အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂလူ့အခွင့်အ ရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က ထုတ်ပြန်သောအစီ ရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ရခိုင်ပြည်နယ်မြောက်ပိုင်း ၌ ဘင်္ဂါလီများအပေါ် လူ့အခွင့်အ ရေးချိုးဖောက်မှုများ ကျူးလွန်နေ ကြောင်း စွပ်စွဲမှုကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခု ဖွဲ့စည်းကာ တုံ့ပြန်ခဲ့သည်။မြန်မာနိုင်ငံရဲတပ်ဖွဲ့၏နယ် မြေရှင်းလင်းရေးဆောင်ရွက်ချက် များသည် လူ့အခွင့်အရေးချိုး ဖောက်မှုများအပါအဝင် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့ စည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်လာပြီး အဖွဲ့ဝင်များမှာ ရထားရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ် နေဝင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီး နေ ထွန်း၊ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲ မှူး(စစ်တွေ) ဒုတိယရဲမှူးကြီး မောင်မောင်လွင်တို့ဖြစ်သည်။ အ တွင်းရေးမှူးသည် မှုခင်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးခင် မောင်အေးဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိပါ က ကျူးလွန်သူများကို ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၆ နိုဝင်ဘာ ၅ ရက်တွင် ကိုးတန်ကောက်ကျေးရွာအတွင်း ရဲတပ်ဖွဲ့ဝင်အချို့က ကျေးရွာ သားအချို့အား ရိုက်နှက်ကန် ကျောက်ခဲ့မှုကို ရဲတပ်ဖွဲ့ဝင်တစ် ဦးက ရိုက်ကူးထားသော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်၌ ပျံ့နှံ့ခဲ့ပြီး ရိုက်နှက်ကန်ကျောက်ခဲ့သည့် ရဲ တပ်ဖွဲ့ဝင်များ အရေးယူခံခဲ့ရ သည်။
ကုလအစီရင်ခံစာနှင့်စပ် လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏နယ်မြေရှင်းလင်းရေးဆောင် ရွက်မှုသည် လူ့အခွင့်အရေးချိုး ဖောက်မှုအပါအဝင် ဥပဒေနှင့်မ ညီသော ဖြစ်စဉ်၊ ဖြစ်ရပ်များရှိ၊ မရှိ စစ်ဆေးနိုင်ရန် တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဖေဖော်ဝါရီ ၉ ရက်၌ ဖွဲ့စည်း ခဲ့သည်။
နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များအနေဖြင့် အင်အား အလွန်အကျွံသုံးစွဲခြင်းမပြုစေ ရေး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုး ဖောက်မှုများ မရှိစေရေး၊ ဥပဒေ နှင့်အညီသာ လိုက်နာလုပ်ဆောင် ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့် က ညွှန်ကြားကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း တပ်မတော် က သတင်းထုတ်ပြန်သည်။
အကယ်၍ ညွှန်ကြားချက် များအပေါ် ဖောက်ဖျက်ကျူးလွန် မှုများရှိပါက မည်သူ့ကိုမဆို ဥပ ဒေကြောင်းအရ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ထားသည်။
ဒုတိယသမ္မတ(၁) ဦးမြင့် ဆွေဦးဆောင်သော မောင်တော ဒေသအကြမ်းဖက်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံ စာတင်သွင်းရမည့်ရက်ကို စွပ်စွဲ ချက်အသစ်များကြောင့် သမ္မတ က ရက်တိုးမြှင့်ပေးခဲ့သည်။
သို့သော် ယင်းစုံစမ်းစစ်ဆေး ရေးကော်မရှင်သည် ယုံကြည်စိတ် ချလောက်စရာမဟုတ်၍ နိုင်ငံတ ကာလေ့လာသူများပါဝင်သော လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးဖြင့် စုံ စမ်းစစ်ဆေးသင့်ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ပြော ခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၇ ရက်တွင် နယူးယောက်မြို့ရှိ ကုလဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ အစိုးရက ဖွဲ့စည်း သည့် အဖွဲ့အစည်းခုနစ်ဖွဲ့ရှိလာ ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော ‘ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက် ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော မောင်တောဒေသစုံစမ်းစစ် ဆေးရေးကော်မရှင်၊ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ‘ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ် ခံရမည့်သူ၏သက်သေခံကတ် ပြား(National Verification Card)စိစစ်ထုတ်ပေးရေးဦးဆောင်အ ဖွဲ့၊ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏အစီရင်ခံစာအပေါ် တပ်မတော်က ဖွဲ့စည်းလိုက်သော တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ရဲရေးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တို့ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်သော မောင်တောဒေသအကြမ်းဖက်မှု စုံစမ်းလေ့လာရေးကော်မတီလည်း ရှိသေးသည်။
===================
251/End
၁၃ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၁၄
News ID: 811488
ကုလသမဂ္ဂလူ့အခွင့်အ ရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က ထုတ်ပြန်သောအစီ ရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ရခိုင်ပြည်နယ်မြောက်ပိုင်း ၌ ဘင်္ဂါလီများအပေါ် လူ့အခွင့်အ ရေးချိုးဖောက်မှုများ ကျူးလွန်နေ ကြောင်း စွပ်စွဲမှုကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခု ဖွဲ့စည်းကာ တုံ့ပြန်ခဲ့သည်။