အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင် ဒီချုပ်ပါတီအောင် နိုင်ရေးအတွက် မုံရွာဒေသခံ ၁၀၀ ခန့်သည် ဖေဖော်ဝါရီ ၂၅ ရက်က မြို့ပေါ်လမ်းမကြီးများပေါ်၌ စက်ဘီးစီး၍ မဲဆွယ်စည်းရုံးခဲ့သည်။
‘‘စက်ဘီးစီးအဖွဲ့တွေ ပါဝင် တာတော့ နည်းတယ်။ ကိုယ့်အိမ် က စက်ဘီးတွေနဲ့ မဲဆွယ်စည်းရုံး တဲ့ ခရီးစဉ် လိုက်ပါတဲ့ သူများ တယ်။ တချို့ကလည်း စက်ဘီးမရှိလို့ စက်ဘီးငှားပြီး မဲဆွယ်ကြ တယ်။ NLD အောင်နိုင်ရေးအ တွက် စက်ဘီးစီးမဲဆွယ်တဲ့သူ ၁၀၀ နီးပါးရှိတယ်’’ ဟု စက်ဘီးစီး၍ မဲဆွယ်ပွဲတွင် ဦးဆောင်သူ ကိုအောင်နေမျိုးက ပြောသည်။
စက်ဘီးစီး မဲဆွယ်သူများ သည် မုံရွာမြို့ မုံရွာတောင်ရပ် ကွက် ကားလေးကွင်းရှေ့တွင် စုရပ်အဖြစ် ဆောင်ရွက်ပြီး ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ သာစည် လမ်း၊ ပေ ၈၀ လမ်း၊ ဗန္ဓုလလမ်း (ဆည်မြောင်းလမ်း)၊ တိုင်းရင်း ဆေးရုံလမ်း၊ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရုံး ကြီးလမ်း၊ ဘူတာလမ်း၊ ကမ်းနား လမ်း၊ မြို့ပတ်လမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းအတိုင်း ကား လေးကွင်းရှေ့သို့ စက်ဘီးစီးကာ မဲဆွယ်စည်းရုံးခဲ့သည်။
၂၀၁၅ နိုဝင်ဘာတွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲ ၌ မုံရွာမြို့နယ် မဲဆန္ဒနယ်မှ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ သန့်စင်မောင် သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သွားသဖြင့် မုံရွာမြို့ နယ် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် လစ်လပ်မဲ ဆန္ဒနယ်အဖြစ် ကြားဖြတ် ရွေး ကောက်ပွဲကျင်းပခြင်းဖြစ်သည်။
၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ၌ မုံရွာမြို့နယ် မဲဆန္ဒနယ်မှ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွန့်အောင်၊ ပြည်သူ့ဒီမိုက ရေစီပါတီမှ ဒေါက်တာသန်းထိုက် ဦး၊ အမျိုးသားတိုးတက်ရေးပါတီ မှ ဦးညွန့်လှိုင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးစိန်မောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဝင်းမြင့်အောင်တို့ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။
===================
251/End
၂၇ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၃၇
News ID: 814550
၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင် ဒီချုပ်ပါတီအောင် နိုင်ရေးအတွက် မုံရွာဒေသခံ ၁၀၀ ခန့်သည် ဖေဖော်ဝါရီ ၂၅ ရက်က မြို့ပေါ်လမ်းမကြီးများပေါ်၌ စက်ဘီးစီး၍ မဲဆွယ်စည်းရုံးခဲ့သည်။