အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာစက်မှုဆိပ်ကမ်းတွင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို ဝယ်ယူမည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
‘‘တင်ပို့မယ့် နိုင်ငံကို တရုတ် နိုင်ငံ ရှန်ဟိုင်းလို့ ရေးသားထားပါတယ်။ တရုတ်ကို ဒီက တိုက်ရိုက်ပို့တာမရှိပါဘူး။ စင်ကာပူကပဲ သွားတာပါ’’ဟု မြန်မာစက်မှုဆိပ်ကမ်း MIP လက်ထောက်အထွေ ထွေမန်နေဂျာ ဦးခင်မောင်ဇော်က ပြောသည်။
မြန်မာစက်မှုဆိပ်ကမ်းအတွင်း ကုန်ပစ္စည်းများ တင်ချရေး ကုမ္ပဏီက တင်ပြရမည့် ဆိပ်ကမ်းဝင်ခွင့်လျှောက်လွှာတွင် ကုန်ပစ္စည်းတင်ပို့မည့် နိုင်ငံအမည်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဖော် ပြထားသည်။
အဆိုပါ ကွန်တိန်နာ ၁၃ လုံးသည် ဆိပ်ကမ်းအတွင်း ဝင်ခွင့်ရရှိ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတ်မှတ်ထားသည့် စည်းကမ်းချက်များပါ လျှောက်လွှာ လေးမျိုးရှိသည်။ အဆိုပါလျှောက်လွှာလေးခုတွင် တင်ပို့မည့် သင်္ဘောအမည်၊ ကုန်ပို့သူအမည်၊ ပို့ကုန်လက်ခံမည့်သူ၏ အမည်၊ ရပ်နားမည့်ဆိပ်ကမ်းနှင့် ပို့မည့်ဆိပ်ကမ်းတို့ကို ရေးသားဖော်ပြရသည်။
မြန်မာစက်မှုဆိပ်ကမ်းနှင့် မြို့နယ်သုံးမြို့နယ်တွင် ဖမ်းဆီးရမိသည့် သစ်တန်ဖိုးသည်ကျပ်သိန်း ၂၆,၀၀၀ ရှိပြီး ပါဝင်ပတ်သက်သူများသည် တစ်ဖွဲ့တည်းဖြစ်သော ကြောင့် သစ်တောဦးစီးဌာနက ဂိုဏ်းအသွင်ဆောင် တရားမဝင် သစ်ခိုးမှုအဖြစ် သတ်မှတ်ထားသည်။
ယင်း ဂိုဏ်းအသွင်ဆောင် သစ်ခိုးမှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို သစ်တောဦးစီးဌာနက တရားစွဲဆိုထားသည်။
ကျပ်သိန်း ၂၆,၀၀၀ တန်ဖိုးရှိ တရားမဝင်သစ်တန်ချိန် ၈၈၀ ကျော် သစ်ခိုးထုတ်မှု တစ်ခုလုံး နှင့် အဓိကပါဝင်ပတ်သက်ခဲ့သူဟု ယူဆရသူ ဦးဝင်းကြိုင်၊ ဦးထွန်းထွန်း၊ မျိုးမင်းထွန်း (ခေါ်) ကိုမျိုး(ခေါ်) အောင်မျိုးဦးတို့ သုံးဦးသည် သစ်များထားရှိရာ ခြံဝင်းများငှားရမ်းရာတွင် မိမိကိုယ်တိုင် (သို့ မဟုတ်) အသိသက်သေအဖြစ် ပါဝင်ပတ်သက်နေကြသည်ဟု သစ်တောဦးစီးဌာနက ပြောကြားထားသည်။
===================
251/End
၁၇ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၅၄
News ID: 812350
မြန်မာစက်မှုဆိပ်ကမ်းတွင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို ဝယ်ယူမည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။