အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်အပါအ၀င် နိုင်ငံ တကာသံတမန်အချို့ယမန်နေ့က တွေ့ဆုံ၍ ငြိမ်းချမ်းရေးနှင့်ရခိုင် ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ ဒိန်း မတ်သံအမတ်ကြီးနှင့် ဗြိတိန်သံရုံး ဒုတိယ အကြီးအကဲတို့သည် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာ ဖြစ် ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာအမေရိ ကန်သံအမတ်သည် ဗြိတိန်သံအ မတ်နှင့်အတူပြီးခဲ့သည့် ဖေဖော်ဝါ ရီ ဒုတိယပတ်အတွင်းက ကချင် ပြည်နယ်သို့ သွားရောက်ပြီး အ ရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီများနှင့် တွေ့ဆုံကာငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက် ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
===================
251/End
၂၄ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၄၆
News ID: 813888
ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်အပါအ၀င် နိုင်ငံ တကာသံတမန်အချို့ယမန်နေ့က တွေ့ဆုံ၍ ငြိမ်းချမ်းရေးနှင့်ရခိုင် ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။