၃၁ မတ် ၂၀၁၇ - ၁၅:၂၈
ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ကျပ်သန်းလေးထောင်ကျော် လွှတ်တော်ဖြတ်တောက်

လွှတ်တော်ကိုယ်စား လှယ်များကန့်ကွက်မှုကြောင့် ရန် ကုန်တိုင်းဒေသကြီးအတွင်း လုပ် ငန်းကဏ္ဍအချို့တွင် သုံးစွဲမည့် ဘဏ္ဍာငွေကို ပြန်လည်ပြင်ဆင် လျှော့ချရာ ကျပ်ငွေသန်း ၄,၂၀၀ ကျော် အပိုထွက်ရှိခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လွှတ်တော်ကိုယ်စား လှယ်များကန့်ကွက်မှုကြောင့် ရန် ကုန်တိုင်းဒေသကြီးအတွင်း လုပ် ငန်းကဏ္ဍအချို့တွင် သုံးစွဲမည့် ဘဏ္ဍာငွေကို ပြန်လည်ပြင်ဆင် လျှော့ချရာ ကျပ်ငွေသန်း ၄,၂၀၀ ကျော် အပိုထွက်ရှိခဲ့သည်။

၂၀၁၇ ရန်ကုန်တိုင်းဒေသ ကြီး၏ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းကို မတ်လ ၃၀ ရက်က လွှတ်တော်သို့တင်သွင်းခဲ့ရာ လုပ် ငန်းကဏ္ဍအချို့အတွက် သုံးစွဲရန် လျာထားသော ငွေပမာဏ များ ပြားနေခြင်းကို လွှတ်တော်ကိုယ် စားလှယ် ၁၁ ဦးက ကန့်ကွက်ဆွေး နွေးခဲ့သည်။ ထို့ကြောင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည်စိစစ်၍ လျှော့ချခဲ့ခြင်းဖြစ် သည်။

ရန်ကုန်မြို့အတွင်း ဆောက် လုပ်မည့် ရိုးရိုးလူကူးခုံးကျော်တံ တား ခြောက်စင်းအတွက် သုံးစွဲ မည့် ကုန်ကျစရိတ်ကို တစ်စင်း လျှင် ကျပ်သန်း ၁,၀၀၀ သတ်မှတ် ထားခြင်း၊ စတုဂံလူကူးခုံးကျော် တံတားတစ်စင်း ကုန်ကျစရိတ်ကို ကျပ်သန်း ၁,၇၀၀ သတ်မှတ်ခြင်း၊ အစိုးရ၏ e-Government လုပ်ငန်းအတွက် ကျပ်သန်း ၁,၀၀၀ သတ်မှတ်ထားခြင်း၊ ရန်ကုန်မြို့ တော်ဂေါက်ကွင်းအတွက် ပြင် ဆင်အသုံးစရိတ် ကျပ်သန်း ၅၅၀ သတ်မှတ်ထားခြင်းတို့ကို လွှတ် တော်ကိုယ်စားလှယ်များက များ ပြားနေသည်ဟုဆိုကာ ကန့်ကွက် ခဲ့ကြသည်။

  အဆိုပါ လုပ်ငန်းများအ တွက် မူလက လျာထားသည့် ငွေစုစုပေါင်းမှာ ကျပ်သန်း ၉,၂၅၀ ဖြစ်ပြီး လွှတ်တော်တွင် ကန့်ကွက် မှုများနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးအစည်းအ ဝေးပြုလုပ်၍ ပြန်လည်စိစစ်မှုများ ပြုလုပ်ကာ ပြင်ဆင်လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းဒေသ ကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးမြင့်သောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် ရိုးရိုးလူကူးခုံးကျော် တံတားခြောက်စင်းအတွက် ကုန်ကျစရိတ်ကို တစ်စင်းလျှင် ကျပ်သန်း ၅၀၀ သို့လည်းကောင်း၊ စတုဂံလူကုးခုံးကျော်တံတားတစ်စင်း အတွက် ကုန်ကျစရိတ်ကို ကျပ်သန်း ၁၀၀၀ သို့ လည်းကောင်း၊ အစိုးရ၏ e- Government လုပ်ငန်းအတွက် ကျပ်သန်း ၆၀၀ သို့လည်းကောင်း၊  ရန်ကုန်မြို့တော် ဂေါက်ကွင်းအတွက် ပြင်ဆင်အ သုံးစရိတ်ကို ကျပ်သန်း ၄၀၀ သို့လည်းကောင်း အသီးသီး ပြင်ဆင် လျှော့ချခဲ့သည်။

ထို့ကြောင့် မူလလျာထားငွေ ထက် ပြန်လည်ပြင်ဆင်သတ်မှတ် ခြင်းကြောင့် ကျပ်သန်း ၄,၂၅၀ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေ ပိုလျှံလာခဲ့သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေရဲ့စိစစ်နိုင်မှုကြောင့် ကျပ်သန်း ၄,၀၀၀ ကျော်ကို ပြန်ပြီး လျှော့ချနိုင်ခဲ့တယ်။ ဒါကြောင့် ပိုထွက်လာတဲ့ အဲဒီဘဏ္ဍာငွေကို တိုင်းဒေသကြီးအတွင်း လိုအပ်တဲ့အခြားနေရာတွေမှာ ဖြည့်တင်းအသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် လူကူးခုံးကျော်တံ တားများကို လာမည့်ဘဏ္ဍာနှစ်အ တွင်း ကမ်းနားလမ်းသစ်နှင့်ကမ်း နားလမ်းဟောင်းထောင့် (စဥ့်အိုး တန်းသင်္ဘောဆိပ်ဝင်ထွက်ပေါက် အနီး)တွင် တစ်စင်း၊ ကမ်းနား လမ်းအသစ်နှင့် ကမ်းနားလမ်း အဟောင်း (ဗိုလ်တထောင်စေတီ ဝင်ထွက်ပေါက်အနီး)တွင် တစ် စင်း၊ ဦးဝိစာရလမ်း(ရွှေတိဂုံဘု ရားအနောက်ဘက်မုခ်အနီး)တွင် တစ် စင်း၊ ပြည်လမ်း(အထက(၂)စမ်းချောင်းရှေ့)တွင် တစ်စင်း၊ပြည်လမ်း(၈)မိုင် ခုံးကျော်တံတားအဆင်းတွင် တစ်စင်း၊ ပြည်လမ်း ပညာရေးတက္ကသိုလ်ရှေ့တွင် တစ်စင်း၊ ဘုရင့်နောင်လမ်း၊ နာ နတ်တောလမ်းနှင့် လှည်းတန်း လမ်းဆုံနေရာတွင် စတုဂံလူကူး ခုံးကျော်တံတားတစ်စင်းတို့ကို ဆောက်လုပ်မည်ဖြစ်သည်။

 ‘‘လူကူးခုံးကျော်တံတား ခြောက်စင်းကနေ ကျပ်သန်း ၃,၀၀၀ နဲ့ စတုဂံခုံးကျော်တံတား ကနေ ပိုထွက်လာမယ့်ကျပ်သန်း ၇၀၀၊ စုစုပေါင်းကျပ်သန်း ၃,၇၀၀ ကို မြို့တော်နယ်နိမိတ် ၃၃ မြို့ နယ်အတွင်း လမ်း၊ တံတားနဲ့ဖွံ့ဖြိုး ရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီး ဦးမြင့် သောင်းက ပြောသည်။

၂၀၁၇ ရန်ကုန်တိုင်းဒေသ ကြီး၏ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းကို ရငွေနှင့်သုံးငွေ ကျပ်သန်း ၄၂၄,၂၈၀ ဒသမ ၆၆၇ သန်းဖြင့် ရေးဆွဲထားသည်။

ယင်းသို့ ပြင်ဆင်လျှော့ချပြီးနောက် လွှတ်တော် သဘောထားရယူကာ အတည်ပြုခဲ့သည်။

===================
251/End