အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်အာဏာရှင်များ လက်ချက်ကြောင့် ကျောင်းသား များ သွေးမြေကျခဲ့သည့် ၀မ်းနည်း ဖွယ် အထိမ်းအမှတ်အဖြစ် (၂၉) နှစ်မြောက် တံတားနီနေ့အခမ်းအ နားကို မတ်လ ၁၆ ရက် ညနေက အင်းလျားကန်ပေါင်တွင် ကျင်းပ ခဲ့သည်။
တံတားနီအရေးအခင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသားဟောင်း၂၀ ခန့်က တံတားနီနေ့၌ ကျဆုံး ခဲ့သည့် ကျောင်းသားများအတွက် အင်းလျား ကန်ပေါင်တွင် နှင်းဆီပန်းချပြီး ဖယောင်းတိုင်များ ထွန်းကာ ၀မ်းနည်းဖွယ်အထိမ်း အမှတ် အခမ်းအနားပြုလုပ်ခဲ့သည်။ ထို့အပြင် ဂစ်တာတီး၍ ကျောင်းသား အမှတ်တရ သီချင်းများလည်း ဆိုခဲ့ကြသည်။
စစ်တပ်နှင့် လုံထိန်းများက ကျောင်းသားများအား အကြမ်း ဖက်နှိမ်နင်းခဲ့ခြင်းကို ထုတ်ဖော် ပြောကြားပြီး ယင်းသို့ ပြောကြား ခြင်းမှာ ဖြစ်ပွားခဲ့သော အခြေအ နေဆိုးများကို အပျက်ဘက်သို့ဦး တည်၍ ပြန်လည်ဖော်ထုတ်ခြင်း မဟုတ်ဘဲ သမိုင်းအမှန်ကို သိစေလို၍ဖြစ်ကြောင်း ကျောင်းသားဟောင်းများက ပြောသည်။
‘‘စက်မှုကျောင်းသားကိုဖုန်း မော် သေဆုံးတာနဲ့ပတ်သက်ပြီး အစိုးရရဲ့ မဟုတ်မမှန်ကြေညာမှု တွေကြောင့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ တက်ရောက်နေ တဲ့ ကျောင်းသားတွေအပြင် အ ပြင်ကကျောင်းသားတွေပါ မကျန် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနေ့ မှာ ကျောင်းသားတွေက ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ရှေ့မှာ စုရုံးပြီး ချီတက်လာတယ်။ ချီတက်လာတော့ အခုဒီနေရာမှာ အာဏာပိုင်တွေက တားမြစ်တယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေ က ထိုင်ပြီးတော့ သီချင်းဆိုနေ တယ်။ အဲဒီအချိန်မှာ နောက်က နေ လုံထိန်းကားနှစ်စီးက ကျောင်း သား၊ ကျောင်းသူတွေကြားထဲကို ၀င်ရောက်ပြီးတော့မှ ရိုက်နှက်ကြ တယ်။ ဖမ်းဆီးကြတယ်’’ဟု တံ တားနီအရေးအခင်းတွင် ပါဝင်ခဲ့သူ ဦးစိုင်းထင်ကျော်က ပြောကြားသည်။
‘‘ဒီနေ့ကတော့ လွန်ခဲ့တဲ့ (၂၉)နှစ်က အဖြစ်အပျက်ကို မျက်စိထဲမှာ ကွက်ကွက်ကွင်း ကွင်း မြင်နေရတာပေါ့။ ဒီကနေ့ ကတော့ ကိုယ်နဲ့အတူတူပါဝင်ခဲ့ ကြတဲ့၊ ကျောင်းသားအရေးကို လှုပ်ရှားခဲ့ကြတဲ့၊ သေဆုံးသွားတဲ့ ကျောင်းသားတွေကို သတိရတာ ပေါ့’’ဟု တံတားနီအရေးအခင်း ၌ ပါဝင်ခဲ့သူ ဒေါ်ခင်ဆွေမြင့်ကပြောသည်။
၁၉၈၈ မတ်လ ၁၃ ရက်က စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်နှင့် စက်မှုတက္ကသိုလ်ကျောင်းသားများ စုဝေး၍ ပြည်လမ်းမပေါ်ဖြတ်ကာ လှိုင်တက္ကသိုလ်သို့ ချီတက်လာစဉ် စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းခဲ့ရာ ကျောင်း သား ရာနှင့်ချီ၍ ဒဏ်ရာရသေ ဆုံးခဲ့သည်။
အဆိုပါ အကြမ်းဖက်နှိမ်နင်း မှုသည် အင်းလျားကန်ဘေးရှိ တံတားဖြူကားမှတ်တိုင်အနီး ဖြစ်ပွားခဲ့သော်လည်း ကျောင်းသားများ သွေးမြေကျခဲ့သော နေရာဖြစ်သောကြောင့် တံတားနီအရေးအ ခင်းဟု သတ်မှတ်ခေါ်တွင်ခဲ့သည်။
===================
251/End
၁၇ မတ် ၂၀၁၇ - ၁၄:၀၇
News ID: 818321
စစ်အာဏာရှင်များ လက်ချက်ကြောင့် ကျောင်းသား များ သွေးမြေကျခဲ့သည့် ၀မ်းနည်း ဖွယ် အထိမ်းအမှတ်အဖြစ် (၂၉) နှစ်မြောက် တံတားနီနေ့အခမ်းအ နားကို မတ်လ ၁၆ ရက် ညနေက အင်းလျားကန်ပေါင်တွင် ကျင်းပ ခဲ့သည်။