အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထန်တလန်မြို့နယ် တွင် အနိုင်ရသည့် ဒီချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းကို ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP)ကိုယ်စားလှယ်လောင်းက ဒီချုပ်မြို့နယ်ရုံးသို့ သွားရောက်၍ ၀မ်းသာကြောင်းဂုဏ်ပြုခဲ့သည်။
ဧပြီ ၁ ရက် ည ၉ နာရီ နောက်ပိုင်း ရရှိထားသော နောက် ဆုံးမဲရလဒ်များအရ ဒီချုပ်ကိုယ် စားလှယ်လော�E1��ှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါ တီ�ို မဲရ လဒ် ၃,၀၀၀ ကျော်ဖြင့် အနိုင်ရခဲ့ သည်။
ထန်တလန်မြို့နယ်တွင် ဒီ ချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါ တီတို့ ၀င်ပြိုင်ခဲ့ကြသည်။ ဧပြီ ၁ ရက် ညအထိ ရွာပေါင်း ၉၀ တွင် ဒီချုပ်မှ ၈,၆၁၇ မဲ၊ ချင်းပါတီ က ၅,၇၄၃ မဲနှင့် ပြည်ခိုင်ဖြိုးက ၅,၂၁၂ မဲ ရရှိထားသည်။
မဲရေတွက်ရန် ရွာ ၅ ရွာကျန် သေးသော်လည်း လက်ရှိ မဲကွာ ခြားချက်ကို ကျော်လွန်နိုင်တော့ မည် မဟုတ်ကြောင်း ဒီချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးဘွဲ့ခိန်း က ပြောသည်။
‘‘ကျွန်မ ဒီရလဒ်ကို ကောင်း ကောင်းကြီး လက်ခံပါတယ်’’ ဟု CNDP မှ ကိုယ်စားလှယ်လောင်းဒေါ်ဇာတလဲမ်းက ပြောသည်။
ထန်တလန်မြို့နယ်တွင် မဲ ပေးခွင့်ရှိသူ ၂၈,၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၉၀ ကျော်ရှိသည်။ ကြားဖြတ် ရွေးကောက်ပွဲကို ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဟု မဲရုံမှူး အများစုက ဆိုသည်။ မွန်း တည့် ၁၂ နာရီ မတိုင်မီကပင် မဲ ပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းမဲပေး ပြီး ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်သည် အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော် နှစ်နေရာစလုံးကို ဒီချုပ်ပါ တီက အနိုင်ရခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဟင်နရီဗန်ထီးယူ သည် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် လစ်လပ်မဲဆန္ဒနယ်မြေဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
===================
251/End
၂ ဧပြီ ၂၀၁၇ - ၁၆:၁၄
News ID: 821484
ထန်တလန်မြို့နယ် တွင် အနိုင်ရသည့် ဒီချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းကို ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP)ကိုယ်စားလှယ်လောင်းက ဒီချုပ်မြို့နယ်ရုံးသို့ သွားရောက်၍ ၀မ်းသာကြောင်းဂုဏ်ပြုခဲ့သည်။