၆ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၅၀
နိုင်ငံတော်သမ္မတ ဦးထင်ကျော် အန်ကောဝပ်သို့ သွားရောက်

နိုင်ငံတော်သမ္မတ ဦး ထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဆီ ရမ်ရိ(ပ်)မြို့ရှိ အန်ကောဝပ်အနုပ ညာဗိသုကာအခင်းအကျင်းများ ဖြစ်သော အန်ကောဝပ်ကျောင်း တော်၊ ဘာယွန်ဗုဒ္ဓဘာသာ ကျောင်းနှင့် တာပရုန်ကျောင်း တော်တို့ကို ဖေဖော်ဝါရီ ၅ ရက် တွင် သွားရောက်ကြည့်ရှုလေ့လာ ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတ ဦး ထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဆီ ရမ်ရိ(ပ်)မြို့ရှိ အန်ကောဝပ်အနုပ ညာဗိသုကာအခင်းအကျင်းများ ဖြစ်သော အန်ကောဝပ်ကျောင်း တော်၊ ဘာယွန်ဗုဒ္ဓဘာသာ ကျောင်းနှင့် တာပရုန်ကျောင်း တော်တို့ကို ဖေဖော်ဝါရီ  ၅ ရက် တွင် သွားရောက်ကြည့်ရှုလေ့လာ ခဲ့သည်။

ထိုသို့လေ့လာစဉ် ကမ္ဘောဒီး ယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘုရင့်နန်းတော်ရေးရာဝန်ကြီးတို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း နိုင်ငံ ပိုင်မီဒီယာများက ဖော်ပြသည်။

အန်ကောဝပ်ကျောင်းတော် ကြီးသည် အန်ကောဒေသရှိ အ ဆောက်အအုံများအနက် အကြီး ဆုံးဖြစ်သည်။ အဆောက်အအုံ ၏ ဧရိယာအကျယ်အ၀န်းသည် ၄၈၁ ဧကရှိပြီး ကျုံး၊ မြို့ရိုးတို့ ဖြင့် ကာရံထားကာ ဗဟိုမျှော်စင်နှင့် ထောင့်လေးထောင့်တွင် အမြင့် ၅၅ မီတာစီရှိ မျှော်စင်လေးခု ၀န်းရံတည်ဆာက်ထားသည်။

ဗဟိုမျှော်စင်သည် ပေ ၂၀၀ ခန့်မြင့်ပြီး အန်ကောဝပ်အနုပညာ လက်ရာများကို ဘိလပ်မြေနှင့် အင်္ဂတေမသုံးဘဲ ကျောက်တုံးများ ကို လှီးဖြတ်ထွင်းထုကာ ပိရိသေ သပ်စွာ ထပ်၍ တည်ဆောက်ထားသည်။

 အန်ကောဝပ်ဒေသကို ၁၉၉၂ တွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) က ကမ္ဘာ့အံ့ဖွယ်အ မွေအနှစ်များ စာရင်းတွင် ထည့်သွင်းခဲ့ပြီး ထိန်းသိမ်းထားသည်။

အန်ကောဝပ်ကို ဒုတိယ မြောက် သူရိယ၀ါမန်မင်းက အ ခမ်းအနားဆုံးဖြစ်အောင် စီမံတည်ဆောက်ခဲ့ခြင်းဖြစ်၍ နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်း ရှိသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဆီရမ်ရိ(ပ်)မြို့ရှိ ARTISANS Angkor သက်မွေးပညာသင် တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းသား၊ သင်တန်းသူများ ၏ လက်မှုပညာဘာသာရပ်များ ဖြစ်သည့် ပန်းပု၊ ပန်းချီ၊ ယွန်း၊ ပန်းထိမ်၊ ကျောက်ဆစ်၊ ရက်ကန်း၊ ပိုးထည်ဆိုင်ရာပညာရပ်များ လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါသင်တန်းကျောင်းကို ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ ပါးရေး၊ ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း များရရှိပြီး မိသားစုဘ၀များ ရပ်တည်နိုင်စေရေးနှင့်  ခမာရိုးရာယဉ်ကျေးမှုများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက် ရေးစသည့် ရည်ရွယ်ချက်များဖြင့် ၁၉၉၂ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျေးလက်ဒေသများမှ အသက် (၁၈)နှစ်မှ (၂၅)နှစ်အတွင်းရှိ လူငယ်များအား လက်မှုပညာဘာ သာရပ်များကို အခမဲ့သင်ကြား ခဲ့သည်။

၂၀၀၃ တွင် အဆိုပါသင် တန်းကျောင်းကို အစိုးရ၊ အများပိုင်ကုမ္ပဏီများနှင့် လက်မှုပညာ ရှင်များ ပူးပေါင်း၍ စတင်ဆောင် ရွက်ခဲ့ကြောင်းနှင့် ယခုအချိန်၌ သင်တန်းကျောင်းတွင် လက်မှု ပညာရှင် ၈၀၀ အပါအ၀င် ၀န်ထမ်းပေါင်း ၁၁၀၀၊ ဆီရမ်ရိ(ပ်)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာ ၌ အလုပ်ရုံပေါင်း ၄၈ ရုံအထိ တိုးတက်လာပြီး ၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိသည်။

===================
251/End