၂၁ ဖေဖော်ဝါရီ ၂၀၁၇ - ၂၀:၂၇
မလေးရှားနိုင်ငံမှ ပေးပို့သော ထောက်ပံ့ရေးပစ္စည်းများ စစ်တွေမြို့ရောက်ရှိ

ဖေဖော်ဝါရီ ၂၁ ။ ။ မလေးရှားနိုင်ငံအစိုးရမှ ထောက်ပံ့ပေးအပ်သောစားသုံးကုန်ပစ္စည်းတွေကို တင်ဆောင်လာသော သင်္ဘောသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ရက် နေ့လည် ၃ နာရီကျော်တွင် စစ်တွေမြို့ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း တွေ့ရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖေဖော်ဝါရီ ၂၁ ။            ။ မလေးရှားနိုင်ငံအစိုးရမှ ထောက်ပံ့ပေးအပ်သောစားသုံးကုန်ပစ္စည်းတွေကို တင်ဆောင်လာသော သင်္ဘောသည် ယနေ့  ဖေဖော်ဝါရီလ  ၂၁ရက် နေ့လည် ၃ နာရီကျော်တွင် စစ်တွေမြို့ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း တွေ့ရသည်။

အဆိုပါ အစားအသောက်အပါအ၀င် အထောက်အပံ့ပစ္စည်းများကို  ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာများဖြစ်သော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် အစရှိသော ဒေသများမှ ဘင်္ဂါလီလူမျိုးများအား ပေးအပ်သွားမည်ဟု သိရသည်။

မလေးရှားနိုင်ငံမှ အကူအညီပေးရန်လာသောသင်္ဘော နော်တီကယ်အလီယာသဘောင်္သည် ရခိုင်ပြည်နယ်အတွက် အကူအညီပေးရန် တန်ချိန် ၂၃၀၀ ရှိသော အစားအသောက် အပါအ၀င်  ထောက်ပံ့ရေးအကူအညီများကို သယ်ဆောင်လာပြီး ဖေဖော်ဝါရီလ ၉ ရက်တွင် မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အကူအညီပေးရေး ပစ္စည်းများ လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။

===================
251/End