၇ ဧပြီ ၂၀၁၇ - ၁၃:၀၇
ဘာသာတရားအချင်းချင်း လေးစားလိုက်နာရေးအပါအဝင် အချက်လေးချက်ကို ဘာသာပေါင်းစုံခေါင်းဆောင်များ ထုတ်ပြန်

၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲကို ပဲခူးမြို့တွင် ပြု လုပ်ပြီး ဘာသာရေးခေါင်းဆောင် များက အချက်လေးချက် ပါဝင် သော သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲကို ပဲခူးမြို့တွင် ပြု လုပ်ပြီး ဘာသာရေးခေါင်းဆောင် များက အချက်လေးချက် ပါဝင် သော သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဧပြီ ၆ ရက်တွင် ပဲခူးမြို့၌ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူ ငယ်များဦးဆောင်ကျင်းပသော ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲ၌ ပဲခူးတိုင်း သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအရှင်သူရိယ၊ အောင်ဇေယျာစာသင်တိုက် ဓမ္မာ စရိယဆရာတော် အရှင်သာသနာ သီရိ၊ ဟိန္ဒူနယ်လှည့် ဓမ္မကထိ က ဆရာဦးဆန်းမင်းနိုင်၊ အစ္စ လာမ်ဘာသာမှ ဆရာဦးအေး လွင်၊ မြန်မာနှစ်ခြင်းအသင်းတော် မှ ဆရာဦးစောရွှေဒုံးနှင့် သံဇူဇယ် ကက်သလစ်ရဟန်းဖြစ် ကျောင်း အုပ်ကြီး Rev.Fr Jerome တို့ ဦးဆောင်ဟောပြောခဲ့ပြီး ယင်း ဘာသာရေးခေါင်းဆောင်များက သဘောထားကြေညာချက် ထုတ် ပြန်ခြင်းဖြစ်သည်။

သဘောထားကြေညာချက် မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ မတူခြားနားသော ဘာသာတရားအချင်းချင်း အပြန်အလှန် လေးစားလိုက်နာရေး၊တရားဥပဒေစိုးမိုးမှုအောက်တွင် ဘာသာတရားအားလုံး အစိုးရက တန်းတူညီတူ စောင့်ရှောက်ကာကွယ်ပေးနိုင်ရေးနှင့် အဓိကရုဏ်းများဖြစ်ပေါ်စေသည့် ကောလာဟလသတင်းများကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ တားဆီးဟန့်တားပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ဖြစ်သည်။

ဘာသာရေးကို အသုံးချနေ သူများ၏ လုပ်ရပ်မှ ကင်းဝေးစေ ရန်နှင့် တစ်ဦးနှင့်တစ်ဦးကြား ယုံ ကြည်မှုများ ရစေရန် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးပွဲများ မကြာခဏ ပြုလုပ်သင့်ကြောင်း အခမ်းအနားကို ဦးဆောင်ဟောပြောသည့် ဘာသာရေးခေါင်းဆောင်များက ပြောကြားသည်။

‘‘အခုလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲကြီး ပြုလုပ်တယ် ဆိုတာကတော့ ကောင်းမွန်တဲ့ အခမ်းအနားကြီးတွေပါ။ ဒီအခမ်း အနားတွေကို တစ်နှစ်မှတစ်ခါ လောက် မဟုတ်ဘဲနဲ့ မကြာမကြာ ပေါ့။ မကြာမကြာ ဘာသာရေး ခေါင်းဆောင်တွေ အချင်းချင်း ညှိ နှိုင်းတိုင်ပင်ကြမယ်ဆိုလို့ရှိရင် နိုင်ငံတော်ကြီးဟာ ငြိမ်းချမ်းသာ ယာမှုတွေနဲ့ပဲ ပြည့်နေမှာပါ။ ဒါကြောင့် မကြာမကြာ ယခုလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အခမ်းအနားကြီးကို ဆောင်ရွက် နိုင်ကြမယ်ဆိုရင် ဒီထက်မက ကောင်းမှာပါ’’ဟု ဒေါက်တာအရှင်သူရိယက မိန့်ကြားသည်။

‘‘ဘာသာယုံကြည်မှုဆိုတာ ဟာ အင်မတန်မှ အကဲဆတ်ပါ တယ်။ ထိလွယ်၊ ရှလွယ်ပါတယ်။  ဒီ့ပြင်ကိစ္စရပ်များမှာဆိုရင်၊ အဲဒီ ယုံကြည်ကိုးကွယ်ရာနဲ့ပတ်သက် ပြီဆိုရင် ဆတ်ဆတ်ထိမခံနိုင်ပါ ဘူး။ ဒါကြောင့် မသမာသူများဟာ ဖောက်ခွဲချင်ပြီဆိုရင် ဘာသာရေး ကို စနက်တံအဖြစ် အမြဲအသုံးပြု ပါတယ်။ ဘာသာတရားသည် ပြဿနာမဟုတ်ပါဘူး။ ပြဿနာ က ဘာလဲဆိုတော့ ဘာသာရေး ကို တလွဲအသုံးချနေသူများပါ။ ဘာသာသာသနာဟာ ဒီနေ့ပြန် ပေးဆွဲခြင်းခံထားရပါတယ်။ ဘာ သာ သာသနာကို ကျွန်တော်တို့ အကြောင်းပြုပြီးတော့ကာ ဖုံး ကွယ်နေတဲ့ မိမိတို့ရဲ့ အင်မတန် ကို ယုတ်ညံ့သော အစီအမံများ အကောင်အထည်ပေါ်စေရေး အတွက် တူးဆွပြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဘာသာကို တလွဲ အသုံးချနေသူများရဲ့ လုပ်ရပ်က ကင်းဝေးစေရန် ကာကွယ်ဆေး တွေ ထိုးဖို့လိုပါတယ်။ အဲဒီကာ ကွယ်ဆေးကတော့ ကျွန်တော်တို့ ခဏခဏ တွေ့ဆုံကြရင် ဘာသာ သာသနာ တစ်ဦးနဲ့တစ်ဦး အကြောင်း သိလာမှာပါ’’ဟု အစ္စ လာမ်ဘာသာမှ ဆရာဦးအေးလွင် က ပြောကြားသည်။

ဘာသာပေါင်းစုံ ဆုတောင်း ပွဲကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းအပါအဝင် ရဟန်းသံဃာ တော်များ၊ ဘာသာပေါင်းစုံမှ လူ ပုဂ္ဂိုလ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တစ်ဦးနှင့် တစ်ဦး မတူကွဲပြားမှုအပေါ် ဆန့် ကျင်ပြောဆိုမှုများသည် နားလည် မှုအားနည်းခြင်းကြောင့် ဖြစ်သည် ဟု ဦးဝင်းသိန်းက ပြောသည်။

‘‘ဘာမဟုတ်တဲ့ ပြဿနာ လေးအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ထိခိုက်စော်ကားမှု တွေ ဖြစ်ကြပါတယ်။ အထူး သဖြင့် ကျွန်တော်တို့တစ်တွေ သည်းခံခြင်းတရားတွေ နည်းပါးရ ခြင်းဟာလည်းပဲ ဒီအသိကို အခြေခံတဲ့ သဘောတရားတွေ အားနည်းတယ်လို့ပဲ ပြောလို့ရပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေးကိစ္စရပ်တွေမှာလည်း ဒီ ဟာကို ထည့်သွင်းရဦးမှာဖြစ်ပါ တယ်။ ကျောင်းသားတွေ၊ လူငယ် တွေကို အများအပြားကို ဘာသာ နဲ့ပတ်သက်တဲ့ မတူကွဲပြားမှုတွေ မှာ နားလည်မှုတွေ များများပေး နိုင်လေလေ ကျွန်တော်တို့ လို လားတောင့်တတဲ့ ဒီမတူကွဲပြား တဲ့ ဘာသာတွေကြားထဲမှာရှိတဲ့ နားလည်မှုကို ပေါ်ထွန်းလာမယ့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်း လာမယ်လို့ ယုံကြည်ပါတယ်’’ဟု ဝန်ကြီးချုပ်က ပြောသည်။

‘‘ကျွန်တော့်ရဲ့ ကိုယ်ပိုင်သုံး သပ်ချက်ကို ပြောရလို့ရှိရင်တော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အ ခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက သင်နဲ့ငါ ဆက်ဆံရေးဖြစ်ပါတယ်’’ ဟု သံဇူဇယ်ကက်သလစ်ရဟန်း ဖြစ်ကျောင်းအုပ်ကြီး Rev.Fr Jerome က ပြောကြားသည်။

ဘာသာပေါင်းစုံ ဆုတောင်း ပွဲကို သီတဂူဆရာတော် ဒေါက် တာအရှင်ဉာဏိဿရအား ဖိတ် ကြားထားသော်လည်းခရီးလွန်နေ ၍ မကြွရောက်ဖြစ်ခဲ့ဘဲ ငြိမ်း ချမ်းရေးသြဝါဒကထာ သဝဏ် လွှာခုနစ်ချက်ကို ဆရာတော်က ပေးပို့ခဲ့သည်။

===================
251/End