၁၂ မတ် ၂၀၁၇ - ၁၆:၁၈
သူရ ဦးတင်ဦး၏ နှစ် ၉၀ ပြည့် မွေးနေ့ပွဲပြုလုပ် (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦးရဲ့ နှစ် ၉၀ ပြည့် နဝရတ်ရတုမွေးနေ့ပွဲကို မတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရ ဦးတင်ဦးရဲ့ နှစ် ၉၀ ပြည့် နဝရတ်ရတုမွေးနေ့ပွဲကို မတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

နဝရတ်ရတုမွေးနေ့ပွဲကို ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ရပ်ကွက်၊ ဗောဓိရိပ်ဿာလမ်းထဲက ခြံအမှတ် ၃၀ နေအိမ်မှာ ပြုလုပ်ခဲ့တာပါ။

မွေးနေ့မှာ မနက်ပိုင်း သံဃာတော်တွေကို ဆွမ်းကပ်ပြီး မွေးနေ့ပွဲအခမ်းအနားကို မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ အန်အယ်လ်ဒီ ပါတီအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

===================
251/End