၁၀ မတ် ၂၀၁၇ - ၁၃:၅၉
မိုင်းလား လက်နက်ကိုင်အဖွဲ့ နယ်မြေရှိ ‘ဝ’တပ်ဖွဲ့များ ထပ်မံရုပ်သိမ်း

စစ်ရေးလေ့ကျင့်သည် ဆိုကာ မိုင်းလားလက်နက်ကိုင် အဖွဲ့ (NDAA) နယ်မြေသို့ ရောက်ရှိနေသည့် ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA)၏ တပ်ဖွဲ့များ ကို မတ်လ ၈ ရက်က ထပ်မံရုပ် သိမ်းခဲ့ကြောင်း နှစ်ဖက်ကိုယ်စား လှယ်များက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ရေးလေ့ကျင့်သည် ဆိုကာ မိုင်းလားလက်နက်ကိုင် အဖွဲ့ (NDAA) နယ်မြေသို့ ရောက်ရှိနေသည့် ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA)၏ တပ်ဖွဲ့များ ကို မတ်လ ၈ ရက်က ထပ်မံရုပ် သိမ်းခဲ့ကြောင်း နှစ်ဖက်ကိုယ်စား လှယ်များက ပြောကြားသည်။

‘‘အရင် ကိုးလပိုင်း ၂၈ ရက် နေ့၊ အဲဒီမတိုင်ခင်အခြေအနေ ပြန်ရောက်သွားပြီ။ ပုံမှန် အရင် တုန်းက ညီနောင်အခြေအနေ ပြန်ရောက်သွားပြီဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ လေ့ကျင့်ရေး အဖွဲ့တွေတော့ အားလုံးကုန်သွား ပြီပေါ့’’ဟု ‘ဝ’အဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မတ်လ ၉ ရက်တွင် ပြောသည်။

သို့ရာတွင် မိုင်းလားအဖွဲ့နှင့် ‘ဝ’အဖွဲ့တို့အကြား ယခင်သဘော တူညီချက်နှင့် သက်ဆိုင်နေသည့် အဖွဲ့များ ကျန်ရှိနေမည်ဟု ၎င်း က ဆိုသည်။

မိုင်းလားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က လည်း ‘‘အများစုတော့ ဆုတ်ပေး လိုက်ပြီ။ ဝေးလံတဲ့ တောင်ကုန်း ပေါ်မှာတစ်ခုပဲ ကျန်တယ်။ ကျန် တာအားလုံး ကျွန်တော်တို့ကို လွှဲ ပေးလိုက်ပြီ။ မနေ့ကပါ။ သူတို့က အထင်မလွဲအောင် ကျွန်တော်တို့ ကို ပြန်ပေးတဲ့သဘောပဲ။ ကျန် တာတော့ ပြောစရာမရှိပါဘူး’’ဟု မတ်လ ၉ ရက်တွင် ပြောသည်။

မိုင်းလားဒေသသို့ ၂၀၁၆ စက်တင်ဘာက အင်အားအလုံး အရင်းဖြင့် ရောက်ရှိလာသည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့များ ရုတ် သိမ်းရေး အစိုးရဘက်က ကြား ဝင် ဆောင်ရွက်ပေးရန် မိုင်းလား အဖွဲ့က အကူအညီတောင်းခံခဲ့ သည်။ အစိုးရငြိမ်းချမ်းရေးကော် မရှင်နှင့် ‘ဝ’အဖွဲ့တို့ ၂၀၁၆ ဒီဇင် ဘာ ပန်ဆန်း၌ တွေ့ဆုံစဉ် မိုင်း လားရောက် ‘ဝ’အဖွဲ့များ ရုတ် သိမ်းရန် ကော်မရှင်က တိုက် တွန်းခဲ့ရာ ‘ဝ’အဖွဲ့ဘက်က လက် ခံခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းလားဒေသသို့ ရောက်ရှိ လာသည့် ‘ဝ’လက်နက်ကိုင်အဖွဲ့ ၏ တပ်ရင်းလေးခုရှိရာ နှစ်ဖက် ညှိနှိုင်းမှုများ၊ ကြားဝင်ညှိနှိုင်းပေး မှုများအရ ၂၀၁၆ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် စုစုပေါင်း တပ်ရင်းသုံးခု ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီးနောက် ယခု ၂၀၁၇ မတ်လတွင် ထပ်မံရုပ်သိမ်းခဲ့သည်။

‘ဝ’ အဖွဲ့၏ တပ်ရင်းတစ်ခု တွင် ပါဝင်နိုင်သည့် တပ်ဖွဲ့ဝင် အရေအတွက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယင်းနှင့်ပတ်သက်၍ ပြည်ထောင် စုအင်စတီကျု့ဒ်မှ ဒါရိုက်တာ ဦးခွန်ဆေက ‘‘သူတို့တပ်ရင်းနဲ့ အစိုးရတပ်ရင်းနဲ့ နှိုင်းလို့တော့မရ ဘူးပေါ့။ သူတို့ (‘ဝ’အဖွဲ့)ပြောတာ က သူတို့ရဲ့ တပ်မဟာတစ်ခုကို လူနှစ်ထောင်လောက်ရှိတယ်လို့ ပြောတာကိုး။ အဲဒီတော့ တပ်ရင်း တစ်ရင်းဆိုရင်လည်း နှစ်ရာ၊ သုံး ရာလောက် ရှိမှာပေါ့’’ဟု ပြော ကြားသည်။

မိုင်းလားဒေသသို့ ‘ဝ’အဖွဲ့ များ အလုံးအရင်း လာရောက်ခဲ့မှု နှင့်ပတ်သက်၍ တပ်မတော်နှင့် ‘ဝ’အဖွဲ့တို့အကြား တင်းမာမှုဖြစ် ပေါ်ခဲ့သော်လည်း တိုက်ပွဲများ မဖြစ်ပွားရေး ဆွေးနွေးမှုများရှိခဲ့ သည်။ အစိုးရက ငြိမ်းချမ်းရေး အတွက် NCA လမ်းကြောင်း အတိုင်း ဆောင်ရွက်နေစဉ် ပြီးခဲ့ သည့် ဖေဖော်ဝါရီက ‘ဝ’လက် နက်ကိုင်အဖွဲ့ဌာနချုပ် ပန်ဆန်း တွင်ကျင်းပခဲ့သော မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ညီလာခံတွင် NCA မရေးထိုး ဘဲ ‘ဝ’ အဖွဲ့၏ ဦးဆောင်မှုနှင့် နိုင်ငံရေးဆွေးနွေးရန် ဆုံးဖြတ်ခဲ့ သည်။ ပန်ဆန်း (ပန်ခမ်း)ထိပ်သီး အစည်းအဝေးမှ မြန်မာနိုင်ငံ ငြိမ်း ချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံရေး အရ ကြိုးပမ်းမှုကို အထင်အမြင် မလွဲမှားကြရန်လည်း ‘ဝ’ အဖွဲ့ ဘက်က မတ်လ ၈ ရက်တွင် အသိပေးခဲ့သည်။

===================
251/End