အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇေယျာဖြိုးက ကျပ်သိန်းတစ်ထောင်ပေး၍ လုပ်ကြံခိုင်းခြင်းဖြစ်၊ အဓိကတရားခံ အောင်ဝင်းခိုင် ဖမ်းမိလျှင် ကွင်းဆက်တရားခံများ ကျန်၊မကျန်သိရမည်၊ လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းကိုလည်း ခေါ်ယူမေးမြန်းခဲ့
ဗိုလ်ကြီးဟောင်းစီးပွား ရေးလုပ်ငန်းရှင် ဇေယျာဖြိုးက ကျပ်သိန်းတစ်ထောင်ပေး၍ ဦး ကိုနီကို လုပ်ကြံခိုင်းခဲ့ပြီး လူငယ် သဘာဝ ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကြောင့်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။
ဖမ်းဆီးရမိသူများကို စစ် ချက်အရ လူငယ်သဘာဝ ပုဂ္ဂိုလ် ရေးမုန်းတီးမှုများဖြစ်လာပြီး အ စွန်းရောက်သော မျိုးချစ်စိတ် ကြောင့် လုပ်ကြံမှုဖြစ်ပွားခဲ့သည် ဟု ဖော်ထုတ်ရရှိကြောင်း ပြည်ထဲ ရေးဝန်ကြီးက ဆက်လက်ပြော ကြားသည်။
‘‘တကယ်တမ်းစိစစ်တဲ့အခါ မှာတော့ ဒီဟာက ဘယ်လိုခေါ် မလဲ၊ အမျိုးချစ်တဲ့စိတ် အစွန်း ရောက်သွားတာပေါ့။ အစွန်း ရောက်တဲ့ မျိုးချစ်စိတ် ကိန်း အောင်းသွားတဲ့အခါမှာ လုပ်ကြံ လိုက်တယ်လို့ ကိုယ်တို့ဖော်ထုတ် ရပါတယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကပြောသည်။ ထို့အပြင် အဓိက တရားခံတစ်ဦးဖြစ်သော အောင်ဝင်းခိုင်ကိုဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အောင်ဝင်းခိုင်ကိုမိမှသာ ကွင်းဆက်တရားခံကျန်ရှိ၊မရှိသိရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
‘‘ဇေယျာဖြိုးနဲ့ ပြီး၊မပြီးဆို တာ အောင်ဝင်းခိုင်ကိုမိရင် သိရ မယ်။ အခုအခြေအနေကတော့ ရ သလောက်လေးသတင်းထုတ်ပြန် တာဖြစ်ပါတယ်’’ဟု၎င်းကဦးကိုနီ လုပ်ကြံမှုသည် ဇေယျာဖြိုးတွင်ပြီး ဆုံးသွားပြီလားဟု မေးမြန်းမှု အပေါ် ဖြေကြားသည်။
ဦးကိုနီ လုပ်ကြံခံရပြီး ၂၈ ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက် တွင်ပြည်ထဲရေးဝန်ကြီး ဦးဆောင် ကာ ရန်ကုန်မြို့ မူးယစ်ပြတိုက်၌ တစ်နာရီခန့်ကြာ ပြုလုပ်သော သ တင်းစာရှင်းလင်းပွဲတွင် ပြည်ထဲ ရေးဝန်ကြီးက သတင်းထောက် များ၏ မေးမြန်းမှုအပေါ် ဖြေကြား ခဲ့သည်။
လုပ်ကြံမှုကို အဓိကခိုင်းစေ သူသည် DSA အပတ်စဉ် ၃၈ ဆင်းဖြစ်ပြီး တပ်မတော်သတင်းစု ဆောင်းရေး အတတ်သင်ကျောင်း တွင် ဗိုလ်ကြီးတာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာ၌ အငြိမ်းစားပေးခြင်းခံရသူဖြစ်ကာ အသက်(၄၂)နှစ် အရွယ် ဇေယျာဖြိုးဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက ပြောသည်။ ၎င်းသည် အငြိမ်းစားယူပြီးနောက် ZYP, AIS, 38 Group နှင့် ရောင်ဝါဖြိုးကုမ္ပဏီတို့ကိုတည် ထောင်၍ အစုရှယ်ယာဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဇေ ယျာဖြိုးကို ဦးကိုနီလုပ်ကြံမှုဖြစ် ပြီး ခြောက်ရက်အကြာ ဖေဖော် ၀ါရီ ၃ ရက်တွင်ကျောက်ကုန်း ပရိယတ္တိစာသင်တိုက်၌ ရဟန်း ၀တ်နေစဉ် ဖမ်းဆီးခဲ့သည်။
အမှုတွင် အဓိကတရားခံ တစ်ဦးဖြစ်သော DSA အပတ်စဉ် ၃၆ ဆင်း ဒုတိယဗိုလ်မှူးကြီးဟောင်း အသက် ၄၅ နှစ်အရွယ် အောင်ဝင်းခိုင် လွတ်မြောက်နေ ဆဲဖြစ်၍ ၎င်းကို ဖမ်းဆီးနိုင်ရန် ပြည်တွင်းရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) သို့ အကြောင်းကြားထားကြောင်း ရဲချုပ်ဇော်ဝင်းက ပြောသည်။
နိုင်ငံတကာရဲတပ်ဖွဲ့ဖြစ်တဲ့ အင်တာပိုကို လည်း ကျွန်တော် တို့နိုင်ငံက အလိုရှိနေတဲ့ လူသတ် မှုနဲ့ပတ်သက်ပြီး ပေးပို့ထားပါ တယ်။ နိုင်ငံတကာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပေးပို့ထားပြီး ဖြစ်ကြောင်း ရှင်းပြလိုပါတယ်’’ ဟု ရဲချုပ်ဇော်ဝင်းကပြောသည်။
ဇေယျာဖြိုးနှင့် အောင်ဝင်း ခိုင်သည် ရောင်ဝါဖြိုးအမည်ဖြင့် ကုမ္ပဏီထောင်ကာ စီးပွားရေး အတူလုပ်နေသည်။ ၎င်းတို့ နှစ်ဦးနှင့် ဦးလင်းဇော်ထွန်းတို့သည် တာမွေမြို့နယ်ရှိ မော်ဒန် လက်ဖက်ရည်ဆိုင်တွင် ၂၀၁၆ ဧပြီက တွေ့ဆုံစဉ်လူမှုကွန်ရက်၌ ဦးကိုနီပြောဆိုလုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်မှုဖြစ်ခဲ့ သည်။ ထို့နောက် ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့သည် လက်ဖက်ရည်ဆိုင်တွင် နောက်တစ်ကြိမ် ချိန်းဆိုထိုင်ရာ၌ လုပ်ကြံရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အောင်ဝင်းခိုင်က ၎င်း၏ အစ်ကိုဖြစ်သူ အောင်ဝင်းဇော် ထောင်ကျစဉ်က ဆုံဖူးသော တပည့်များအား ဦးကိုနီကိုလုပ်ကြံရန် ခိုင်းစေပါက အဆင်ပြေနိုင်ကြောင်း ပြောကြားကာအစီအစဉ်ချမှတ်ခဲ့ကြောင်း ရဲချုပ်က ပြောသည်။
ဦးကိုနီကို လုပ်ကြံရာတွင် သုံးရန် အောင်ဝင်းခိုင်က အောင် ၀င်းဇော်အား ၂၀၁၆ ဧပြီတွင် ကျပ်သိန်းလေးရာထုတ်ပေးပြီး သြဂုတ်ပထမပတ်တွင် ဇေယျာ ဖြိုးထံ ငွေလိုနေကြောင်း ပြောရာ သြဂုတ် ဒုတိယပတ်ခန့်၌ ဇေယျာ ဖြိုးက ကျပ်သိန်းတစ်ထောင် ပေး အပ်ခဲ့ကြောင်း ရှင်းလင်းသည်။
DSA ၃၄ ဆင်း အသက် ၄၆နှစ်အရွယ် ဗိုလ်ကြီးဟောင်းအောင်ဝင်းဇော်က ထောင်ကျခဲ့ချိန် ဘီးလင်းမြို့နယ် တောင်စွန်းရဲဘက်စခန်းတွင် ရင်းနှီးခဲ့သူ နဂါး (ခေါ်) အောင်နိုင်မြင့်ကို ၂၀၁၆မေလခန့်တွင်တွေ့ဆုံပြီး ကျပ်သိန်း နှစ်ရာ၊ လိုင်စင်မဲ့ကား တစ်စီးဖြင့် ဦးကိုနီ၊ ဓား (သို့မဟုတ်) စကေဘာဖြင့်ထိုးလုပ်ကြံပေးရန် သဘောတူညီမှုရခဲ့သော်လည်း ငွေယူပြီးနောက် နဂါးလေးက ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟုဆိုသည်။ နဂါးလေးကို ဒဂုံမြို့သစ်တောင်ပိုင်းတွင် မူးယစ်မှုဖြင့် ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေစဉ် မင်းဘူးမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်ကဖမ်းမိခဲ့ခြင်းဖြစ်သည်။
အောင်ဝင်းဇော်သည် နဂါး လေးနှင့် အဆင်မပြေ၍ ကြည် လင်းကို ထပ်မံကမ်းလှမ်းခဲ့ပြီး ဦးကိုနီကို လုပ်ကြံမှု အကောင်အ ထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ရဲ ချုပ်က ပြောသည်။ လေဆိပ်တွင် လုပ်ကြံမှုမတိုင်ခင် ဦးကိုနီနေထိုင် သော ကျောက်တံတားမြို့နယ် ၃၇ လမ်း အလယ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ် ၄၂ လမ်း အလယ်ဘလောက်နေအိမ်များ နှင့် ဗိုလ်အောင်ကျော်လမ်း ပတ် ၀န်းကျင်တွင် လုပ်ကြံရန် ခုနစ် ကြိမ်တိုင် ကြိုးစားခဲ့ကြောင်း လည်း ရဲချုပ်က ဆိုသည်။
ဇန်န၀ါရီ ၂၉ရက်က ရန်ကုန် လေဆိပ်လုပ်ကြံမှုမတိုင်မီ ရန်ကုန်လေဆိပ်ရှိ ကားတစ်စီးပေါ်တွင် ဦးကိုနီအလာကို အတူတူစောင့်နေစဉ် အောင်ဝင်းဇော်က ကြည်လင်းအား ‘‘လွယ်တော့ မလွယ်ဘူး။ ထွက်ပေါက်ပိတ်နေတယ်။ မင်းမလုပ်ချင် မလုပ်နဲ့။ ဒီမှာမလုပ်ဘဲ နောက်က လိုက်သွားမယ်’’ဟု ပြောဆိုရာ ကြည်လင်းက ‘‘မင်းမှာ မိန်းမရော ကလေးရောရှိတယ်။ ငါ့မှာ ဘာ သံယောဇဉ်မှမရှိဘူး။ ၀မ်း(1) ၀မ်း(1)ပဲ လဲမယ်။ နောက်တစ် ခါဆိုရင် မျက်ခြည်ပြတ်သွားမယ်။ ငါမလွတ်ရင် ငါ့မိသားစုကို စောင့် ရှောက်ပေးပါ’’ဟု ပြန်ပြောခဲ့ သည်ဟု ဆိုသည်။ ထို့နောက်မြေး ဖြစ်သူအား ချီလျက်ရပ်နေသော ဦးကိုနီကို အနီးကပ်သေနတ်ဖြင့် ပစ်ခတ်ပြီးထွက်ပြေးခဲ့ကြောင်း ရဲချုပ်ကဆိုသည်။ ကြည်လင်းက ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အောင်ဝင်းဇော်က ကားဖြင့်လေဆိပ်ထဲမှ ထွက်သွား ခဲ့သည်။
လုပ်ကြံမှုကို ခိုင်းစေသူ အောင်ဝင်းခိုင်သည် လုပ်ကြံမှုပြီး နောက် ဇန်န၀ါရီ ၂၉ရက် ည ၉ နာရီခွဲတွင် ဇေယျာဖြိုးနှင့် တွေ့ဆုံပြီး ဇန်န၀ါရီ ၃၀ရက်တွင် ရောင်ဝါဖြိုးကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သည့် ရဲထွဋ်လှိုင်ဆို သူနှင့် နေပြည်တော်သို့ သွားခဲ့သည်။ ထို့နောက် မကွေးသို့ သွားမည်ဟုဆိုကာ ကားဂိတ်သို့ လိုက်ပို့ခိုင်းခဲ့ပြီး နေပြည်တော်ပရဆေးဥယျာဉ်ရှေ့တွင် လူတစ်ယောက် လာခေါ်မည်ဟုပြော၍ ဆင်းကျန်ခဲ့သည်ဟု ရဲချုပ်ကပြောသည်။ ယင်းနောက်ပိုင်းတွင် အောင်ဝင်းခိုင်ပျောက်ကွယ်သွားပြီး ခြေရာပျောက်ကာ ဖမ်းဆီးနိုင်ခြင်းမရှိတော့ဟု ဆိုသည်။ လက်ရှိအခြေအနေအရ အောင်ဝင်းခိုင်အား ခိုင်းစေသူ ဇေယျာဖြိုးနှင့် အောင်ဝင်းဇော်၊ ကြည်လင်းနှင့် နဂါးလေးတို့ကို ဖမ်းဆီးထားသည်။ အောင်ဝင်းခိုင်ကို ဖမ်းမိမှသာ နောက်ဆက်တွဲ ကွင်းဆက်အခြေအနေကို သိနိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်က ပြောသည်။ အမှုမှာ မပြီးပြတ်သေးဘဲ ရရှိသည့်သတင်း ကွင်းဆက်များကို လူထုသိနိုင်စေရန် ရသလောက်ချပြခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးကပြောသည်။
ထို့အပြင် ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နှင့် ရင်းနှီးသူ များဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးလင်းဇော် ထွန်း၊ ဟောင်ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ သံမှူးဦးကျော်ဇေ ယျာလင်းတို့ကိုလည်း ခေါ်ယူစစ် ဆေးခဲ့ပြီး ၎င်းတို့သည် အမှုနှင့် ဆက်စပ်မှုမရှိဟု ရဲချုပ်က ဆို သည်။
လင်းဇော်ထွန်းသည် ကြံ့ခိုင် ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဦးကိုနီ လုပ်ကြံခံရမှု၌ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရေးသဘောထားတင်းမာသည့်ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်အချို့ ပါဝင်ပတ် သက်နိုင်သည်ဟု ပြည်သူအချို့ က ယုံကြည်နေသည်ဟူသော သ တင်းထောက်တစ်ဦး၏ အမေးကို ပြည်ထဲရေးဝန်ကြီး၏ ဖြေဆိုမှု တွင် ‘‘ပြည်ခိုင်ဖြိုးပါတီဘာတွေ ပြောစရာမလိုပါဘူး။ လင်းဇော် ထွန်းဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ဒီလောက်မိုက်မဲတဲ့သူ မဟုတ်ဘူးလို့ ငါ့ညီတို့ယုံကြည်ထားဖို့လိုတယ်။ လူတစ်ယောက်သတ်ဖို့အတွက်တော့ မပြောဘူး’’ဟု တုံ့ပြန်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်၏ ဖြေကြားချက်အချို့ကို လူမှုကွန် ရက်၌ ဝေဖန်နေပြီး နိုင်ငံရေး လေ့လာသူအချို့ကလည်း ဝေဖန် လျက်ရှိသည်။ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်နှင့် အစွန်းရောက်မျိုးချစ်စိတ်ကြောင့် လုပ်ကြံခဲ့သည်ဆိုသည့် ဖြေကြားချက်အပေါ် ဝေဖန်ကန့်ကွက်နေခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ဦးဆောင်ကော် မတီ ဦးထွန်းကြည်က ‘‘လူငယ် သဘာဝဆိုတာ ဘယ်လိုမှ လက် ခံနိုင်စရာမရှိဘူး။ အကြမ်းဖက် သမားတွေအားလုံးက အသက် (၄၀)ကျော်တွေချည်းပဲ။ အဲဒီအ ပေါ်မှာ လူငယ်သဘာဝပုဂ္ဂိုလ်ရေး မကျေနပ်တဲ့အပေါ်မှာ အစွန်း ရောက်မျိုးချစ်စိတ်နဲ့ လုပ်ပါတယ် လို့ လက်ခံနိုင်စရာအကြောင်းကို မရှိဘူး’’ဟု ပြောသည်။
စာရေးဆရာ ဦးထင်လင်းဦး က မျိုးချစ်စိတ်ဆိုသည်ကို အစွန်း ရောက်ဟူသော အသုံးအနှုန်းနှင့် တွဲသုံးသွားသည့် လုပ်ရပ်မှာ စိတ် ပျက်စရာကောင်းသောလုပ်ရပ် ဖြစ်ကြောင်း ပြောသည်။
ဦးကိုနီ၏ သမီး ဒေါက်တာ ယာဉ်နွယ်ခိုင်က သတင်းစာရှင်း လင်းပွဲသည် သက်ဆိုင်ရာတာဝန် ရှိသူများက လုပ်ရမည့်အလုပ်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်မှန် သော အမှုမှန်ပေါ်ပေါက်ရေးအ တွက် စောင့်ကြည့်မည်ဖြစ် ကြောင်း ပြောသည်။
ကြည်လင်းကို ရာဇသတ် ကြီးပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေပုဒ်မ ၁၉(စ) ၊ လ၀ကအက် ၁၃(၁) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း၊ အောင် ၀င်းခိုင်ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ မှုခင်းရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်လျက်ရှိသည်။
===================
251/End
၂၆ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၂၅
News ID: 814303
ဇေယျာဖြိုးက ကျပ်သိန်းတစ်ထောင်ပေး၍ လုပ်ကြံခိုင်းခြင်းဖြစ်၊ အဓိကတရားခံ အောင်ဝင်းခိုင် ဖမ်းမိလျှင် ကွင်းဆက်တရားခံများ ကျန်၊မကျန်သိရမည်၊ လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းကိုလည်း ခေါ်ယူမေးမြန်းခဲ့