၇ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၄၉
နိုင်ငံရေး၊ ဘာသာရေး မတူကွဲပြားမှုများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်ခြင်းကို ယုံကြည်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ြေ

နိုင်ငံရေး၊ ဘာ သာရေးနှင့် တိုင်းရင်းသားများ အရေးအရ မတူကွဲပြားမှုများကို ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်း နိုင်သည်ဆိုခြင်းကို ယုံကြည်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံရေး၊ ဘာ သာရေးနှင့် တိုင်းရင်းသားများ အရေးအရ မတူကွဲပြားမှုများကို ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်း နိုင်သည်ဆိုခြင်းကို ယုံကြည်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ဖေဖော်ဝါရီ ၆ ရက်က နေ ပြည်တော်၌ ကျင်းပသည့် ပြည် ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ထိုကဲ့သို့ ပြောကြားခြင်းဖြစ် သည်။

‘‘နိုင်ငံရေးအရ မတူကွဲပြား တဲ့ သဘောထားတွေ၊ တိုင်းရင်း သားများအရေးအရ မတူကွဲပြား တဲ့ သဘောထားတွေ၊ ဘာသာရေး အရ မတူကွဲပြားတဲ့ သဘောထား တွေ၊ လူမှုရေးအရ မတူကွဲပြား တဲ့ သဘောထားတွေဆိုတာ မတူကွဲပြားတဲ့ သဘောထားတွေ အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့ တကယ် ပဲ ဒီမိုကရေစီကို လိုလားတယ်ဆို ရင် ကျွန်မ နားလည်သလောက်က ဒီစားပွဲမှာထိုင်နေတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ဒီမိုကရေစီကိုတော့ ယုံကြည်တယ်၊ လက်ခံတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ တကယ်ပဲ ဒီမိုကရေစီကို လိုလားတယ်ဆိုလို့ရှိရင်တော့ မတူကွဲပြားတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကိုကျွန်မတို့ ယုံကြည်ဖို့လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးဆိုရာတွင် လက်နက် ကိုင်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ် ရုံသာမက တစ်နိုင်ငံလုံးရှိ ပုံစံ အမျိုးမျိုးသော မတူကွဲပြားသည့် သဘောထားများကို သင့်မြတ်စေ ရန် ဆောင်ရွက်ရမည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်မတို့အနေနဲ့ ဒီလိုပြော ရခြင်းဟာ စကားသက်သက်အရ ပြောတာမဟုတ်ပါဘူး။ အလုပ်နဲ့ သက်သေထူခဲ့ပြီးပါပြီ။ နှစ်သုံး ဆယ်နီးပါး ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တဲ့အချိန်အခါမှာ ကျွန်မတို့ ဆွေးနွေးတိုင်ပင်ပြီးတော့ အချင်းချင်းကြားမှာ မတူကွဲပြားတဲ့ သဘောထားတွေကနေ ထွက်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ ရပ်တည်ခဲ့တာပါ။ ဒီယုံကြည်ချက်ကနေပြီးတော့ ကျွန်မတို့ လုံးဝမသွေဖည်ခဲ့ပါဘူး။ တစိုက်မတ်မတ် ကျွန်မတို့ဟာ ဆွေးနွေးပွဲပဲ တောင်းဆိုခဲ့ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတိုက်အခံအဖြစ် ရပ်တည် ခဲ့သည့် ကာလတစ်လျှောက်လုံး ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီး အဖြေရှာရန် တောင်းဆိုခဲ့ကာ အကြမ်း ဖက်နည်းလမ်းကို မစဉ်းစားခဲ့ဟု ၎င်းက ပြောသည်။

‘‘အင်အားကို သုံးပြီးတော့ တောင်မှ လုပ်ဖို့ မစဉ်းစားခဲ့ပါ ဘူး။ ကျွန်မတို့ သုံးတဲ့ အင်အားက စိတ်ဓာတ်အင်အားပါပဲ။ စိတ် ဓာတ်အင်အားနဲ့ ပြည်သူလူထု ထောက်ခံမှုအင်အားကိုပဲ ကျွန်မ တို့ အားကိုးခဲ့ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က  ဆက် လက်ပြောကြားသည်။

နိုင်ငံသူ၊ နိုင်ငံသားများ စိတ် လုံခြုံမှု၊ ကိုယ်လုံခြုံမှု ရှိစေရန် ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးလို အပ်၍ ငြိမ်းချမ်းရေးဖြစ်စဉ် တိုး တက်စေမည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးရန် UPDJC ကိုယ်စားလှယ် များအား ၎င်းက တောင်းဆိုခဲ့ သည်။

‘‘ကျွန်မတို့ လုပ်နေတာဟာ တစ်စုတစ်ဖွဲ့အတွက် လုပ်နေ တာမဟုတ်ပါဘူး။ ဒီမှာ အစုအဖွဲ့ တွေအများကြီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရောက်နေပါတယ်။ ကျွန်မက ဒီမှာလုပ်နေတာ ကျွန်မက အင်န်အယ်လ်ဒီအတွက် လည်း လုပ်နေတာ မဟုတ်ဘူး။ အစိုးရ အတွက်လည်း လုပ်နေ တာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ အတွက် ကျွန်မလုပ်နေတာပါ။ ဒီအတိုင်းပဲ ကျွန်မစိတ်ထဲမှာထား ပါတယ်။ အားလုံး ဒီအထဲမှာ စေတနာနဲ့ ရောက်လာတဲ့ ကိုယ် စားလှယ်များဟာ ဒီအတိုင်းပဲ နှလုံးသွင်းထားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

 နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ရေး အဓိက တာဝန်ယူ ရသည့် UPDJC ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစု အဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အစုအဖွဲ့ စသည်တို့ မှ ကိုယ်စားလှယ် ၄၈ ဦးဖြင့် ဖွဲ့ စည်းထားသည်။

NCA ကိုအခြေခံပြီး အခြေခံ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲများကို ဒေသ အချို့တွင် ကျင်းပနိုင်ခဲ့သော်လည်း ကျင်းပရန် ကျန်နေသည့် ဒေသများကို သတ်မှတ်အချိန်အတွင်း ပြီးမြောက် အောင် ဆောင်ရွက်ရန် လိုအပ် နေသည်ဟု UPDJC ဒုတိယ ဥက္ကဋ္ဌ ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြား သည်။

‘‘ကျွန်တော်တို့ သတ်မှတ် တာက ဖေဖော်ဝါရီလ။ ခြောက် လတာအတောအတွင်းမှာ ညီလာ ခံကျင်းပမှာဖြစ်တဲ့အတွက် ဒီညီ လာခံ အောင်အောင်မြင်မြင်နဲ့ အများကလည်း ယုံကြည်ပြီးတော့ အများက လက်ခံနိုင်တဲ့  အဖြေ တစ်ခု ထွက်ဖို့ လိုအပ်ပါတယ်’’ဟု ၎င်းက ပြောသည်။

===================
251/End