အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ တရုတ်ဒုဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလီတို့ တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ ဟိုင်နန်ပြည်နယ် ဘိုအောမြို့မှာ ကျင်းပတဲ့ အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်သို့ တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး မနေ့ညနေက ဘိုအောမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမှာ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့တာပါ။
ဆွေးနွေးပွဲမှာ မြန်မာ – တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံဆွေးနွေးပွဲကို မြန်မာဘက်က ဒုသမ္မတ ဦးမြင့်ဆွေနဲ့ အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်း နဲ့ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ပြီး တရုတ်နိုင်ငံဘက်တော့ ဒုဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလီနဲ့ ဒုတိယ၀န်ကြီးတွေအပါအ၀င် တရုတ်အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။
===================
251/End
၂၅ မတ် ၂၀၁၇ - ၁၅:၁၇
News ID: 819896