၇ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၄၉
 ချင်းနှင့် ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် အသင့်မဖြစ်ဟု UPDJC ဆုံးဖြတ် အမျိုးသားအဆင့်ဆွေးနေ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)အစည်းအ ဝေးကို ဖေဖော်ဝါရီ ၆ ရက်က နေ ပြည်တော်၌ ကျင်းပရာ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမ တိုင်မီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ရှမ်းပြည်နယ် တွင် နှစ်ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ကြိမ် ဆက်လက်ကျင်းပ ရန် ဆုံးဖြတ်ခဲ့သော်လည်း ချင်းနှင့် ရခိုင်ပြည်နယ်တို့၌ အဆင်သင့် မဖြစ်ဟုဆိုကာ ခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)အစည်းအ ဝေးကို ဖေဖော်ဝါရီ ၆ ရက်က နေ ပြည်တော်၌ ကျင်းပရာ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမ တိုင်မီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ရှမ်းပြည်နယ် တွင် နှစ်ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ကြိမ် ဆက်လက်ကျင်းပ ရန် ဆုံးဖြတ်ခဲ့သော်လည်း ချင်းနှင့် ရခိုင်ပြည်နယ်တို့၌ အဆင်သင့် မဖြစ်ဟုဆိုကာ ခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးမတိုင်မီ ချင်းပြည်နယ်တွင် အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ ခွင့်မရပါက ညီလာခံသို့ တက်၊ မတက်ဆိုသည်ကို အဖွဲ့အတွင်း ဆုံးဖြတ်ချက်ရယူမည်ဟု တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။


‘‘တကယ်လို့ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ နိုင်ခြင်းမရှိဘူးဆိုရင် ကျွန်တော် တို့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကိုလည်း တက် ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတဲ့ဟာကို ပါတီကို အစီရင်ခံပြီး တော့ ပါတီရဲ့ဆုံးဖြတ်ချက်အပေါ် ခံယူသွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းက ပြောသည်။

ချင်းပြည်နယ်တွင် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ  ကျင်းပနိုင်ရေး ပြည်နယ်အစိုးရ၊ ချင်းနိုင်ငံရေးပါတီ၊ ချင်းလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ အဆင်သင့်ပြင်ဆင်ထား သော်လည်း ကျင်းပခွင့်မပြုရန် အကြောင်းပြချက် တိတိကျကျ မရှိသည့်အပေါ် အခက်အခဲဖြစ် နေသည်ဟု ၎င်းက ဆိုသည်။

‘‘လာမယ့် ကျင်းပမယ့်ညီ လာခံက အရေးကြီးတယ်။ ဆုံး ဖြတ်ချက်ချရမယ့် ညီလာခံဖြစ် တယ်။ အဲဒီဆုံးဖြတ်ချက်ချရမယ့် ညီလာခံမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမရှိဘဲနဲ့ ကျွန် တော်တို့ ဘာသွားတင်ပြမလဲ။ အဲဒီအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ချင်းပြည်နယ် မှာ မကျင်းပနိုင်ဘဲနဲ့ အဲဒီပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်တာ အဓိပ္ပာယ်မရှိ ဘူး’’ဟု ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။

ချင်းနှင့် ရခိုင်ပြည်နယ်များ တွင် အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပနိုင်ရေး အစိုးရဘက်က ကြိုးပမ်းပေးမည်ဟု ယခု UPDJC အစည်းအဝေးတွင် ဆုံးဖြတ်ချက် ရှိသည်ဟုလည်း ၎င်းက ပြော သည်။

ချင်းပြည်နယ်တွင် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ ကျင်းပနိုင်ရေး CNF နှင့် ချင်းပြည်နယ်အစိုးရတို့ ဖေဖော်ဝါရီ ၁ ရက်က ဟားခါးမြို့၌တွေ့ဆုံညှိနှိုင်းထားသည်။ NCA အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များနှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရ မည်ဖြစ်၍ NCA လက်မှတ်ရေးထိုး ထားသည့် လက်နက်ကိုင်ရှစ်ဖွဲ့ အတွင်း ခွဲခြားမှုမရှိဘဲ အမျိုးသား အဆင့် ဆွေးနွေးပွဲများ ပြီးစီးရန် အရေးကြီးကြောင်း ရခိုင်လက် နက်ကိုင်အဖွဲ့(ALP) ကိုယ်စား လှယ် ဒေါ်စောမြရာဇာလင်းက ဆို သည်။

‘‘အခုတော့ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရခိုင် မှာ အကြောင်းအမျိုးမျိုးကြောင့် မပြီးသေးဘူး။ ထိုနည်းလည်း ကောင်း ချင်းပြည်နယ်မှာလည်း မပြီးသေးဘူး။ အဲဒီလိုမပြီးသေးတဲ့ အနေအထားတွေကို အဓိကထား ပြီးတော့ ဒီလက်မှတ်ထိုးထားကြ တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ စာနာစဉ်းစားဖို့ ကျွန်မအနေနဲ့ ပြောချင်တယ်’’ ဟု ၎င်းက ဆို သည်။

UPDJC အစည်းအဝေးတွင် ချင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ အစည်းများက အမျိုးသားအဆင့် ဆွေးနွေးပွဲများကျင်းပရန် အဆင် သင့်ဖြစ်သည်ဟု ဆွေးနွေးခဲ့သော် လည်း အထူးသဖြင့် တပ်မတော် ဘက်က အဆင်သင့်မဖြစ်ဟု ဆိုကာ ခွင့်မပြုခြင်းဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယ က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆို သည်။

၂၁ ရာစု ပင်လုံမတိုင်မီ ချင်း နှင့် ရခိုင်ပြည်နယ်တွင် အမျိုးသား အဆင့် ဆွေးနွေးပွဲကျင်းပရန် မမီ နိုင်တော့ဟု ၎င်းက ပြောသည်။

‘‘ဒီလိုပဲ အခက်အခဲက နှစ် ဖက်ရှိတော့ သူ့ဘက်အကျပ်ကိုင်၊ ကိုယ့်ဘက် အကျပ်ကိုင် ပူးပေါင်း ဆောင်ရွက်မှု အားနည်းသွားရင် တော့ နစ်နာဆုံးရှုံးမှုရှိတာပေါ့။ ဘယ်ဘက်မဆိုပေါ့’’ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ဆိုသည်။

ယခင်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည် တော်တို့တွင် ကျင်းပရန် အစိုးရ နှင့် တပ်မတော်ဘက်က စီစဉ်ခဲ့ သည်။ ၂၀၁၆ အောက်တိုဘာ ၂၈ နှင့် ၂၉ ရက်တို့တွင် ကျင်းပခဲ့သော UPDJC အစည်းအဝေး၌  NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ တည်ရှိရာ ဒေသများတွင် အဆင်သင့် ဖြစ်ပါက အမျိုးသားအဆင့် ဆွေးနွေးပွဲများကျင်းပနိုင်ကြောင်း ဆုံး ဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီက UPDJC ဒုတိယဥက္ကဋ္ဌများက ၂၁ ရာစုပင်လုံအစည်းအဝေးမတိုင်မီ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကို ရှမ်း၊ ချင်းပြည်နယ်နှင့် ဧရာ ဝတီတိုင်းတို့တွင် ကျင်းပရန် ခွင့် ပြုခဲ့သော်လည်း ယခုကျင်းပသည့် အစည်းအဝေး၌ ပြောင်းလဲအ တည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိ တွင် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့အနက် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့သည် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကျင်းပနိုင်ခဲ့ပြီး ဖြစ်သည်။

ယခုကဲ့သို့ ချင်းနှင့်ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကျင်းပခွင့်မရသေးသည့်အ ပေါ် အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ‘‘ဒီနေ့အစည်းအဝေးမှာ တော့ အဲဒီလောက်အထိ သူတို့ ပြောတာ မတွေ့ပါဘူး။ ကျွန် တော်တို့ ချင်းနဲ့ ရခိုင်လည်း တင် ပြတယ်။ အဲဒါလည်း အနှေးနဲ့အ မြန် ဆက်ကြိုးပမ်းသွားဖို့ပေါ့။ ဒါ မျိုးတွေ အစည်းအဝေးမှတ်တမ်း မှာ ထည့်ထားတာရှိတယ်’’ဟု ပြောသည်။

ယခု UPDJC အစည်းအဝေး ဆုံးဖြတ်ချက်အရ ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)နှင့် ပအိုဝ်းလက် နက်ကိုင်အဖွဲ့(PNLO)တို့လည်း အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့်ရရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)အဖွဲ့က တိုင်း ရင်းသားအဖွဲ့များတည်ရှိရာ ဒေ သများတွင် အခြေစိုက်လှုပ်ရှား သည့် ထူးခြားမှုအခြေအနေ ကြောင့် အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပခြင်းမပြုဘဲ တိုင်းဒေ သကြီးရှိ မြို့များ၌ လူထုတွေ့ ဆုံပွဲများသာ ဆောင်ရွက်နေ သည်။

===================
251/End