၁၆ မတ် ၂၀၁၇ - ၁၂:၄၂
တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချွတ်ယွင်း၍ စစ်တောင်းမြစ်ကမ်းအနီး အရေးပေါ်ဆင်းခဲ့ရ

တပ်မတော်သားသုံးဦး လိုက်ပါလာသော စစ်ရဟတ် ယာဉ်တစ်စီး ပျံသန်းနေစဉ် စက် ချွတ်ယွင်း၍ စစ်တောင်းမြစ်အနီး ရှိ လယ်ကွက်ပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသော်လည်း တစ်ဦးမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်သားသုံးဦး လိုက်ပါလာသော စစ်ရဟတ် ယာဉ်တစ်စီး ပျံသန်းနေစဉ် စက် ချွတ်ယွင်း၍ စစ်တောင်းမြစ်အနီး ရှိ လယ်ကွက်ပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသော်လည်း တစ်ဦးမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သတင်းရရှိသည်။

စစ်တောင်းမြစ်ကမ်းအနီးရှိ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ကုက္ကိုကျေးရွာအုပ်စု ညောင် သာယာကျေးရွာတွင် MI-2 အ မျိုးအစား တပ်မတော် ရဟတ် ယာဉ်တစ်စီး မတ်လ ၁၅ ရက် နေ့လယ်က အရေးပေါ်ဆင်းသက် ခဲ့ရကြောင်း သနပ်ပင်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး ကပြောသည်။

‘‘စစ်တောင်းမြစ်နဲ့ ပေတစ် ထောင်အကွာလောက်က ဦးဌေး ၀င်းပိုင်တဲ့ လယ်ထဲကို ရဟတ် ယာဉ်ဆင်းတာ။ ဗိုလ်မှူးတစ် ယောက်ရယ်၊ ဗိုလ်ကြီးတစ် ယောက်ရယ်၊ တပ်ကြပ်ကြီးတစ် ယောက်ရယ်ပါတယ်။ တစ်  ယောက်မှ ထိခိုက်မှုမရှိဘူး’’ဟု ယင်းဖြစ်စဉ်ကို သိရှိသော လွှတ် တော်အမတ်တစ်ဦးက ပြော သည်။

ရဟတ်ယာဉ်သည် မြိတ် လေတပ်စခန်းမှဖြစ်ပြီး MI-2 အ မျိုးအစား၊ အမှတ် ၆၄၁၀ ဖြစ်ကာ မော်လမြိုင်မြို့မှ မှော်ဘီလေတပ် စခန်းသို့ မောင်းနှင်စဉ် သနပ်ပင် မြို့စစ်တောင်းမြစ်အနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း 7Day Daily သတင်းစာက စုံစမ်းသိရှိရသည်။

MI-2 အမျိုးအစား တပ် မတော်ရဟတ်ယာဉ်သည် တပ်မ တော်တွင်သယ်ယူပို့ဆောင်ရေး အဓိကအသုံးပြုပြီး ၂၀၁၆ ကလည်း ပျံသန်းနေစဉ် တစ်စီးပျက်ကျခဲ့ဖူးသည်။ ၂၀၁၆ ဇွန်လကပျက်ကျမှုဖြစ်စဉ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်းစဉ် ဒိုက်ဦးမြို့နယ်ပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၇၂အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင်ပါလာသည့် တပ်မတော်အရာရှိ သုံးဦးသေဆုံးခဲ့သည်။

===================
251/End