၂၄ မတ် ၂၀၁၇ - ၁၇:၃၉
မန္တလေးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူ နဖူး သေနတ်ကျည်ထိမှန်မှု မတော်တဆဖြစ်နိုင်ဟု ရဲချုပ်သုံးသပ်

မန္တလေးမြို့ ပြည် ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သော အမျိုးသားတစ်ဦး နဖူးတည့်တည့် သေနတ် ကျည်ဆန်ထိမှန်မှုသည် လုပ်ကြံမှုမဟုတ်ဘဲ မတော်တဆမှုသာ ဖြစ်နိုင်သည်ဟု ရဲချုပ်ဇော်ဝင်းကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မန္တလေးမြို့ ပြည် ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သော အမျိုးသားတစ်ဦး နဖူးတည့်တည့် သေနတ် ကျည်ဆန်ထိမှန်မှုသည် လုပ်ကြံမှုမဟုတ်ဘဲ မတော်တဆမှုသာ ဖြစ်နိုင်သည်ဟု ရဲချုပ်ဇော်ဝင်းကပြောသည်။

‘‘အဲဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြည့်တဲ့အနေအ ထားက အက်ဆီးဒင့်(မတော်တဆ)ပါ။ ကျည်ဆန်က တစ်နေရာရာကနေ Twist ဖြစ်ပြီး မတော်တဆလာမှန်တာ။ ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး။ အဲဒီလို တော့ မတွေ့ဘူး။ အဲဒီနားမှာ လာပစ်ခတ်သံလည်း မကြားရဘူး။ သေနတ်သံလည်း မကြားရဘူး။ တစ်နေရာရာကနေ Twist ဖြစ်ပြီး လာထိတဲ့သဘောလို့ ထင်တယ်။ အဲဒီတော့ ဘယ်လို Case ကတော့ သေချာမသိရသေးဘူး’’ဟု မတ်လ၂၃ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသော အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာမူကြမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် ရဲချုပ်ဇော်ဝင်းက မီဒီယာများအား ပြောကြားသည်။

 ကျည်ဆန်အမျိုးအစားကို မေးမြန်းရာ ‘‘ကျည်ဆန်က ဘယ် က ကျည်ဆန်လဲဆိုတာကို ကျွမ်း ကျင်သူတွေနဲ့ စစ်ဆေးနေဆဲဖြစ် ပါတယ်’’ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

သေနတ်နှင့် ကျည်ဆန်သည် ပြည်သူလက်ထဲမှ လာခြင်းမဟုတ်နိုင်ဘဲ လုပ်ကြံသည့်ကိစ္စတော့ မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

 ‘‘ပြည်သူလက်ထဲကတော့ မဖြစ်နိုင်ဘူး။ စမ်းသပ်နေတာ တွေ၊ ဘာတွေ စသဖြင့်ပေါ့။ တစ်နေရာကနေ အဲသလိုမျိုး’’ဟု ရဲချုပ်ဇော်ဝင်းက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင် ယာဉ်မောင်းတစ်ဦး၏ လက်သို့ ကျည်ဆန်ထိမှန်ခြင်းကို မသိရှိဘဲ ဆေးရုံတွင်ခွဲစိတ်မှသာ ကျည်ဆန်ဖြစ်ကြောင်း သိရှိခဲ့သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်ဟု ၎င်းက နှိုင်းယှဉ်ရှင်းပြသည်။

ထို့အပြင် မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်ကလည်း ‘‘ကျည်ဆန်က ခဲဖူးပဲဆိုတော့ ဘယ်လိုအမျိုးအစားလဲဆိုတာ အတည်ပြုလို့မရဘူး။ ခဲသီးပဲ ပါလာတယ်။ ကျည်အတောင့်လိုက် ပါလာတာ မဟုတ်ဘူး။ ဘေးပတ်ဝန်းကျင်မှာလည်း အသံမကြားရဘူး။ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ မသင်္ကာတဲ့သူ တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူစစ်ဆေး ခြင်းမရှိပါဘူး။ လုံခြုံရေးကတော့ အမြဲတမ်းသတိနဲ့ သေချာစောင့် ကြည့်နေပါတယ်’’ဟု မတ်လ ၂၃ ရက်ကပြောသည်။

မတ်လ ၂၂ ရက်က အသက် (၃၅)နှစ်အရွယ် ကိုရဲဝင်းသည် ကျန်စစ်သားလမ်း အရှေ့ဘက်မှ ဆိုင်ကယ်မောင်းလာစဉ် ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ကျန်စစ် သားလမ်းရှိ ဓမ္မာရုံလမ်းဘေး ဓာတ်တိုင်အနီးတွင် ဆိုင်ကယ် ရော လူပါ လဲကျနေ၍ ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရှိခဲ့သည်။

===================
251/End