အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
YBS ဘတ်စ်ကားစီးရေ ၁,၀၀၀ကျော်ဝယ်ယူရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံအစိုးရတို့နှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် လက်ရှိပြေးဆွဲနေသော ဘတ်စ်ကားလိုင်းများတွင် ကားစီးရေ တိုးမြှင့်ပြေးဆွဲရန် ဝယ်ယူနိုင်မည့် နိုင်ငံများနှင့် ညှိ နှိုင်းမှုပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
‘‘ဝယ်မယ့်ကားစီးရေလည်း များပြီး ဘယ်မောင်းကားအသစ် တွေပဲ မှာမှာဖြစ်တာကြောင့် (G to G)သဘောနဲ့ အစိုးရချင်း ညှိ နေတုန်းပါ။ ညှိနှိုင်းမှုပြီးပြတ်ရင် တော့ ကျန်တဲ့အပိုင်းတွေက ဆက်လုပ်ရမြန်ပါတယ်’’ဟု ဒေါက်တာမောင်အောင်ကဆိုသည်။
ဘတ်စ်ကားအသစ်များ ဝယ်ယူခြင်းကို တိုင်းဒေသကြီး လွှတ်တော်က သယ်ယူပို့ဆောင် ရေးကဏ္ဍအတွက် ခွင့်ပြုထားပြီး ဖြစ်သော ကျပ်ဘီလီယံ ၆၀ မှ သုံးစွဲမည်ဟု သတင်းရရှိသည်။
လက်ရှိတွင် YBS စနစ်၌ ကုမ္ပဏီများနှင့် ယာဉ်ပိုင်ရှင် တစ်ဦးချင်းစီက ပိုင်ဆိုင်သော ဘတ်စ်ကားစီးရေ ၄,၀၀၀ ကျော် ဖြင့် ပြေးဆွဲနေသည်။
သို့သော် ဘတ်စ်ကားစီးရေ နှင့် ခရီးသည်ဦးရေ မမျှတခြင်းနှင့်ယာဉ်အချို့သည် ခေါက်ရေ အပြည့် မပြေးဆွဲကြခြင်းကြောင့် သွားလာရေး အဆင်မပြေမှုများ ရှိနေဆဲဖြစ်ကြောင်း ခရီးသွားများက ဆိုသည်။ ထို့အပြင် လက်ရှိပြေးဆွဲနေသော ယာဉ်အချို့သည် ကြံ့ခိုင်မှု လျော့နည်းခြင်းများကြောင့် ယာဉ်အသစ်များဖြင့် အစားထိုးသင့်ကြောင်း ၎င်းတို့က အကြံပြုသည်။
‘‘ကားအစုတ်တွေနဲ့ စနစ် အသစ်မှာ ဆက်သုံးနေတာကို ပြောင်းသင့်တယ်။ လူက ကျပ်ရ တဲ့အထဲ ကားတွေက စုတ်နေ တော့ စီးရတာ သက်သောင့်သက် သာမရှိဘူး’’ဟု မင်္ဂလာဒုံမြို့နယ်နေ ကိုသူရထွန်းက ပြောသည်။
ထိုသို့ ယာဉ်စီးရေ မလုံ လောက်ခြင်းနှင့် ခရီးသွားများ အဆင်မပြေဖြစ်နေသည့် ပြဿနာများကို အစိုးရ ဝယ်ယူတင်သွင်း မည့်ကားများ ဝင်ရောက်လာချိန် တွင် ပြေလည်သွားမည်ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူးဦးသန်းဝင်းက ဆိုသည်။
ထိုသို့ ပြေလည်နိုင်ရန် နှစ်လခန့်ကြာမြင့်နိုင်သည်ဟု ယင်းအဖွဲ့ဝင်အချို့က ပြောသည်။
===================
251/End
၉ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၂၆
News ID: 810589
YBS ဘတ်စ်ကားစီးရေ ၁,၀၀၀ကျော်ဝယ်ယူရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံအစိုးရတို့နှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။