဝ ပူးပေါင်းဆောင်ရွက်ထား သည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းက ပြောသည်။

  သေနတ်သမားတစ်ဦး၏ အနီးကပ် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်ခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးကိုနီ၏ ရုပ် အလောင်းကို ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီက ရေဝေးစွန္နိမွတ် စလင်မ်ကဗရ်စတာန် ဥယျာဉ် တော်သင်္ချိုင်း၌ သဂြုင်္ိဟ်ရာတွင် သင်္ချိုင်းအတွင်းရှိ ရုံးခန်းငယ်သို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သုံးမိနစ်ခန့်ကြာ လာရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ တာဝန်ရှိသူ တွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ ကျွန် တော်တို့က အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးထားပါတယ်’’ဟု တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းက 7Day Daily အား ပြောသည်။


သို့သော် လူထု၏ လုံခြုံရေး ကိစ္စအပါအဝင် နောက်ဆက်တွဲ မေးခွန်းများ ထပ်မံမေးမြန်းရာ တွင် ၎င်းက ဆက်လက်ဖြေကြား ခြင်းမပြုဘဲ ပြန်လည်ထွက်ခွာ သွားသည်။

ဇန်နဝါရီ ၃၀ ရက်ညနေ ၆ နာရီကျော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး  ‘ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများအား  အမြန်ဖမ်းဆီးရမိရေးအတွက် တပ်မတော်အနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း’ဖော်ပြထားသည်။

ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူသည် မန္တလေးမြို့ချမ်းအေးသာ စံမြို့နယ် မောရဂီဝါရပ် ၇၃လမ်းနှင့် ၇၄လမ်းကြား၊ ၃၄လမ်းနှင့်၃၅ လမ်းကြားတွင် နေသည်ဟု အစောပိုင်းကဆိုခဲ့သည်။ သို့သော် ထိုသူသည်မန္တ လေးသားမဟုတ်ကြောင်း မန္တ လေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ဇန်နဝါရီ ၃၀ ရက် တွင် ပြောကြားသည်။ ယင်းနေ့ ညနေတွင် ထိုသူသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ  ဇာတိဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။

 အရပ်သားများ သေနတ် ကိုင်ဆောင်ခွင့်မရှိသော ရန်ကုန် မြို့နယ်နိမိတ်အတွင်း မင်္ဂလာဒုံ လေဆိပ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ကျွမ်းကျင်သူ ရှေ့နေ ဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ် ကြံခံရမှုအပေါ် လူထု၏ မေးခွန်း ထုတ်သံ ကျယ်လောင်နေသကဲ့သို့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှု လည်း မြင့်တက်လျက်ရှိသည်။

  ရှေ့နေကြီးဦးကိုနီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်သူ ဖြစ်ပြီး အခြေခံဥပဒေသစ်အစား ထိုးရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတို့ကို တက်ကြွစွာ ကြိုးပမ်းသူတစ်ဦး အဖြစ် နာမည်ကြီးသူဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေက ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖန်တီးနိုင်ခဲ့ခြင်းမှာ ဦးကိုနီ၏ စွမ်းဆောင်မှုဟု လူသိများသည်။ ၎င်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၌လည်း နစ်နာသူများဘက်က မေတ္တာဖြင့် လိုက်ပါကူညီခဲ့သူဖြစ်သည်။ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်က အင်ဒိုနီးရှား လေ့လာရေးခရီးစဉ်မှ ပြန်လာစဉ် မင်္ဂလာဒုံလေဆိပ်ထွက်ပေါက်၌ သေနတ်သမားတစ်ဦး၏ အနီးကပ်ပစ်ခတ်လုပ်ကြံမှု ခံခဲ့ရသည်။ ဇန်နဝါရီ ၃၀ ရက်က ရေဝေးစွန္နိမွတ်စလင်မ်ကဗရ်စတာန်ဥယျာဉ်တော်သင်္ချိုင်း၌ သင်္ဂြိုဟ်ခဲ့သော ၎င်း၏ နောက်ဆုံးခရီးကို လူမျိုးဘာသာပေါင်းစုံမှ ထောင်နှင့်ချီသော လူအုပ်ကြီးက တက်ရောက်ခဲ့ကြသည်။

===================
251/End