၂၇ မတ် ၂၀၁၇ - ၁၇:၂၁
သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ရရှိရေး အလုပ်သမားထောင်ချီ ဆန္ဒထုတ်ဖော်

သင်္ကြန်နှစ်သစ်ကူးကာ လရုံးပိတ်ရက် ၁၀ ရက်ရရှိရေး ရန်ကုန်အပါအ၀င် နယ်မြို့ကြီးအချို့မှ အလုပ်သမား ၃,၀၀၀ ကျော်စုပေါင်း၍ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် မတ် လ ၂၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သင်္ကြန်နှစ်သစ်ကူးကာ လရုံးပိတ်ရက် ၁၀ ရက်ရရှိရေး ရန်ကုန်အပါအ၀င် နယ်မြို့ကြီးအချို့မှ အလုပ်သမား ၃,၀၀၀ ကျော်စုပေါင်း၍ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် မတ် လ ၂၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒပြတောင်းဆိုရာတွင် ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ အပြင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ပခုက္ကူစသည့် မြို့များမှ အလုပ် သမားခေါင်းဆောင်များလည်း လာရောက်ပူးပေါင်းပြီး  အချက် သုံးချက်တောင်းဆိုခဲ့သည်။

နှစ်စဉ်သင်္ကြန်နှစ်သစ်ကူးရုံး ပိတ်ရက် ၁၀ ရက်ရရှိရေး၊ အ လုပ်သမားများနှင့် သက်ဆိုင် သော ဆုံးဖြတ်ချက်များချမှတ်ရာ တွင် အလုပ်သမား သမဂ္ဂအဖွဲ့ ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းရေး၊ မြို့ပြများတွင် အလုပ်လုပ်ကိုင် လျက်ရှိသော ကျေးလက်ဒေသမှ အလုပ်သမားများ သင်္ကြန်ပိတ် ရက်များတွင် မိသားစုများနှင့် ပြန် လည်တွေ့ဆုံရေးစသည့်အချက် သုံးချက်ကို တောင်းဆို ဆန္ဒပြ ခဲ့သည်။

‘‘နှစ်စဉ်ဆက်တိုက်သင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်ရရှိရေးအ တွက်ပေါ့။ ဒီနှစ်က အလုပ်ရှင်နဲ့ အလုပ်သမား ၀ိုင်းပြီးတော့ ညှိနှိုင်းကြတယ်။ အခုက ၁၀ ရက်ရုံးပိတ်ရက်ကရတဲ့ အလုပ်ရုံလည်းရ တယ်။ မရတဲ့အလုပ်ရုံလည်း မရ ဘူးဖြစ်နေတယ်။ အစိုးရနဲ့ အလုပ် ရှင်တွေ ရည်ရွယ်တာက ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာအောင် ရည်ရွယ်ပေမယ့် အငြင်းပွားမှုတွေပဲ ဖြစ်ပေါ်နေပြီးတော့ တကယ် တမ်းကျ မလုပ်နိုင်ဘူး ဖြစ်နေ တယ်။ အဲဒီတော့ မထူးခြားဘူး ဖြစ်နေတယ်။ ဒီနှစ်က ၁၀ ရက်ဆို ပေမယ့် နောင်နှစ်ကျ ငါးရက်ပဲဆို တော့ အလုပ်သမားတွေက အ ဆင်မပြေဘူး ဖြစ်နေတယ်’’ ဟု ဆန္ဒပြရာတွင် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် TCUM မှ ဗဟိုအလုပ်အမှုဆောင် ဦးလှဌေးက ပြောသည်။

ယခုနှစ်သင်္ကြန်ပိတ်ရက်ကို ငါးရက်သာပိတ်ပေးသည့် စက်ရုံ၊ အလုပ်ရုံများရှိသကဲ့သို့ ၁၀ ရက် ထိ ပိတ်ပေးသည့် စက်ရုံ၊ အလုပ် ရုံများလည်းရှိကြောင်း ဆန္ဒပြ တောင်းဆိုကြသည့် အလုပ်သမား များက ပြောသည်။

‘‘ကျွန်တော်တို့  စက်ရုံက သင်္ကြန် ရုံးပိတ်ရက်ကို ငါးရက် ပိတ်ထားပါတယ်။ အစိုးရက ငါး ရက်ပိတ်ထားတယ်ပေါ့။ အဲဒီ ငါး ရက်အတိုင်းပဲ ပိတ်ထားတယ်။ ကျွန်တော်တို့ကနေပြီးတော့ နှစ် သစ်ကူးရုံးပိတ်ရက်ကို အစိုးရက နေပြီးတော့ ၁၀ ရက်သာ ပိတ်ပေး မယ်ဆိုရင် အလုပ်သမားတွေရဲ့ သွားရေးလာရေးလည်း အဆင် ပြေမယ်။ စက်ရုံက အခုရှေ့တစ် ရက် နောက်တစ်ရက်ထပ်ပိတ် ပေးတယ်။ ခုနစ်ရက်နဲ့လည်း အ ဆင်မပြေဘူး။ ဘိုကလေးအောက်ဘက်ကို ပြန်ရမယ်ဆို သုံးရက် လောက်ပြန်ရတယ်။ အဲဒါနဲ့ မလုံ လောက်ဘူး။ ၁၀ ရက်ရရှိမှ လုံ လောက်မယ်။ အဲဒါကြောင့် ၁၀ ရက်ပိတ်ပေးဖို့ တောင်းဆိုတာပါ’’ ဟု YST အထည်ချုပ်စက်ရုံမှ အ လုပ်သမားခေါင်းဆောင် ကိုဇော် ၀င်းဦးက ပြောသည်။

မတ်လ ၂၆ ရက်က ပြုလုပ် ခဲ့သည့် အလုပ်သမားများဆန္ဒပြ ပွဲသည် NLD အစိုးရလက်ထက် ရန်ကုန်မြို့တွင် လူဦးရေအများ ဆုံးဆန္ဒပြတောင်းဆိုမှု ဖြစ်သည်။ ဆန္ဒပြပွဲကို နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ၁၀ နာရီခွဲ၌ ရုပ်သိမ်းခဲ့သည်။

၂၀၁၇ တွင် သင်္ကြန်ပိတ်ရက်သည် ငါးရက်သာဖြစ်သော်လည်း ၀န်ထမ်းများအား အုပ်ချုပ်ရေးနည်းလမ်းဖြင့် ဆောင်ရွက်ပေးသည့် ၁၀ ရက်အပြင် ထပ်မံပြင်ဆင်သတ်မှတ်ထားသည့် အခြားပိတ်ရက် ငါးရက်ကိုလည်း ဆက်လက်ခံစားခွင့်ရရှိမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

စက်ရုံ၊ အလုပ်ရုံများအနေ ဖြင့် သင်္ကြန်ပိတ်ရက် ၁၀ ရက်ခွင့် ပြုရန် အစိုးရက ကြားဝင်ညှိနှိုင်း ပေးမှုကို အလုပ်ရှင်အများစုက လက်ခံခဲ့ကြပြီး ပုဂ္ဂလိက၀န်ထမ်း များကို သင်္ကြန်အလုပ်ပိတ်ရက် ၁၀ ရက်ခွင့်ပြုရန် အစိုးရက မတ် လ ၁၇ ရက်တွင် ထုတ်ပြန်ထား သည်။ ယခုနှစ် သင်္ကြန်ပွဲတော်အ လုပ်ပိတ်ရက်ကို ရန်ကုန်မြို့ရွှေ လင်ဗန်းစက်မှုဇုန်ရှိ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများက ၁၀ ရက် ပိတ်မည်ဟု ကြေညာထားကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ရှိ Unique HTT အထည်ချုပ်စက်ရုံပိုင်ရှင် ဦးအေးသောင်းက ပြောသည်။

‘‘ကျွန်တော်တို့ အထည်ချုပ် စက်ရုံတော်တော်များများကတော့၊ ရွှေလင်ဗန်းစက်မှုဇုန်မှာတော့ ၁၀ ရက်ပိတ်ပြီးသား၊ တရားဝင်ကြေညာပြီးသားဖြစ်ပါတယ်။ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူ တွေသာ တစ်ရုံတလေကျန်ချင် ကျန်မှာပေါ့နော်။ ပြည်တွင်းလုပ် ငန်းရှင်တော်တော်များများက တော့ ထုတ်ပြီးသား ပြက္ခဒိန်နှစ် အတိုင်းသွားကြတာများတယ် လေ။ ပြည်တွင်းအလုပ်ရှင်တော် တော်များများကတော့ အလုပ်ရှင် အလုပ်သမားမိသားစုပုံစံအတိုင်း ဆိုတော့ ဒါတွေက သိပ်ပြီးပြဿ နာမရှိဘူးလေ။ အဓိကကတော့ နိုင်ငံတော်က ချလာတဲ့ ကြေညာ ချက်က ရှေ့တစ်မျိုးနောက်တစ် မျိုးဖြစ်နေတော့ မရှင်းတာတွေပါ နေတာ မြင်ရတယ်ပေါ့နော်။ ဒီအ ပေါ်မှာ အလုပ်သမားဝန်ကြီးဌာန က ပိတ်ပေးမယ်ဆိုလည်း စာတင် ပါ။ မပိတ်ဘူးဆိုလည်း စာတင်ပါ။ ပိတ်တယ်ဆိုရင်လည်း ပြက္ခဒိန် နှစ်အတိုင်းသွားမယ်။ အဲဒီသ ဘောတူညီချက်လေးပါပဲ’’ဟု ဦး အေးသောင်းက ပြောသည်။

အလုပ်သမားများ  ဆန္ဒပြ တောင်းဆိုခံရမှုသည် အစိုးရ၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်းမြန်မာနိုင်ငံစက်မှုလက်မှုနှင့် ၀န် ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် MICF အထွေထွေအတွင်းရေးမှူး ဦး အောင်သူက ပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရရင်အစိုးရရဲ့ အားနည်းချက်လို့ပဲ ပြောရမယ်။ မလုပ်နဲ့လို့ ကျွန်တော်မ ပြောဘူး။ သင်္ကြန်အလုပ်ပိတ်ရက် ကြီးက အရမ်းကြာတယ်ပေါ့။ လုပ်ငန်းတွေပိတ်တယ်ဆိုတော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေအ တွက် ပြဿနာရှိတာပေါ့။ ဒါကို ဖြည်းဖြည်းချင်းအချိန်ယူပြီးတော့ နားလည်အောင်ပြောရမှာပေါ့။ ဖြည်းဖြည်းချင်းညှိယူရမယ့်ကိစ္စလို့ မြင်တယ်။ အဲဒါကို သင်္ကြန်နီးမှ ကပ်လုပ်လိုက်တာပေါ့။ အဲဒါ ကြောင့် ဒီလိုဖြစ်လာတယ်လို့ မြင် တယ်။ အမိန့်ကြော်ငြာစာကို ဘယ်အဖွဲ့အစည်းတွေမှ မတိုင်ပင်ဘဲနဲ့ ထုတ်လိုက်တော့ အစိုးရအပြစ်လို့ ပဲ ပြောရမှာပဲ’’ဟု ဦးအောင်သူက ပြောသည်။

===================
251/End