၁၈ မတ် ၂၀၁၇ - ၁၅:၄၉
“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ” စာအုပ် မိတ်ဆက်

သမ္မတ ဦးသိန်းစိန်လက်ထက်က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှာ နိုင်ငံရေးဆွေးနွေးမှုတာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး ရေးသားပြုစုတဲ့ “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ” စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သမ္မတ ဦးသိန်းစိန်လက်ထက်က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှာ နိုင်ငံရေးဆွေးနွေးမှုတာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး ရေးသားပြုစုတဲ့ “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ” စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီစာအုပ်ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြားကာလအထိ အရင် ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့တဲ့အချိန်မှာ ရရှိခဲ့ကြတဲ့ သင်ခန်းစာပေါင်း ၁၂၀ ကျော်ကို ကောက်နုတ်ပြီး ရေးသားထားတာလို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

မိတ်ဆက်ပွဲကို ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့အချို့နဲ့ အရင် MPC အဖွဲ့ဟောင်းက အစုအဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ” စာအုပ်ကို The Centre for Peace and Conflict Studies (CPCS) က ၂၀၁၇ ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

===================
251/End