၂ ဧပြီ ၂၀၁၇ - ၁၅:၃၃
ကြားဖြတ်ရွေးကောက်ပွဲရလဒ်များ ယနေ့မှသာ ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြော

ကြားဖြတ်ရွေး ကောက်ပွဲ မဲစာရင်းရလဒ်များနှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဧပြီ ၂ ရက်)တွင် ထုတ်ပြန်ကြေညာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကြားဖြတ်ရွေး ကောက်ပွဲ မဲစာရင်းရလဒ်များနှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဧပြီ ၂ ရက်)တွင် ထုတ်ပြန်ကြေညာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကပြောကြားသည်။

မြို့နယ် ၂၂ မြို့နယ်ရှိ မဲဆန္ဒ နယ် ၁၉ နေရာမှ မဲစာရင်းရလဒ် များနှင့် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို မူလ က ဧပြီ ၁ ရက်တွင် ထုတ်ပြန်ကြေ ညာရန် သတ်မှတ်ခဲ့သော်လည်း သက်ဆိုင်ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ မဲရလဒ်ပုံစံ(၁၉) တင်ပြမှုများ နောက်ကျသဖြင့် ယင်းကဲ့သို့ ပြောင်းလဲ ထုတ်ပြန်ခဲ့ရခြင်းဖြစ် ကြောင်း ဦးလှသိန်းကပြောသည်။

ယင်းကဲ့သို့ အချိန်မီထုတ် ပြန်ရန် နောက်ကျခဲ့သဖြင့်တောင်း ပန်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

‘‘ယခုအချိန်အထိ သက် ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များထံသို့ ပေးပို့ရမယ့် လွှတ်တော် ကိုယ်စားလှယ်များ ရရှိတဲ့ ဆန္ဒမဲ ရလဒ်စာရင်းပုံစံ (၁၉) တွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများက ပြုစုနေဆဲဖြစ်ပါ တယ်’’ ဟု ၎င်းက ဧပြီ ၁ ရက် ည ၉ နာရီတွင် ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် လောင်းများရရှိသော ဆန္ဒမဲရလဒ် ပုံစံ(၁၉)ကို သက်ဆိုင်ရာ ပြည် နယ်ရွေးကောက်ပွဲကော်မရှင် အ ဖွဲ့ခွဲများက စာရင်းပြုစုပြီး တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်မှ ထပ်မံပေးပို့ပြီးမှသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ၄၉ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင် မြှောက်ခံရသော ပုဂ္ဂိုလ်၏ အ မည်စာရင်းကို ထုတ်ပြန်ကြေညာ ရခြင်းဖြစ်သည်ဟု ကော်မရှင် ဥက္ကဋ္ဌကဆိုသည်။

‘‘သက်ဆိုင်ရာ မြို့နယ်ကော် မရှင်အဖွဲ့ခွဲများက ပုံစံ(၁၉)များ အတည်ပြု ပေးပို့ပြီးမှသာလျှင် ကျွန်တော်တို့က တရားဝင် လွှတ် တော်ကိုယ်စားလှယ် အမည်ကို ကြေညာပေးရမှာ ဖြစ်ပါတယ်’’ ဟု ဦးလှသိန်းကပြောသည်။

၎င်းက‘‘ကျွန်တော်တို့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၁၅ မှာ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်ကို ကျွန်တော်တို့အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ် ကြောင်း တင်ပြလိုပါတယ်’’ ဟု ဆက်လက်ပြောကြားသည်။

ဧပြီ ၁ ရက်က ကျင်းပခဲ့ သော ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါတီ ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦးအပါအ၀င် ကိုယ်စားလှယ် ၉၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 ယင်းသို့ ကြားဖြတ်ရွေး ကောက်ပွဲရလဒ်ကို ညတွင်းချင်း ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယခင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ညတွင်း ချင်း မဲရလဒ်အချို့ကို ထုတ်ပြန် နိုင်ခဲ့သည့် အခြေအနေနှင့် နှိုင်း ယှဉ်၍ ဝေဖန်မှုများရှိနေသည်။

===================
251/End